Bokeh ပုံဖော်နည်း...



ကျွန်တော်ပြောသလိုပါပဲ ဓာတ်ပုံဟာ Inspiration နဲ့ Art ပေါင်းစပ်ထားတာပါ..။ တစ်ခါတစ်ရံမှာ Arts ကို ဦးစားပေးရတာ ရှိသလို...။ တစ်ခါတစ်ရံမှာတော့ Inspiration ကို ဦးစားပေးရတာ ရှိပါတယ်..။ တစ်ခါတစ်ရံ နှစ်ခုစလုံးပါဖို့ လိုပါလိမ့်မယ်..။

ကျွန်တော် အခုပြောမယ့် ရိုက်နည်းလေးကတော့ အပျော်သဘောအနေနဲ့ သုံးလို့လဲ ရသလို...။ တကယ် တမ်း Commercial Shot တွေမှာ လည်းလိုအပ်လာရင် သုံးလို့ရပါတယ်..။ ငွေအကုန်အကျ တစ်ပြားတစ် ချပ်မှ ကုန်စရာမလို..။ Photoshop ထဲမှာ နာရီနဲ့ ချီပြီး အချိန် ကုန်စရာ မလိုပဲ ရိုက်လို့ရနိုင်တဲ့ Tutorial လေးပါ...။

Bokeh ဆိုတာ ဂျပန်ဘာသာစကားက ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်..။ ကိုယ်လိုချင်တဲ့ Subject ကို ကြည်ကြည်လင်လင်နဲ့ ရိုက်ယူပြီး နောက်ပိုင်းက Focus မဖြတ်ထားလို့ ၀ါးတားတားဖြစ်နေတဲ့ အပိုင်းလေး ကို ယေဘူယျအားဖြင့် Bokeh လို့ ခေါ်နိုင်ပါတယ်..။ Bokeh ကောင်းတယ်မကောင်းဘူး လှတယ် မလှဖူး ဆိုတာ Camera နဲ့ မဆိုင်ပဲ Camera မှာ တပ်ထားတဲ့ Lens နဲ့ သာဆိုင်ပါတယ်..။ Lens မှာ ပါတဲ့ Blade များလေ Bokeh က ပိုဝိုင်းသွားပြီးတော့ ပိုလှလေ ဖြစ်ပါတယ်..။ Lens တစ်ခုနဲ့ တစ်ခု Blade ပါတဲ့ အရည်အတွက်တွေမတူကြပါဘူး..။ Blade များလေ Aperture ကျယ်လေ Lens က ဈေးပိုကြီးလေပါပဲ..။

နောက်ပိုင်း လူသုံးများတဲ့အထဲမှာ 9 Blade ကနေပြီးတော့ 12 Blade အထိ ပါလာကြတာကိုတွေ့ရမှာပါ..။ Blade ဆိုတာ Aperture မှာပါတဲ့ တံခါးရွက်လေးတွေကို ခေါ်တာပါ..။Aperture ကို ကျယ်ကျယ်ဖွင့်ပြီး ရိုက်ထားတဲ့ ပုံတော်တော်များများရဲ့ နောက်ခံ Background လေးတွေမှာ ငါးထောင့်တုံးလေးတွေ လိုလို..။ ခြောက်ထောင့်တုံးလေးတွေလိုလို အ၀ိုင်းလေးတွေကိုတွေ့ဖူကြမှာပါ..။ အဲ့ဒါလေးတွေက Bokeh လေးတွေပါပဲ..။ Lens မှာ ပါတဲ့ Blade အရေအတွက်ပေါ် မူတည်ပြီး တစ်ချို့က ခြောက်ဒေါင့် ပုံလေးတွေပေါ်ကာ အချို့က ၅ ဒေါင့် ပုံလေးတွေပေါ်ပါတယ်..။ ဈေးကြီးတဲ့ Blade များတဲ့ Lens တွေနဲ့ ရိုက်ထားရင်တော့ Bokeh လေးတွေက အ၀ိုင်းလေးတွေ နီးပါး ပေါ်ပါတယ်..။

