သေခြင်းတရား
ေသမင်းဟာ လူငယ်တစ်ဦးထံ ရောက်လာပြီး... "ဒီနေ့ဟာ ခင်ဗျား သေရမယ့် နေ့ပဲ.." လို့ ပြော လိုက်တယ်...
"ဒါပေမယ့် ကျနော် အဆင်သင့် မဖြစ်သေးဘူးဗျာ..." လို့ လူငယ်က ပြန်ပြောလိုက်တယ်...
ဒီအခါ သေမင်းက... "ခင်ဗျား နာမည်က ကျုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ.." လို့ လူငယ်ကို သေစာရင်းပြပြီး ပြောလိုက်တဲ့အခါ...
လူငယ်လည်း... "ဒါဆိုရင်လည်း ဟုတ်ပါပြီဗျာ... ကျနော့ကို ခေါ်မသွားခင် သေမင်းကို တစ်ခုခုလောက် ကျွေးမွေးပြုစုချင်လို့ ခနလောက်တော့ ထိုင်ပါအုံး..." လို့ ဆိုပြီး သေမင်း ကို မေတ္တာရပ်ခံတယ်...
"ကောင်းပြီလေ..." သေမင်းက လက်ခံလိုက်တယ်...
လူငယ်လည်း အစားအသောက်တွေထဲမှာ အိပ်ဆေးတွေထည့်ပြီး သေမင်းကို ဧည့်ခံကျွေးမွေးတယ်...
အိပ်ဆေးပါတဲ့ အစာတွေ စားသောက်ပြီးချိန်မှာ သေမင်းလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်သွားတယ်...
ဒီအခါ လူငယ်လည်း ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချမယ်လို့ တွက်လိုက် တယ်... သေမင်းလက်ထဲက သေစာရင်း စာရွက်ကိုယူပြီး အပေါ်ဆုံးနေရာမှာ ရှိနေတဲ့ သူ့နာမည်ကို အောက်ဆုံး နေရာကို ပို့လိုက်တယ်...
သေမင်းလည်း အိပ်ဆေးပျယ်ပြီး အိပ်ယာကနေ နိုးလာတဲ့အချိန် လူငယ်ကို... "ခင်ဗျားဟာ အရမ်းကို ဧည့်ဝတ်ကျေပွန်တဲ့ လူတစ်ယောက် ဖြစ်တယ်... ဒါကြောင့် ကျုပ်ခေါ်ရမယ့် နာမည် စာရင်းကို အောက်ဆုံးကနေပဲ ပြန်စလိုက်တော့မယ်....." လို့ ဆိုလိုက်လေသတည်း....။
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) Stay in touch with your parents... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Control Your Speed Next Time.... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'