လက်ဖက်ရည်ရဲ့ ဆိုးကျိုး...
လူတစ်ယောက်ဟာ လွန်ခဲ့ရက်က ဇနီးဖြစ်သူနဲ့ ပြဿနာဖြစ်ပြီး လူမှုကွန်ယက်တစ်ခုမှာ အခုလို ရေးခဲ့တယ်။
"လက်ဖက်ရည်ဟာ ဘီယာထက် ပိုပြီး အန္တရာယ်များတယ်... ခင်ဗျားတို့ လက်ဖက်ရည် သောက်တာကို ရှောင်ကျဉ်ကြပါ..."
"ကျုပ် မနေ့ညက ဘားတစ်ခုမှာ ဘီယာ သွားသောက်တယ်... အဲဒီအချိန် ကျုပ်မိန်းမက အိမ်မှာ လက်ဖက်ရည် ထိုင်သောက်နေတယ်... ကျုပ် ဘီယာ ၁၄ ဗူးကုန်လို့ အိမ်ပြန်မယ်လုပ်တော့ မနက် ၃ နာရီ ထိုးပြီ..."
"အိမ်ပြန်ရောက်တော့ လက်ဖက်ရည် သောက်ထားတဲ့ မိန်းမက ဒေါသူပုန်ထပြီး ကျုပ်ကို အော်ဟစ်နေတာ ခင်ဗျားတို့မြင်ရင် အံ့ဩသွားမယ်..."
"ဘီယာ ၁၄ ဗူး သောက်ထားတဲ့ ကျုပ်က ဘာမှမဖြစ်ဘူး... အေးဆေးတည်ငြိမ်စွာနဲ့ပဲ အိပ်ယာထဲ ဝင်သွားတယ်... ဒါပေမယ့် ကျုပ်မိန်းမကတော့ အနောက်က လိုက်လာပြီး ပြဿနာရှာလိုက်တာ နောက်တစ်နေ့မနက် မိုးလင်းတဲ့ အထိပါပဲဗျာ... လက်ဖက်ရည်ရဲ့ ဆိုးကျိုးတွေကို ခင်ဗျားတို့ စဉ်းစားသာ ကြည့်ပေတော့..."
"ကျုပ်ကတော့ မိန်းမတွေကို လက်ဖက်ရည်သောက်ပြီး စိတ်မထိန်းနိုင်ရင် မသောက်ကြပါနဲ့လို့ အကြံပေးချင်တယ်..."








- (အရှေ့သို့) 'တူ' (Chopstick)... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကမြဖုနျး... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..