ဘ၀မှာ အမြဲ အမှတ်တရ ရှိခဲ့တဲ့ ကျနော် ရိုက် သော ဓာတ်ပုံများ ..... ( ၂ )
ဒီ တပုံလဲ ဟင်္သာတမှာ ရိုက်ထားတဲ့ပုံ ပဲ.... ဟင်္သာတ က ကျနော့် အောင် မြေ လို့  ပြော ရ မ လား ပဲ.... ကျနော့် ဘ၀ ကြီး တခု လုံး ကို ပြောင်း လဲစေ တဲ့ ပုံ တွေ က အဲ့ မှာ ရိုက် တာ များ လို့ ..... ကျနော့် Canon 40D လေး ကို အကြွေး နဲ့  ၀ယ် ပြီး ပြီး ခြင်း ဓာတ် ပုံ ပြိုင် ပွဲ တခု ၀င် ပြိုင် ချင် တာ နဲ့ ဟင်္သာတ ဘက် ကို ခရီး ထွက် ပြီး ဓာတ် ပုံ သွား ရိုက် တာ ပေါ့..... ပြိုင် ပွဲ နာမည် က နွေဦးအလှ တဲ့ Canon Club က ကျင်း ပ ပေး တာ.... အပြင် ပွဲ တွေမှာ ဆု က လဲ တ ခါ မှ မရဘူး တော့ ရ ချင် တာ ပေါ့... အဲ့ ဒါ တ ယောက် တည်း လဲ ခရီး ထွက် တာ ပဲ.... ဓာတ် ပုံ ရိုက် တဲ့ အတွေ့  အကြုံက တော့ မရှိ သေး ဘူး .... မရှိ ဆို ဓာတ် ပုံ အသင်း က နေ သင်တန်း ဆင်း ပြီး ပြီး ခြင်း ကိုး .... ဒီ ပုံ က အပိုင်း ( ၁ ) က နွား လှည်း ပုံ ထက် ပို စော တယ်.....

ကျနော်ဟင်္သာတ ရောက် သွား တော့ အမှတ် ရ သေး တယ် ဧပရယ် လကြီး... နွေဦးအလှ ဆို တော့ ဘာ ရိုက်ရမှန်းမသိ.... ဒါ နဲ့  ကျနော့် ရဲ့  အရင်းနှီးဆုံးမိတ်ဆွေက ဆိုင် ကယ် နဲ့  လိုက် ပို့  ပေး တယ်.... ဘယ် သွား မ လဲဆို တော့ ကျနော် က လဲ ရေ တွေရှိ တဲ့ ဘက် လိုက် ပို့  ပေး လို့ ..... ဟင်္သာတ က နေ နတ် မှော် ဘက် ကို လိုက် ပို့  ရော... နတ် မှော် တံ တား ရောက် တော့ အောက် မှာ ချောင်း သေး သေး လေး ရှိ တယ်.... ကျနော် လဲဆိုင် ကယ် ပေါ် က ဆင်း တံတား ပေါ် လမ်း လျောက် ပြီး ကြည့် နေ တာ ...ဘယ် လို ရိုက် ရင် ကောင်း မ လဲ ပေါ့ .... အောက် မှာ လဲ ဘယ် သူ မှ မရှိ ဘူး... ရေ ချိုး ဖို့  လုပ် ထား တဲ့ ရေကပြင် လေး ပဲတွေ့ တယ်.... အ၀တ် လျော် တဲ့ သူ တွေ ဘာ တွေ လဲမရှိ.... ချောင်း ရဲ့  ရေအရောင် က နွေ ရာသီ မို့  လို လား မသိ သိပ် လှတာ ပဲ... စိမ်း စို နေ တာ .. .ကျနော် လဲ ရိုက် ချင် တာ ပဲသိ တယ်...ဘယ် လို ရိုက် ရမှန်း မသိ ဘူး ဖြစ် နေတာ... လှ တာ တော့ တအား ပဲ.... မနက် ၁၀ နာ ရီ လောက် ရှိ နေ ပြီ....ဒါ နဲ့  ဟို ကြည့် ဒီ ကြည့် နာရီ ၀က် လောက် စောင့် လိုက် တော့ အ၀တ် လျော် တဲ့ သူ တွေ ရောက် လာ ရော... သူ တို့  က လဲရေက ပြင် အစပ် နား မှာ ပဲ လျော် နေ တော့ ရိုက် ရတာ မ လှ...မလှ ဆို ကျနော့် မှာ က Tele Lens မ ရှိ ဘူး ဗျ.... အဲ့ တုန်း က Canon 40D တောင် မှ Kit Len 18 ~55 mm lens တလုံး ပဲရှိ တယ်... တခြား ဘာ Lens မှ မ ရှိ ဘူး .... အဲ့  တော့ ကျနော် က လဲ 18 ~55 lens နဲ့ ရိုက် လို့  ရတာ ပဲစဉ်းစား တယ်.... Tele နဲ့ ရိုက် လို့  ရ တာ မစဉ်းစား တော့ဘူး.... ကိုယ့် မှာ ရှိ တဲ့ ပစည်း နဲ့  ဘယ် လို ရိုက် မ လဲဆို တာ ပဲ စဉ်းစား တယ် ... ခဏနေ တော့ ကျနော့်အတွက် ကံ ကောင်း မှု တွေဖြစ် လာ တာ...ပုံ မှာ တွေ့  တဲ့  ကလေး လေး ယောက် က ရေ လာ ချိုး ကြ ရော... ကျနော် က လဲ ကင်မရာကိုင် ပြီး ဟို ရိုက် ဒီရိုက် ဆို တော့ ကျနော့် ကို သူ တို့  က လှမ်း ကြည့် တယ်... ဒါ နဲ့  ကျနော် က ဓာတ် ပုံ ရိုက် ချင် လို့  ခုန် ပေး မ လား ပေါ့...