ဒုတိယကွန်ဂိုစစ်က ပေးတဲ့သင်ခန်းစာ...
ဒုတိယ ကွန်ဂိုစစ်ပွဲဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး... ၂၀၀၃ ဇူလိုင်လမှာ တရားဝင် ပြီးဆုံးခဲ့ပါတယ် (တစ်ချို့က ၂၀၀၂ မှာ တရားဝင် ပြီးဆုံး တယ်လို့ ဆိုပါတယ်)... ဒါပေမဲ့ မငြိမ်သက်မှုတွေတော့ ဆက်ပြီး ရှိနေခဲ့ပါတယ်...
တရားဝင် စစ်ပွဲပြီးဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်းမှာ တရက်ကို လူပေါင်း (၁၀၀၀)ခန့် နေ့စဉ် သေဆုံးနေပြီး... လစဉ် သေဆုံးသူ ဦးရေပေါင်း (၄၅,၀၀၀)ခန့် ရှိတယ်လို့ ဆိုပါတယ်... သေဆုံးသူ အများစုဟာ ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်... သေဆုံးသူ ထက်ဝက် ခန့်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်...
စစ်ပွဲကာလအတွင်းနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း၂၀၀၈ ခုနှစ် ကာလအထိ သေဆုံးသူ အရေအတွက် စုစုပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်.. သေဆုံးသူ အများစုဟာ စောစောက ပြောခဲ့သလို ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့်ပါ...
စစ်ပွဲကာလအတွင်း ပြည်သူလူထု သန်းပေါင်း များစွာ ဟာလည်း သူတု်ိ့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြပြီး... အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြရပါတယ်...
ဒုတိယကွန်ဂိုစစ်ဟာ ပထမကွန်ဂိုစစ်တုန်း ကလိုပဲ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့် တာကို စစ်လက်နက်သဖွယ် အသုံးပြုခဲ့ကြပါ တယ်... စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်... အများစုဟာ အုပ်စုလိုက် အဓမ္မပြုကျင့်တာကို ခံရတာဖြစ်တယ်လို့ ဆိုပါတယ်...
ဒီစစ်ပွဲမှာ အာဖရိကတိုက်က နိုင်ငံပေါင်း (၉)နိုင်ငံနဲ့ သီးခြားလက်နက်ကိုင်အဖွဲ့ (၂၅)ဖွဲ့တို့ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပြီး... အာဖရိကန် သမိုင်းမှာ အသေအပျောက်အများဆုံး စစ်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်... ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူ အရေအတွက် အများဆုံး စစ်ပွဲလို့လည်း ဆိုပါတယ်...။



Ref: wikipedia/theguardian/Samir 4one
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) Canon 70D Users များ Canon 80D ကို Upgrade လုပ်သင့်ပြီလား... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောက်သို့) Albino (ခေါ်) အာဖရိကန်လူဖြူ... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..