မျက်စိနာခြင်းအတွက် အိမ်တွင်းကုထုံးလေးများ



မကြာခင်အချိန်မှာ သင်္ကြန်လက်ဆေးမိုးရွာပါတော့မယ်။ နွေနေပူပူမှာ ရုတ်တရက်မိုးရွာချလိုက် တာကြောင့် ခန္ဓာကိုယ်တွင်း အပူများသူများမှာ အပူရှပ်တတ်သလို၊ မျက်စိနာခြင်းလည်း ဖြစ်လာ တတ်ပါတယ်။ “မျက်စိ နာတယ်” လို့သာဆိုကြပေမယ့်၊ အမှန် ကတော့ မျက်လုံးရဲ့အဖြူရောင် အသား (Sclera)ကို ကာကွယ်ပေး ထားတဲ့အမြှေးပါး အကြည်လေး (Conjunctiva) ရောင် ရမ်း ခြင်းဖြစ်ပါတယ်။ ဆေးပညာအရ Conjunctivitis လို့ခေါ်ကာ အင်္ဂလိပ်လို Pink Eye လို့ ခေါ်ပါတယ်။

သုံးရက်ကနေ ငါးရက်ထက် ပိုမကြာပါဘူး။ သို့ သော် ငါးရက် ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်း အရင်းတစ်ခုခု ဖြစ်လာနိုင်တာကြောင့် ဆရာဝန်နှင့် မဖြစ် မနေ ပြသင့်ပါတယ်။ မျက်စိနာတဲ့အခါ မျက်လုံး နီရဲ ရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန် ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်းတစ်ခုခု ဝင်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်း ရောင် မကြည့်နိုင်ခြင်း စတာတွေကြောင့် လူကို ကသိကအောက်ဖြစ်စေပါတယ်။

မျက်စိနာတဲ့အခါ…..
(၁) မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာ ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
(၂) မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်တဲ့ အပြင်၊ Dexamethasone ဆိုတဲ့ ရောင်ရမ်း ယားယံခြင်းကိုသက်သာစေတဲ့ စတီးရွိုက်တစ်မျိုး ပါဝင်တာမို့  မျက်စဉ်းကို မဖြစ်မနေ ခတ်ပေးရပါမယ်။
(၃) မျက်စိ ကို ခဏခဏ ပွတ်ခြင်းမျိုး လုံးဝမပြုရ။
(၄) နာ ကျင် ရောင်ရမ်း ယားယံခြင်း သက်သာ အောင် သန့်စင်တဲ့ အဝတ်စ(သို့ မဟုတ်) ပတ်တီးစတစ်ခု ကို ရေအေးအေးလေး မှာစိမ်ပြီး ကပ်နိုင်ပါတယ်။
(၅) ရောင်ရမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine(သို့ မဟုတ်) Fenofexadine စတဲ့ဆေးတွေ တစ်နေ့ နှစ်လုံးလောက် သောက်နိုင်ပါတယ်။
(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။