သူ တို့  က လဲလို လို ချင် ချင် ပဲ တယောက် တ ထောင် ပေး ရင် ခုန်ပေး မယ် တဲ့ အို ကေ ပေါ့.... ကျနော့် အဲ့ တုန်း က ဘာ လို့  အဲ့ လို ခုန် ခိုင်း လဲဆို တာ ပြန် စဉ်းစား လို့  မ ရဘူး .... ကျနော် အဲ့ တုန်း က ဓာတ် ပုံ စ ရိုက် ခါ စ ဆို တော့ အမှန် တိုင်း ပြော ရရင် Compostiton တို့  Apature တို့  Shutter speed တို ့ကို သေ ချာ နား လည် တာ မဟုတ် သေး ဘူး .... P mode နဲ့  ရိုက် တာ ပဲ... ရိုက် ချင် တာ ပဲသိတာ...တခု တော့ ရှိ တယ်... အဲ့ တုန်း က အင် တာ နက် က ဆိုင် တွေမှာ သုံး လို့  ရ ပြီ ဆို တော့ နိုင်ငံတကာ က ဓာတ် ပုံ ဆရာ တွေ ရိုက် သ မျှ ပုံ တွေ အကုန် ဆေ့ ပြီး တ နေ့  တနေ့  ထိုင် ကြည့် နေ တာနေ့  တိုင်း ပဲ...အဲ့ ဒါ တော့ ရှိ တယ်... အဲ့ က နေ Inspiration ရတယ် လို့  တော့ ထင် တယ်... အခု မှ စ ရိုက် တဲ့ သူ တွေ လဲအဲ့ လို သာ လေ့  လာ ပါ .... အရမ်း အကျိုး ရှိ တယ်... ကျနော် အခု ထိ အားရင် သူ များ ရိုက် တဲ့ ပုံတွေထိုင် ကြည့် တာ ပဲ..... အဲ့ ပြော နေ တာ လမ်း ကြောင်း ချော် သွား ပြီ.... ကလေး တွေ ကို တယေက် တထောင် ပေး ပြီး ခုန်ခိုင်း တော့ သူ တို့  က ရိုး ရိုး ပဲခုန် ကြ တာ ပေါ့... ဒါ နဲ့  ကျနော် က တယော် နဲ့  တယောက် ပုံစံ မတူ အောင် ခုန်ကြ ဆို ပြီး ငါး ခါ လောက် ခုန်ခိုင်း လိုက် တာ... အခု လို ပုံ လေး ရ တာ ပေါ့ ဗျာ ... အရိပ် က အဲ့ လို ပေါ် မယ် မှန်း လဲ မသိ ဘူး ဗျ......ရိုက် တော့ မှကျနော် ကံ ကောင်း ပြီး ရ တာ ပေါ့ လေ.... ဘာ မှ နား မလည် သေး တဲ့ အချိန် ကိုး..... ဒီ ပုံ လေး က ကံကောင်း တာ တော့ မပြော ပါ နဲ့  ဗျာ... ကျနော် နွေဦးအလှ ပြိုင် ပွဲ မှာ လဲဆု ရ သလို .... ကျနော့် ဘ၀ရဲ့  ပထမဦး ဆုံး နိုင်ငံတကာ ခရီး ဖြစ် တဲ့  အင် ဒို နီး ရှား နိုင်ငံက လုပ် တဲ့Garuda Air line ဓာတ် ပုံ ပြိုင် ပွဲ ရဲ့  Grand Finale ကို လဲ မြန်မာ နို်င်ငံ ကိုယ် စား ပြု သွား ရောက် ယှဉ် ပြိုင် ခွင့်  ရခဲ့ တဲ့ ပုံလေး ဖြစ် ခဲ့ ရတာ ပေါ့ ဗျာ.. အဲ့ပြိုင်ပွဲ သွား ပြီး တဲ့ အခါ မှာ တော့ ကျနော့် ဘ၀ ဟာ အရင် က ထက် အများ ကြီး ပြောင်း လဲ ပြီး ကံကောင်း မှု တွေ စ တင် ခဲ့ ရတာ ပါ... နောက် များေ တာ့ အဲ့ အကြော်ငး ရေး ပါ့ မယ် ... အဲ့  တော့ ကျနော် ပြော ချင် တာ က ကိုယ် က အခု မှ စ ရိုက် လဲနိုင်ငံတကာ ပွဲ တွေကို ၀င် သာ တိုး မကြောက် နဲ့  ဓာတ် ပုံ ရိုက် သက် နု လဲ ကိုယ့် ပုံ ကောင်း ရင် ဆု ရ မှာ ပဲ လေ...များ များ သာ ရိုက်....သူ များ ၇ိုက် တဲ့ ပုံ တွေကို အား တိုင်း ထိုင် ကြည့် ဗျာ.... တနေတော့ ဖြစ် လာ မှာ ပါ.... မြန် မာ ဓာတ် ပုံ ဆရာ တွေ ကို နိုင် ငံတကာမှာ အောင် မြင်တဲ့ ဓာတ် ပုံ ဆရာ တွေ အဖြစ် အမြဲ မြင် တွေ့  ချင် ပါ တယ် လို့  ဆန္ဒ ပြု ရင်း...........
အား လုံး ကျေးဇူး ပါ ခင် ဗျား...
Credit: Ko Aung Pyae Soe
https://www.facebook.com/apsoe
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အဝတ်လျှော်နည်း လျို့ဝှက်ချက်များ Acer Aspire E1-510P-2671 Laptop Review ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) How to Root Zenfone 5 Lollipop Acer Aspire E1-510P-2671 Laptop Review ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်