အခု ကျွန်တော်ပြောမယ့် Tutorial က အဲ့ဒီ့ Blade အပေါ်ကို အခြေခံထားပြီး ဆန်းသစ်ထားတာပါ...။ Bokeh ကို Blade အရေအတွက် ရှိတဲ့ အတိုင်း မပေါ်စေတော့ပဲ ကိုယ်ပေါ်စေချင်တဲ့ ပုံဖြစ်အောင် ဖန်တီး ယူခြင်းပဲ ဖြစ်ပါတယ်..။ ဘာမှ အကုန်အကျများမယ့် Gear တွေ မလိုပါဘူး..။ စာရွက်ထူထူတစ်ရွက်ရယ်..။ ကက်ကြေး တစ်လက်ရယ်ပဲ လိုပါတယ်...။ စာရွက်နဲ့ မလုပ်ပဲ ပလပ်စတစ် အပြားလေးတွေနဲ့ လုပ်လဲရ ပါတယ်..။ သေသေသပ်သပ် ညှပ်နိုင်လေ Bokeh လေးတွေ ပိုလှလေပါပဲ..။စာရွက်ကို ကိုယ်ရိုက်မယ့် Lens အတွက် အ၀ိုင်းလေးညှပ်လိုက်ပါ...။ အလယ်မှာ ကိုလိုချင်တဲ့ပုံလေးကို ကက်ကြေးလေးနဲ့ ညှပ်ပြီး ဖောက်လိုက်ပါ...။ ဥပမာ အသဲပုံတို့... ကြယ်ပုံတို့... Cross ပုံတို့ ( မိမိ စိတ်ကူးရှိသမျှ ပုံဖော်နိုင် ပါတယ်..။)

(အခု Tutorial မှာ ကျွန်တော် 50mm f/1.8 နဲ့ ရိုက်ပြထားပါတယ် ဘာလို့လဲဆိုတော့ သူက Wide Open ဖြစ်တာရယ်..။ Bokeh ကို သိသိသာသာပေါ်စေတာ ရယ်..။ ဈေးသက်သာတာ ရယ်ကြောင့် ဖြစ်ပါတယ်..။)

အဲ့လို ညှပ်ပြီးသွားပြီဆိုရင် အဲ့ဒီ့ စာရွက် အ၀ိုင်းလေးကို ကိုယ်ရိုက်မယ့် Lens ရှေ့မှာ တပ်လိုက်ပါ ( တစ်ချို့ ကတော့ အဲ့ဒီ့အ၀ိုင်းပြားလေးတွေကို ကြိုးလေးနဲ့ တွဲထားပြီး Lens မှာ ချည်လိုက်ပါတယ်..။) အလယ်က ကိုယ် ပုံဖော်ချင်လို့ ဖောက်ထားတဲ့ အပေါက်ကနေ Subject ကို Focus ဖြတ်ပြီးရိုက်ပါ..။ အနောက်က Bokeh သိသိသာသာပေါ်စေဖို့အတွက် အလင်းရောင်ရှိမယ့် အရာလေးတွေကို ထားထားတာ ပိုကောင်း ပါတယ်..။ ဥပမာ မီးလုံးတို့.. ဖယောင်းတိုင်တို့လိုမျိုးပေါ့...။

အဲ့ဒါတွေ အားလုံး Ready ဖြစ်ရင် ရိုက်ကြည့်လိုက်ပါ..။ ကျွန်တော် အခုအောက်မှာ ပြထားတဲ့ ပုံမျိုးလေးတွေ ထွက်လာပါလိ့မ်မယ်..။ ကျွန်တော်ရေးတာကို မရှင်းတဲ့ အပိုင်းတွေရှိရင် မေးနိုင်ပါတယ်..။ Google မှာ လည်း ကျွန်တော်ရေးတာထက် ပိုပြည့်စုံကောင်းမွန်တဲ့ Tutorial တွေရှိပါတယ်..။ မြန်မာလိုရေးထားတဲ့ Tutorial တွေ မရှိသလောက် နည်းနေသေးတဲ့အတွက် ကျွန်တော် နားလည်သလောက် ပြန်လည် ရှင်းပြပြီး ရေးပေးထားခြင်း ဖြစ်ပါတယ်..။အားလုံး Bokeh လှလှလေးတွေ ရနိုင်ပါစေ..။ ရိုက်ဖြစ်ရင်လည်း ကျွန်တော့် Wall ပေါ်မှာ Share လို့ ဖြစ်စေ..။ Apertur21 Page ကို Tag လုပ်လို့ ဖြစ်စေ...။ မျှဝေနိုင်ပါတယ်...။




လေးစားစွာဖြင့်

Black Dream
http://www.aperture21.com

P.S - Dedicated To Sayar Pe Myin Oo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...