"As in war, so in life"
အမေရိကန်စာရေးဆရာ Robert Greene က “As in war, so in life” ဆိုသည့် ဆောင်ပုဒ်ကို သူ့ရဲ့စာပေတွေမှာ မကြာခဏ ဖော်ပြလေ့ရှိပါတယ်...။
ဘဝဆိုတာ တိုက်ပွဲတစ်ခုပါ။ ဘဝရဲ့ အတွေ့အကြုံတွေဟာ စစ်ပွဲတစ်ခုရဲ့ အတွေ့အကြုံတွေနဲ့ အလားတူသဏ္ဏာန် တူပါတယ်...။
ရဲဘော်တွေဟာ ၎င်းတို့ အသက်ရှင်သန်ရေးကို ဂရုမစိုက်တဲ့ စစ်မြေပြင်မှာ ဆက်လက် ရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်နေကြရပါတယ်...။
အလားတူစွာ လူသားအားလုံးရဲ့ ရှင်သန်ရေးကို စိတ်မဝင်စားတဲ့ ဒီကမ္ဘာကြီးမှာ မိမိတို့အားလုံး ဆက်လက် ရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်နေကြရပါတယ်...။
သန်းပေါင်းများစွာသော လူတွေအလယ် ရှင်သန်ရပ်တည်နိုင်ဖို့ တစ်ဦးချင်းစီအနေနဲ့ တိုက်ပွဲဝင်နေကြရပါတယ်...။
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအတွင်းက မတူကွဲပြားတဲ့ ဘက်တီးရီးယားတွေတောင် ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေကြရပါတယ်...။
ယနေ့ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ စားဝတ်နေရေး၊ ရည်မှန်းချက်နဲ့ မိမိတို့ ဖြစ်ချင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့အတွက် နေ့စဉ် တိုက်ပွဲဝင်နေကြရပါတယ်...။
ဒီစစ်ပွဲတွေကို အောင်နိုင်ဖို့ ကျွန်တော်တို့မှာ...
(၁) စည်းကမ်း
(၂) ဇွဲလုံ့လ
(၃) ရဲစွမ်းသတ္တိ
(၄) စိတ်ကူးစိတ်သန်း
(၅) ကိုယ်ကျိုးမဖက်မှု
(၆) စွန့်လွှတ်စွန့်စားမှု...
စတဲ့ ဂုဏ်သတ္တိတွေ လိုအပ်ပါတယ်...။
ref;The Daily Stoic
- (အရှေ့သို့) ဘောလုံးကစားပါတယ် ဆရာ... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)
- (အနောက်သို့) ပလပ်စတစ်ညစ်ညမ်းမှု... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)