I poisoned you...
အိပ်ယာထဲမှာ အတော်လေး နေထိုင်မကောင်း ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးမှာ ထိုင်စောင့် ပေးနေတဲ့ ခင်ပွန်းသည်ဘက်ကို လှည့်ပြီး လေသံ ဖျော့ဖျော့နဲ့.....
"ဟန်နီ!!! ရှင့်ကို ကျမ ဝန်ခံစရာတွေ ရှိတယ်..."
ခင်ပွန်းဖြစ်သူက.....
"သက်တောင့်သက်သာ နေပါ မိန်းမရယ်... မင်း မောနေပါ့မယ်..."
ခင်ပွန်းသည် တားနေတဲ့ကြားက ဇနီးဖြစ်သူက.....
"မရဘူး... မရဘူး... ကျမ ပြောမှဖြစ်မယ်... ဒါမှ ကျမ သေတဲ့အခါ ကျမရဲ့ဝိညာဉ်က ကောင်းကောင်း အနားယူနိုင်မှာ..." ဆိုပြီး ဆက်ပြောလိုက်တယ်...
"ကျမလေ ရှင့်ရဲ့ ပိုက်ဆံတွေကို ခိုးပြီး ကျမရဲ့ တိတ်တိတ်ပုန်း ရည်းစားကို ပေးခဲ့တယ်... ကျမတို့ရဲ့သား ဂျူနီယာရဲ့ အဖေကလည်း ရှင်မဟုတ်ဘူး... နောက်ပြီး ရှင့်ရဲ့ ရွှေလက်ပတ်နာရီကို ခိုးတဲ့ သူကလည်း ကျမပါပဲ... အဲဒီနာရီကို ယူပြီး ရှင့်ရဲ့ ညီမအိတ်ထဲမှာ သွားဖွက် ထားတာပါ... ရှင် သူ့ကို ကျမတို့ အိမ်ကနေ မောင်းထုတ်အောင် လို့ပါ... ဒါတွေ အားလုံးအတွက် ရှင် ကျမကို ခွင့်လွှတ်ပါ..."
ခင်ပွန်းဖြစ်သူက လေသံ ခပ်အေးအေးလေးနဲ့.....
"ဒါတွေ အားလုံးကို ငါသိပါတယ် မိန်းမရယ်... အဲဒါကြောင့်လည်း မင်းကို အခုလို အဆိပ် ခတ်လိုက်တာပေါ့.....။"
ref:internet
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) Never lie to a woman... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) I forgot the room's key in the car... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review