မျက်စိနာခြင်းအတွက် အိမ်တွင်းကုထုံးလေးများ…..
(၁) သန့်စင်တဲ့ မိခင်နို့ရည်က ဘေးကင်းထိရောက်တဲ့ ဆေးနည်းဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်း ရဲ့ ပြင်ပသန့်ရှင်းရေးနဲ့ ခံယူမယ့်ခွက်တို့၊ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။
(၂) ကြိတ်မှန်ရွက် ကြိတ်ဖတ် နှင့် မန်ကျည်းသီးကိုနယ်၍ ည အိပ်ယာဝင် မျက်ခွံပေါ်အုံပေးပါ။
(၃) မန်ကျည်းပင်ခေါက်ကို ဆားနှင့်သွေး၍ ညအိပ်ယာဝင်၊ မျက်ခွံပေါ် အပြည့်လိမ်း၍ အိပ်ပါ။
(၄) မန်ကျည်းရွက်ထောင်း၍ ရလာသော အရည်ဖြင့် မျက်စိကိုကွင်းပေးပါ။
(၅) အနီရောင်ပန်းပွင့်ေ သာ တောကြက်မောက်ပင် အမြစ်ကို ဆားနှင့်သွေး၍ ကွင်းပါ။
(၆) မြင်းခွာရွက်ကို ချင်းရည်နှင့်ေ ဖျာ်၍ သောက်ပေးပါ(သို့ မဟုတ်)မြင်းခွာရွက်ကို ဂျင်းစိမ်း နှင့်ရောကျိတ်စားပါ။ (၇) အနီရောင်ေ ဆးမြင်းခွာကို ဂျင်းနှင့်သုပ်စားခြင်းက လက်တွေ့ ပျောက် ကင်းနိုင်ပါတယ်။
(၈) ဆီးဖြူသီးစားပါ။
(၉) မုန်လာဥအဖြူစားပါ။ မုန်လာဥအဖြူကို ခပ်ပါးပါးလှီး၍ မျက်ခွံပေါ် ကပ်ပေးပါ။
(၁၀) အညာဒေသတွင် ပေါက်လေ့ရှိတဲ့ ကျည်းပင်(ကျည်နီးပင်)ရဲ့ အစေ့အဆံကိုသွေး၍ မျက်စိမှာ ကွင်း လိမ်းပေးပါ။
(၁၁) နံ့ သာနီပင်(သို့ မဟုတ်) နံ့ သာနီအမြစ် သွေးလိမ်းပါ။ ကရမက်လိမ်းပါ။ (နံ့ သြာ ဖူ၊ တောင် တံကြီး လုံးဝ မလိမ်းပါနှင့်)
(၁၂) မုလေးပန်းပင်ရဲ့  အသီးကို သွေးလိမ်းပါ။
(၁၃) ကျွဲချို၊ ဆိတ်ချို၊ မြင်းသွား၊ မိချောင်းစွယ်၊ စပါးကြီးသည်းခြေ သွေး၍လိမ်းပေးပါ။
(၁၄) သစ္စာပန်းပွင့်ကို ချေ၍ မျက်ခွံပေါ်ကပ်ပေးပါ။
(၁၅) ဇီး(ဆီး)သီး၊ ဖရဲသီး၊ ဌက်ပျောသီးဖီးကြမ်း အမှည့်၊ စပျစ် သီးအမှည့်၊ သင်္ဘော သီး၊ ခရမ်းချဉ်သီး၊ ဒန့် သလွန်သီး၊ ကြဇုသီး စားပေးပါ။
(၁၆) ပဒတ်သား၊ မြွေပွေး မြွေဟောက် မြွေငန်း သားတို့ စားပေးပါ။ (၁၇) အုန်းရည်ချို၊ ထန်းရည်ချို၊ ကြံရ ည် သောက်ပါ။
(၁၈) အရက်သေစာများ၊ ဆေးရွက်ကြီးပါသော ဆေးလိပ်၊ ကွမ်းယာတို့  မစားသင့်ပါဘူး။ ထို့ ပြင် မြင်း သား၊ ငါးသလောက်၊ ငါးဇင်ရိုင်း၊ ကြပိုးဝါးမျှစ် နှင့် မျှစ်ချဉ် အမျိုးမျိုး၊ ဒညင်းသီး(တညင်းသီး)၊ သရက်သီး မစားပါနှင့်။ မှတ်ချက်။ အထက်ဖော်ပြပါ ဆေးမြီး တိုလေးများက မျက်စိနာခြင်းကို ထိထိရောက်ရောက် သက်သာစေပါတယ်။ သို့ သော် မျက်လုံးထဲသို့ တိုက်ရိုက်မထဲ့ဘဲ၊ မျက်ခွံ(သို့ မဟုတ်) မျက်စိတစ်ဝိုက်မှာ လိမ်းအုံပေးပါ။

(ဆောင်းပါးရှင်….ပေါက်ပေါက်…..မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...