Control Your Speed Next Time....
ညအချိန် လမ်းပေါ်က အရက်မူးသမား ၃ ယောက် တက္ကစီတစ်စီးကို တားလိုက်တယ်... တက္ကစီ ဒရိုင်ဘာက ကားရပ်ပြီး သူတို့ကို တံခါး ဖွင့်ပေး လိုက်တယ်... ၃ ယောက်စလုံး အရက် အလွန်အကျွံ မူးနေကြတာကို သတိပြုမိလိုက်တဲ့ ကားသမားက ကားခမြန်မြန်ရအောင် ရိုက်စားလုပ်ဖို့ ဆုံးဖြတ် လိုက်တယ်... ကားစက်ကို နှိုးလိုက်ပြီး စက်ကို ရုတ်တရက် ပြန်သတ်လိုက်တယ်... အဲဒီနောက် တက္ကစီမောင်းသမားက... "ခင်ဗျားတို့ပြောတဲ့ နေရာကို ရောက်ပါပြီဗျာ..." လို့ ပြောလိုက်တယ်...
ပထမအမူးသမားက ကားခထုတ်ပေးလိုက်တယ်... ဒုတိယ အမူးသမား ကတော့ ကျေးဇူးတင် စကားပြောပြီး... တတိယအမူးသမားကတော့ ကားသမားကို လက်နဲ့ဖြတ်ရိုက်လိုက်တယ်... ကားသမားလည်း အံ့အားသင့် သွားတယ်... ဒီအမူးသမားကတော့ သူ ရိုက်စားလုပ်လိုက်တာကို သိသွားပြီလို့ စဉ်းစားလိုက်ပြီး... "ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ ရိုက်တာလဲ..." လို့ မေးလိုက်တယ်...
ဒီအခါ တတိယအမူးသမားက... "နောက်တစ်ခါဆို ခင်ဗျားရဲ့ကားကို အရှိန်လျှော့မောင်းပါ... ဒီမှာ ကျုပ်တို့ သေတော့မယ်ဗျ..." လို့ ဆိုလိုက်လေ သတည်း......။
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) သေခြင်းတရား စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Lesson Learnt from an Eagle.... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို