လည်ပင်းသွေးကြောကျဉ်းသူများ စဉ်းစားနိုင်စွမ်း လျော့နည်းနိုင်


Health Updates Journal No. 117

လူ့လည်ပင်းရှိ carotid artery အမည်ရှိ သွေးလွှတ်ကြောကြီး ပိတ်ဆို့ခြင်းသည် မှတ်ဉာဏ်ချို့တဲ့ခြင်း၊ စဉ်းစားနိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်ဟု လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
သွေးကြောတွင်း သွေးခဲဖတ်ကြောင့် ပိတ်ဆို့နေသည့်အခါ ကုသမှု အမြန်ဆုံးစတင်ရန် လိုအပ်သည်ဟု သုတေသီများကဆိုသည်။

သုတေသနပြုလုပ်ရာတွင် carotid သွေးလွှတ်ကြောကျဉ်းနေသည့် လူနာ (၆၇) ဦးကို စုဆောင်းခဲ့ သည်။ သွေးလွှတ်ကြောအချင်းကို ထက်ဝက်ပိုင်း၍ တွက်ချက်ခဲ့သည်။ ထို့ နောက် carotid် သွေး လွှတ်ကြော မကျဉ်းသေးသော်လည်း ကျဉ်းနိုင်သည့် အလားအလာများဖြစ်သည့် ဆီးချိုရောဂါ၊ သွေး တိုးရောဂါ၊ သွေးတွင်းအဆီဓါတ်များခြင်း၊ နှလုံးသွေးကြောရောဂါများရှိနေသည့် လူ (၆၀) ဦးကိုပါ ထည့်သွင်းလေ့လာခဲ့သည်။

ပါဝင်သူများ၏ စဉ်းစားနိုင်စွမ်း၊ အတွေးအခေါ်လျှင်မြန်မှု၊ သင်ယူ နိုင်စွမ်း၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်း နှင့် ဘာသာစကားစွမ်းရည်တို့ကို စမ်းသပ်ခဲ့သည်။

carotid သွေးလွှတ်ကြောပိတ်ဆို့၍ ကျဉ်းမြောင်းနေသူများတွင် စဉ်းစားနိုင်စွမ်း စမ်းသပ်ချက်များ၌ ရလဒ်များ မကောင်းမွန်သည်ကို တွေ့ရသည်။ လှုပ်ရှားနိုင်စွမ်း၊ တုံ့ပြန် နိုင်စွမ်း၊ သင်ယူနိုင်စွမ်းနှင့် မှတ်ဉာဏ် စမ်းသပ်ချက်များတွင်လည်း ရမှတ်မကောင်းသည်ကို တွေ့ရသည်။

““ယခုအချိန်မှာတော့ carotid သွေးကြောကျဉ်းမြောင်းခြင်းကို ကုသတာဟာ လေဖြတ်ခြင်းကို ကာကွယ် နိုင်ရန်အတွက်သာ ဖြစ်ပါတယ်။ ယခုတွေ့ရှိချက်တွေအရ carotid သွေးကြောကျဉ်းတဲ့ သူတွေကို မှတ်ဉာဏ်နှင့် စဉ်းစားနိုင်စွမ်းကိုပါ စစ်ဆေးဖို့လိုလာပါပြီ”” ဟု Dr. Brajesh Lal ကဆိုသည်။

ဇော်ကို
Ref:WebMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...