ရယ်ရွှင်ခြင်းနှင့် ဟာသဉာဏ်က သက်ကြီးရွယ်အိုများကို ဦးနှောက်စွမ်းရည် တိုးတက်စေ


Health Updates Journal No. 117

ဟာသဉာဏ်နှင့် ရယ်ရွှင်တတ် ခြင်းသည် ကော်တီဆောဖိစီးမှု ဟော်မုန်းများကြောင့် သက်ကြီးရွယ်အိုများ၏ မှတ်ဉာဏ်ချို့ယွင်းမှုနှင့် သင်ကြားနိုင်စွမ်း ချို့တဲ့မှုများကို လျှော့ချပေးနိုင်ကြောင်းသိရသည်။

Loma Linda University သုတေသီများ၏ အဆိုအရ လူများကို ဟာသရုပ်ရှင်များ ကြည့်ရှုစေပြီး သည့်နောက်တွင် ကော်တီဆောဟော်မုန်း ပမာဏသိသိသာသာ ကျ ဆင်းပြီး မှတ်ဉာဏ်ကောင်း လာ သည်ကို တွေ့ရသည်။

ဟာသဉာဏ်သည် အဖျက်စွမ်းအားရှိသည့် ဖိစီးမှုဟော်မုန်းများကို ဦးနှောက်အစိတ်အပိုင်း hippocampus ရှိ နဗ်ဆဲလ်များအား မဖျက်ဆီး နိုင်စေရန် ကာကွယ်ပေးထားနိုင် သည်။ ထို့ပြင် သွေးဖိအားလျှော့ချပေး ခြင်း၊ ဦးနှောက်ထံ သွေးစီးဆင်းမှုမြှင့် တင်ပေးခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်းတို့ပါ ဖြစ်ပေါ်စေသည်။
ရယ်ရွှင်ခြင်း၊ ဟာသအမြင်ရှိ ခြင်းသည် ဦးနှောက်ရှိ အင်ဒိုဖင်ဟော်မုန်းနှင့် ဒိုပါမင်းဟော်မုန်းများ ထွက် လာစေသောကြောင့် သာယာနာပျော်ဖွယ် ခံစားချက်ဖြစ်စေပြီး အာရုံကြော ဓါတုဗေဒ ပြောင်းလဲမှုဖြစ် စဉ်များကို အကျိုးဖြစ်ထွန်းစေသောကြောင့် ခုခံအားစနစ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေကြောင်း သုတေသီများက ဆိုသည်။

သုတေသန တွေ့ရှိချက်များသည် ဆေးလက်တွေ့ဆိုင်ရာနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ နယ်ပယ်များ၌ အကျိုးကျေးဇူးများဖြစ်ထွန်းစေသောကြောင့် သက်ကြီးရွယ်အိုများ အသိဉာဏ်ပြန်လည်ကောင်းမွန် လာစေရန်၊ သင်ယူနိုင်စွမ်း တိုးတက်လာစေရန်၊ မှတ်ဉာဏ်ပြန်လည် ကောင်းမွန်လာစေရန် အသုံးချနိုင်ပြီး သက်ကြီးရွယ်အိုများဘ၀ အရည်အသွေးမြှင့်တင်ပေးနိုင်ရန် အရေးပါလာမည်ဖြစ်ကြောင်း သုတေသီ Gurinder Singh Bains က ဆိုသည်။

ဇော်ကို
Ref:ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...