ပန်းကလေးနဲ့ လန်းနေတယ်



"ပန်းရောင်ချစ်သူတွေရဲ့ စိတ်နေသဘောထား"
စိတ်ပညာရှင်တွေရဲ့ အဆိုအမိန့် များအရ၊ ပန်းရောင်ကို စွဲစွဲလန်းလန်း နှစ်သက်သူများဟာ တခြားလူတွေကို ကူညီပေးရတာ၊ ဂရုစိုက်ရတာတွေကို နှစ်သက်လေ့ရှိပြီး၊ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေတတ်သူများဖြစ်ပါတယ်။ မနာ လိုဝန်တိုစိတ်ထားမျိုး ရှိသူမဟုတ်သော်ငြား၊ တခါတရံ အဆိုးမြင်ဝါဒရှိတတ်ပြီး၊ ရောင့်ရဲတင်းတိမ်လွယ်သူတော့ မဟုတ်ကြပါဘူး တဲ့။ အချစ်နဲ့  ပတ်သက်လို့  စိတ်ကူးယဉ်ဆန်တတ်သူများဖြစ်ပြီး၊ နတ် သ မီးပုံပြင်ထဲက ချစ်ခြင်းမေတ္တာမျိုးကို တွေ့နိုင်မလားဆို ပြီး ရှာဖွေ နေတတ်သူ များ ဖြစ်ကြ ပါတယ်တဲ့။

" ပန်းရောင်ဆိုတာ ဒီလိုပါ"
သဘောသဘာဝ(လုံးဝ)မတူညီတဲ့ အရောင်ကွဲနှစ်ခု အနီနဲ့ အဖြူပေါင်းစပ်ခြင်းက ပန်းရောင်ဖျော့ဖျော့ ဖြစ် လာပါတယ်။ ထိုပန်း ရောင်ကို အခြားရောင်ကွဲများဖြစ်ကြတဲ့ အပြာရောင်လေးတွေ၊ လိမ္မော်ရောင်လေးတွေ အခြေခံပြီး ထပ်ဆင့်ရောစပ်လိုက်တဲ့အခါ၊ စပ်ဟပ်မှုပမာဏအနည်း အများပေါ်မူတည်ပြီး (၁) nude(ခေါ်) ပန်းရောင်သန်းတဲ့ကရင်မ်ရောင် (၂) ပန်းရောင်ရင့်ရင့် (၃) ပန်းဆီ ရောင် (၄) နီစပ်စပ်ရောင် (၅) စတော် ဘယ်ရီရောင် (၆) အသည်းကွဲရောင် (၇) ပန်းခရမ်းရောင် တို့ ဖြစ်လာကြပါတယ်။

" ပန်းရောင်ကို ဒီလိုအဓိပ္ပါယ်ဖွင့်ခဲ့ကြ "
၁၉၀၀ နှစ်ဦးပိုင်းတွေအထိ မွေးကာစကလေးငယ်တွေမှာ ယောကျာ်းလေး/မိန်းကလေး အသုံး အဆောင်တွေအတွက် အရောင် သီးခြားစီ သတ်မှတ်ထားတာမရှိသေးတာကြောင့် ၁၉၁၈ နှစ် မှာ အမေရိကန်ရဲ့  Infant's Department က ပန်းရောင်ဟာ တိကျ ပြတ်သားပြီးခွန်အားပါရှိ တာကြောင့် သားသားလေးတွေရဲ့ အ၀တ်အထည်အသုံးအဆောင်ကို “ပန်းရောင်” အဖြစ် သတ်မှတ်ခဲ့ပါ တယ်။ အပြာရောင်ကတော့ နူးညံ့သိမ်မွေ ့တဲ့သေဘာေ ဆာင္လို ့မီးမီးေ လးေ တြကို ကိုယ်စားပြုပါတယ်တဲ့။ အဲ…၁၉၅၀ မှာတော့ ၄င်းနဲ့ ပြောင်းပြန် အပြာရောင်ဟာ အမျိုး သားတွေကိုကိုယ်စားပြုပြီး၊ ပန်းရောင်က အမျိုးသမီးထုတွေကိုကိုယ်စားပြုကာ ထိုကာ လများမှာ ပန်းရောင်လွှမ်းတဲ့ မင်္ဂလာသတို့ သမီးဝတ်စုံတွေ တစ်ခေတ်ဆန်းလာခဲ့တယ်လို့ အမေရိ ကန်ပြည်ထောင်စု Maryland တက္ကသိုလ်မှ ရှေးဟောင်းသမိုင်း သုတေသီ တစ်ဦးဖြစ်သူ Jo Paoletti က ဆိုပါတယ်။

