"Google..."
Google ကုမ္ပဏီက သူ့ရဲ့ သေဆုံးသွားတဲ့ ဝန်ထမ်းတွေအပေါ် ထားတဲ့ နွေးထွေးမှုက စံတင်လောက်တယ်။ အချို့ကုမ္ပဏီတွေ သူတို့ရဲ့ သက်ရှိထင်ရှားရှိနေတဲ့ ဝန်ထမ်းတွေအပေါ် ထားတဲ့ နွေးထွေးမှုတွေထက် များစွာပိုတယ်။
Forbes မဂ္ဂဇင်းရဲ့ ဆောင်ပါးတစ်ပုဒ်အရ google အနေနဲ့ သူ့ရဲ့ဝန်ထမ်းတွေကို အထူးအကျိုးခံစားခွင့်တွေ ပေးထားတာကို တွေ့ရပါတယ်။
ဆိုပါစို့ ၀န်ထမ်းတစ်ဦးဦးက သေဆုံးသွားပြီဆိုရင် သူ့ရဲ့အိမ်ထောင်ဖက်က သေဆုံးသူရဲ့ လစာ ၅၀ ရာခိုင်နှုန်းကို ၁၀ နှစ်တာ ကာလအထိ ဆက်ပြီးအကျိုးခံစားခွင့် ရှိတယ်လို့ ဆိုပါတယ်။
ဒီအကျိုးခံစားခွင့်က ဝန်ထမ်းတွေရဲ့ လုပ်သက်နဲ့ မသက်ဆိုင်ပါဘူး။ Google ၀န်ထမ်း ၁ သိန်းနီးပါး ရှိပါတယ်။ သူတို့အားလုံး ကုမ္ပဏီမှာ အလုပ်လုပ်တဲ့သက်တမ်း ကြာသည်ဖြစ်စေ၊ မကြာသည်ဖြစ်စေ အားလုံး တန်းတူညီတူ အကျိုးခံစားခွင့် ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ထောင်ဖက်အနေနဲ့ လစာ ၅၀ ရာခိုင်နှုန်းအပေါ် Stock ခံစားခွင့်တွေလည်း ရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ သေဆုံးသွားတဲ့ ဝန်ထမ်းမှာ သားသမီးတွေ ရှိမယ်ဆိုရင် သူတို့အနေနဲ့ အသက် ၁၉ နှစ် ပြည့်တဲ့အထိ လစဉ်ဒေါ်လာ ၁,၀၀၀ ခံစားခွင့် ရရှိမှာပါ။
ဒီပေါ်လစီက လိင်တူချင်း လက်ထပ်ထားတဲ စုံတွဲတွေအတွက်လည်း အကျုံးဝင်တယ်လို့ google ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုတယ်...။
ref;business insider
- (အရှေ့သို့) ကာရေဘီယံက အချစ်အက္ခရာများ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'