ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များတွင် ကွန်ပျူတာပါရဂူ (PhD-IT) သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ ပါရဂူဘွဲ့အကြို သင်တန်းများကို ဇွန်လ ၆ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သည်။
တက်ရောက် လိုသူများ အနေဖြင့် ကွန်ပျူတာ ဘာသာရပ် (သို့မဟုတ်) သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ် အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခု ရရှိသူပြီးသူများ တက်ရောက်နိုင် မည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင် မည်ဖြစ်သည်။ သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ် ရမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation ကို တင်ပြနိုင်ရမည်ဖြစ်သည်။
သင်တန်းမှာ အချိန်ပြည့် သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နှင့် သုတေသနကျမ်းပြု နှစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထား သူများသည် အရည်အချင်းစစ် ၀င်ခွင့် စာမေးပွဲအတွက် မေလ ၂၃ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များ၌ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီအထိလည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ လည်းကောင်း ဖြေဆိုရမည် ဖြစ်သည်။
ရေးဖြေစာမေးပွဲအောင်မြင်ပြီးသူများသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်များတွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်များတွင် လူတွေ့ဖြေဆို ရမည်ဖြစ်ပြီး အိုင်တီနယ်ပယ်တွင် လုပ်သက် အတွေ့အကြုံ ၁၅ နှစ်နှင့်အထက်ရှိပြီး အိုင်တီ ဘာသာရပ်တွင် မဟာဘွဲ့တစ်ခုခု ရရှိပြီးသူများသည် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန်မလိုဘဲ သီးခြားလျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်လွှာများကို မေလ ၈ ရက် နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဖုန်း-၀၁-၆၁၀၈၈၉၊ ၆၁၀၆၅၅ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် ဖုန်း- ၀၉၆၅၀၅၀၁၂၊ ၀၉၆၅၀၂၂၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။

Internet Journal
http://www.internetjournal.media/news/2352
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Facebook Messenger ကို ဗီဒီယို chat ဖြင့် အသုံးပြုနိုင်မည် Acer Aspire E1-510P-2671 Laptop Review ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်