မြန်မာလုပ်သားများအား ငွေညှစ်သည့် ထိုင်းရဲများကို တားမြစ်ပေးရန် ထိုင်းအစိုးရထံ တောင်းဆို

photo;www.ucanews.com

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအား ထိုင်းရဲများက ခေါင်းပုံဖြတ်ငွေညှစ်တောင်းခံနေမှုများကို တားမြစ်ပေး ရန် ထိုင်းအစိုးရထံ ကတိတောင်းခံခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်ကပြောကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများသည် ထိုင်းရဲများ၏ မကြာခဏ မတရားငွေ ညှစ်တောင်းခံမှုများနှင့် ဖမ်းဆီးမှု များခံနေရပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမားများ သာမကတရားဝင်အထောက် အထားရှိနေသော မြန်မာအလုပ် သမားများကိုပါ ငွေညှစ်တောင်းခံနေမှုများ ရှိနေကြောင်း သိရသည်။

‘‘ရဲတွေက မြန်မာအလုပ်သ မားတွေကို မတရားနှိပ်စက်တာ။ အထောက်အထားရှိရဲ့သားနဲ့ ဆက်ကြေးတောင်းတာ။ ဒီကိစ္စကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ သူတို့ဘက်က လုပ်ပေးပါ့မယ်လို့ သဘောတူခဲ့တယ်’’ဟု ဦးထင်အောင်ကပြောသည်။

‘‘ထိုင်းရဲက အခုလိုငွေညှစ် နေတာကို မြန်မာသံရုံးနဲ့ ထိုင်းအာဏာပိုင်တွေကို ဟိုတုန်းက တည်းက သက်သေအထောက် အထားတွေနဲ့ တင်ပြခဲ့ပေမယ့် အရေးယူမှုမရှိခဲ့ဘူး’’ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ (MAT) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များသည် မြန်မာအလုပ်သမားများထံမှ ဘတ်ငွေရာနှင့် ချီ၍ တောင်းခံ လျက်ရှိပြီး ထိုသို့ ဖိနှိပ်ကောက်ခံမှု များကို ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားအရေးဆောင်ရွက် သူများက နှစ်နိုင်ငံအစိုးရ ထံတင် ပြတောင်းဆိုသော်လည်း လက်ရှိ အချိန်အထိ ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဆိုသည်။

ထိုင်းရဲများ၏ ငွေညှစ်တောင်းခံမှုကို မကျေနပ်၍ ဧပြီ ၁၇ ရက်က မြန်မာ အလုပ်သမားများ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါလုပ်သားများသည် မြန်မာနှစ်ကူး သင်္ကြန်ကာလတွင် နေရပ်သို့ ပြန်ကြ သည့် လုပ်သားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ပြန်လည် ၀င်ရောက်လုပ်ကိုင်လိုသည့်အတွက် တရားမ၀င် လမ်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်ခဲ့၍ အလုပ်သမားအများစု ဖမ်းဆီးခံခဲ့ရသည်။

7Day Daily
No.382 Sunday, May 18, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...