အချိန်ကောင်း...
ေထာင်ကျနေတဲ့ လူတစ်ယောက်ဟာ ဇနီးသည်ထံက အောက်ပါအတိုင်း ရေးထားတဲ့ စာတစ်စောင် လက်ခံ ရရှိခဲ့တယ်...
"ယောကျ်ား... ကျမတို့အိမ်ရဲ့ အနောက်ဘက် ခြံထဲမှာ ဆလတ်ရွက်တွေ စိုက်ပျိုးဖို့ ဆုံးဖြတ်ထားတယ်... ဘယ်အချိန်မှာ စိုက်ပျိုးရင် ကောင်းမလဲ..."
ထောင်မှာ ဝင်ထွက်နေတဲ့ စာမှန်သမျှကို ထောင်စောင့်တွေက ခိုးဖတ်တာကို သိထားတဲ့ အကျဉ်းသားက ဇနီးဖြစ်သူကို အကြောင်းပြန်လိုက်တယ်...
"ချစ်ဇနီး... တခြား ဘာပဲလုပ်လုပ် အိမ်နောက်ဘက်က ခြံကိုတော့ မထိပါနဲ့ကွာ... ကိုယ့်ရွှေတွေအားလုံး အဲဒီနေရာမှာ မြုပ်ထားလို့ပါ..."
တပတ်လောက် ကြာပြီးတဲ့နောက် အကျဉ်းသားဟာ ဇနီးသည်က ပို့လိုက်တဲ့ နောက်ထပ် စာတစ်စောင်ကို အောက်ပါအတိုင်း လက်ခံ ရရှိခဲ့တယ်...
"ဘာတွေ ဖြစ်ကုန်ပြီလဲဆိုတာ ရှင်သိလား... လူတစ်အုပ် ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့ ကျမတို့အိမ်ကို ရောက်လာပြီး အနောက်ဘက် ခြံတစ်ခြံလုံး တူးဆွသွားကြတယ်..."
ဒါနဲ့ အကျဉ်းသားလည်း နောက်ထပ် စာတစ်စောင်ရေးပြီး ဇနီးသည်ကို အကြောင်းပြန်လိုက်တယ်...
"ချစ်ဇနီး... ယခုအချိန်ဟာဆိုရင် ဆလတ်ရွက်တွေ စိုက်ပျိုးဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်တယ်....။"
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) သတိထားရမည့် Dry Drowning နှင့် Secondary Drowning... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောက်သို့) စကားကြီး ၃ ခွန်း... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'