" အသက်အရွယ်နဲ့ အရောင်ရွေးချယ်တတ်မှု "
ပန်းရောင်က အမျိုးသမီးတွေကိုကိုယ်စားပြုတာကြောင့် အရွယ် ၃-ပါးလုံး ရွေးချယ်သင့်တဲ့ အရောင်လေးပါ ဘဲ။ ရင်ခွင်ပိုက်အရွယ် လေးတွေအတွက် ပန်းရောင်ဖျော့ဖျော့လေးေ တွက အထူးသင့်တော်ပါတယ်။ ဖူးပွင့်စဆယ်ကျော်သက်ရွယ် သမီးပျိုများ ပန်းရောင် သန်းတဲ့ကရင်မ်ေ ရာင်လေးဆင်တော့ အလှသွေး ကြွယ်စေတာပေါ့။ ၂၅-နှစ်ဝန်းကျင် အမျိုးသမီးငယ်များ ပန်းေ ရာင်နုနုအပြင် နံ ပါတ် (၁)(၃)(၄)(၅) အရောင်လေးတွေနဲ့  အထူးလိုက်ဖက်ပါတယ်။ အပျိုကြီး မမများအတွက်ကတော့ နံပါတ် (၂)(၃)(၅)(၆) အ ရောင်တို့ ဝတ်ဆင်တဲ့အခါ တည်ငြိမ်တဲ့အ လှပေါ်စေမှာဖြစ်ပြီး၊ အရောင်နုနုမကြိုက်တဲ့ အသက် ၆၀ ၀န်းကျင် အန်တီကြီးတွေ အ တွက်ပ န်းခရမ်းရောင်ကိုသာ ရွေးချယ်ပေးပါ။ ဖွားဖွားတို့ အတွက် ကတော့ မြေးလေးတွေလို ပန်းေ ရာင်ဖျော့ဖျော့လေးနဲ့ ဆို တမျိုး ကျက်သရေရှိနေပြန်ပါရောရှင်။

" မိမိအသားအရောင်နဲ့  လိုက်ဖက်မှု "
အရောင်ဖျော့ဖျော့နှစ်သက်သူ အသားဖြူသူများ ပန်းရောင်နုနုအပြင် အမှတ်စဉ်(၁)(၂)(၃) အရောင်တို့  ကို ရွေးချယ်နိုင်သလို၊ အ ရောင်နုနုမကြိုက်တတ်သူ အသားဖြူသူများကတော့ အမှတ်စဉ် (၅)(၆)အရောင် တို့ ကို ရွေးပေးပါ။ အသားဝင်းဝါ သူတွေက အမှတ်စဉ်(၇)အေ ရာင် နဲ့ အထူးလိုက်ဖက်ပြီး၊ အသားညိုသူ များကတော့ မိမိနှစ်သက်ရာ အနု/အရင့်ပေါ်မူတည်ပြီး အမှတ်စဉ် (၁) (၃)(၆)အရောင် တို့ ကိုရွေးချယ်ပေး ပါ။ အသားမည်းသူများက ပန်းရောင်ေ ဖျာ့ဖျောလေးတွေ၊ nude လေးတွေနဲ့ လိုက်ဖက်နေ ပြန်သလို၊ နီစပ်စပ် အရောင်လေးက အ သားဆောင်စေတာကြောင့် ဒီအရောင် ၃-မျိုးထဲက ကြိုက်ရာကိုသာ ရွေးချယ် လိုက် ပါ တော့ေ နာ်။ အဲ…အသားမည်းသူများ ပန်းခရမ်းရောင်ကို ယောင်လို့ တောင်မ၀တ် လိုက်ပါနဲ့ … ညိုမှောင်သွားပြီး အလှမပေါ်စေ တော့ဘူးလေ။

" အရောင်စပ်ဟပ် ၀တ်ဆင်တတ်မှု "
ပန်းရောင်က သူ့ ချည်းဘဲထက်အောက်ဆင်တူဝတ်ရင်လည်း လှပလို့ နေတာမို့  ခန္ဒာ ကိုယ် သွယ်လျသူများ ဆွဲဆောင်မှုရှိစေမှာ အမှန်ပါ။ ဆယ်ကျော်သက်နဲ့ သက်လတ်ပိုင်းအမျိုးသမီးများ အရမ်းလန်းသွားစေဖို့  ပန်းရောင်ကို ဖြူလွလွဇာပန်းပွင့်လေးတွေ ကပ်ပြီး ဒီဇိုင်းလှလှချုပ်ဝတ် ကြည့်လိုက်ပါဦး။ အကယ်၍ ခပ်ပြေပြေဖက်ရှင်မှ ကြိုက်သူများအဖို့  မိမိအသက်အရွယ်အလိုက် ပန်း ရောင်အနုအရင့်ပေါ်မူတည်ပြီးတော့ အဖြူ/ခဲ/ခရမ်း/အနက်ရောင်လေးတွေ နဲ့ စပ်ဟပ်ပေး လိုက်ပါ။ “Pink & Blue အချစ်ဟာ အရူး” လို့ ဆို ထားပြန်တာကြောင့် ရိုမက်တစ်ဆန်ဆန် ဖက်ရှင်ကြိုက်သူများအတွက် ပန်းရောင်ဖျော့ဖျောကို မိုးပြာရောင်လေးနဲ့  တွဲဝတ်နိုင်သလို၊ စတော်ဘယ်ရီရောင်ကို ကြည်ပြာရောင်(သို့ မဟုတ်) အပြာနုလေးနဲ့  တွဲဝတ်ကြည့်ပါနော်။

" ပန်းရောင်ဝတ်စုံအတွက် လက်ဝတ်ရတနာလေးများ "
ပန်းရောင်ဝတ်စုံက ရွှေထည်ပစ္စည်းတွေနဲ့ တွဲဝတ်ရင် အမြင်ရိုးလွန်းစေတာကြောင့်၊ ငွေထည်(သို့ မဟုတ်) ပလက်တီနမ်လေးတွေ နဲ့ တွဲဖက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဖက်ရှင်ထွင်လိုသူ များအနေဖြင့် မိမိ ၀တ်ဆင်မယ့် ပန်းရောင်ဝတ်စုံ အနု/အရင့်ပေါ်မူတည်ပြီး၊ ပန်းရောင်အဖျော့/အတောက် ကျောက်လေးတွေ ကို စိန်ပွင့်လေးရောကာ ပလက်တီနမ်ခတ်ပြီးဆင်မြန်းပေးပါ။ အကယ်၍ လက်ဝတ်ရတနာရွေးချယ်ဖို့  ခက်ခဲနေပါက၊ ခေါင်းရှုပ်ခံ စဉ်းစားမနေတော့ဘဲ အဖြူေ ရာင်ပုလဲသွယ်ရတနာတွေကိုသာ ရွေးချယ်လိုက် ပါတော့။ (ပန်းရောင်နုရင့် အားလုံးက အဖြူေ ရာင်ပုလဲလေးတွေနဲ့  ပဏ္ဍာရနေသလို အရွယ် ၃-ပါးအမျိုး သမီးအား လုံးနဲ့ လိုက်ဖက်စေပြန်တာကြောင့် ရိုးရိုးယဉ်ယဉ်ဖြင့် ပွဲလည်တင့်စေတော့တာပေါ့) ။

" Accessories ရွေးချယ်တတ်မှု "
ငယ်သူများ လက်ပတ်နာရီဒိုင်ခွက်ပန်းရောင်ကို အဖြူရောင်လက်ပတ်ကြိုး(သို့ မဟုတ်) ၄င်း နဲ့ ပြောင်းပြန် ပန်းရောင်လက်ပတ်ကြိုး ကို အဖြူရောင်ဒိုင်ခွက်နာရီလေးဝတ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီး ပိုင်းများအတွက် ပန်းရောင်ဝတ်စုံနဲ့ ဆိုရင် အ၀ါရောင်ရွှေနာရီ က တောကျစေလို့  ငွေ(သို့ မဟုတ်) စတီးလ်(သို့ မဟုတ်)တိုက်တေနီယမ်(သို့ မဟုတ်)ပလက်တီနမ် စတဲ့ သင့် တော်ရာ အဖြူရောင်နာရီမျိုး ပတ်ပေးပါ။ ခေါင်းအလှ ဆင်ဖန်စီလေးတွေ နဲ့ ရင်ထိုးလေးတွေကို အဖြူနဲ့ ပန်းရောင်များများပါ တဲ့ ပြိုး ပြိုးပြက်ပြက် ဒီဇိုင်းလေးတွေရွေးပေး နိုင်ပါတယ်။ လက်ကိုင်အိတ်နဲ့ ဖိနပ်အရောင်တွေအတွက် ရွေး ချယ်ရခက်နေရင်တော့ အဖြူ (သို့ မဟုတ်)ခဲဖျော့(သို့ မဟုတ်)ဘော်ငွေရောင် အိတ်/ဖိနပ်တို့ ကို သာ ရွေးဝယ်လိုက်ပါတော့။ (အဲ…ပန်းရောင်ကို အနက်နဲ့ တွဲစပ် ချုပ်ဝတ်သူများအနေဖြင့် လက်ကိုင် အိတ်နဲ့ ဖိနပ်ကိုအနက်ေ ရာင်လေးရွေးပေးရင် အရမ်းကိုလန်းထွက်သွားစေတာပေါ့ ရှင်)

" မျက်နှာအလှအပ ပြင်ဆင်တတ်မှု "
ယဉ်တစ်ကိုယ်မယ်လေးဖြစ်စေဖို့  ဆံပင်အရောင်ကလည်း အဓိကပံ့ပိုးနေတာမို့ အနက်ရောင် /မင်းကွတ် သီးရောင်/ချောကလက် ရောင်ရင့်ရင့်ဆံပင်တွေက ပန်းရောင်ဝတ်စုံနဲ့ လိုက်ဖက်လှ ပါတယ်။ အဖြူရောင် နဲ့ အပြာရောင်ဝတ်စုံတွေလိုဘဲ၊ ပန်းရောင်ဝတ်တဲ့ အခါမှာလည်း မျက်နှာေ အာက်ခံမိတ်ကပ်ဖြူကို ပုံမှန် ထက်နဲနဲပိုလိမ်းပေးရပါမယ်။ ပန်းရောင်ဝတ်စုံအတွက် အိုင်း လိုင် နာအနက် ရောင်ကသာ အသင့်တော် ဆုံးဖြစ်ပါတယ်။ အသားဖြူသူများက မီးခိုးရောင်အိုင်းရှဲဒိုး သုံးပြီး၊ အသားမည်းသူများက ငွေမှင်ရောင် အိုင်းရှဲဒိုးသုံးကြည့်ပါ။ ခရမ်းရင့်ရောင်/ပြာလွင် လွင်ရောင်/အညိုရောင် Mascara လေးတွေက ပန်းရောင်နု/ ရင့်ဝတ်စုံအားလုံး နဲ့  လှပလို့ နြေ ပန်ပါတယ်။ အသားဖြူသူတွေအတွက် ပန်းရောင်ဝတ်စုံနဲ့  အလိုက်ဖက် ဆုံးနှုတ် ခမ်းဆိုးဆေး အရောင်ကတော့ ပန်းဆီ ရောင်တောက်တောက် လေးပါဘဲရှင်(အကယ်၍ ပန်းဆီရောင် မကြိုက် သူများ အနီဖောက်ထားတဲ့လိမ္မော်ရောင်လေးတွေ ဆိုးပေး နိုင်ပါတယ်) အသား အလွန် ညိုသူများအတွက် အလိုက်ဖက်ဆုံးကတော့ ပန်းရောင်ဖျော့ဖျော့( သို့ မဟုတ်)nudeအေ ရာင် နှုတ် ခမ်း ဆိုးဆေး gloss စိုစိုလေးတွေကိုသုံးပေးလိုက်ပါ။ နောက်ပြီး အသားရောင်/ ပန်းဆီရောင်/ ပန်းရောင်ဖျော့ဖျော့/nude စတဲ့လက် သည်းနီလေးတွေကလည်း ပန်းရောင်ဝတ်စုံ နဲ့ လိုက်ဖက်တာမို့  မိမိအသက် အရွယ်နဲ့  သင့်တော်မယ့်အရောင်မျိုးကို ရွေးသုံးပေး နိုင်ပါ တယ်။ (လက်သည်းအလှဆင် ခရေစီဖြစ်သူ မမများအတွက်ကတော့ မိမိဝတ်ဆင်မယ့် ဒီဇိုင်း အရောင်နဲ့  လိုက်ဖက်မယ့် အပွင့် လေးတွေ ပုံဖော်ပြီး အဖြူ/ပန်းရောင် များများပါတဲ့ ကာလာေ လးတွေကို သုံးပေးသင့်ပါတယ်)

ဖက်ရှင်ချစ်သူများ လှသထက်ပို၍လှနိုင်ကြပါစေ။

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)
promise.pauk

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...