How To Use Sony Flashtool Beginner Guide !
လေ့လာနေတဲ့ ဘော်ဒါ တော်တော်များများ အခုနောက်ပိုင်း အမေးများနေလို့  ဒီနည်းလမ်းလေး ပြောပြပေး တာပါ တကယ်တန်း ကျွန်တော်လည်း သိပ်မသိပါဘူး သိသလောက်လေးတော့ ပြန်လည်ဝေမျှပေးပါ့မယ်
”Sony User” တော်တော်များက ဒီနာမည်လေးတွေ့ တာနဲ့  တန်းသိမယ်လို့ ထင်ပါတယ် တော်တော် များများကလည်း ဒီကောင်လေးရဲ့ အသုံးဝင်ပုံတွေ သိပ်မသိတာများပါတယ်ဗျာ… Basic Knowledge အနေနဲ့ မှတ်ထားရမှာတော့..
flashmode မှာ အသုံးပြုလို့ ရတဲ့ Function အပိုင်းတွေကတော့
1) flash any sony ericsson firmware (FTF files)
2) flash sony ericsson offical kernals (SIN files) without flashing hole firmware
3) flash different basebands (FTF files)
4) install different system apps along with firmware’s
5) auto root your device
6) unbrick your device ( depends on the state of your handset damage )
7) relock your bootloaders
8) နဲ့ အများအမြားသုံးလို့ ရပါသေးတယ်
fastboot mode မှာတော့
1) flash custom kernals (boot.IMG files)
2) flash system images (system.IMG files)
3) နဲ့ တခြားနည်းလမ်းတွေ အသုံးပြုလို့ ရပါသေးတယ်ဗျာ….
အကြောင်းအရာ များနေမှာဆိုးလို့  Flashmoode မှာ Bootloader ဖြည်ပုံဖြည်နည်းလေးနဲ့  Fastboot မှာ Boot Image သွင်းပုံလေး ပြောပြပါ့မယ်ဗျာ….. Bootloader ဖြည်ဖို့ ဆိုတာကတော့ ကိုယ့်ရဲ့ ဖုန်းကို CWM Image တို့  တခြားနည်းလမ်းတွေ အသုံးပြုလို့ ရဖို့ အတွက် သူ့ တရားဝင် ဆိုက်က ပိတ်ထားတဲ့ စည်းလေး ကို ဖျက်လိုက်တဲ့ သဘောပါပဲ အရင်ဆုံး မိမိတို့ ဖုန်းဟာ Bootloader ဖြည့်ဖို့ ဆိုရင် သူ့ ဆိုက်မှာ Booloader Code ကို သွားရောက်တောင်းရမှာဖြစ်ပါတယ် အသေးစိတ် ဘာတွေလိုအပ်လည်း ဆိုတာ ကိုတော့ ဒီဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်...
ပြီးရင် သူပြောတဲ့အတိုင်း ပြည့်စုံပြီဆိုရင်တော့ မိမိတို့ ဖုန်းကို Bootloader Code တောင်းခံပြီးရလာတဲ့ Code လေးမှာ မှတ်သားထားရပါမယ့် ပြီးရင် မိမိတို့ ဖုန်းကို Power Off ထားလိုက်ပါ ထို့ နောက် Flash Tool ကိုဖွင့်ပါ အပေါ်ဘယ်ဘက်နားလေးမှာ BLU ဆိုတဲ့ Bootlaoder Unlock ဆိုတာလေးတွေ့ ပါလိမ့်မယ် အဲ့ကောင်လေးကို နှိပ်ပေးလိုက်ပါ ပြီးလျှင် မိမိတို့ ဖုန်းကို Flash Mode မှာ ကြိုးထိုးပါလို့  သူညွှန်ကြားပေး ပါလိမ့်မယ်.. ပြီးပြီဆိုလျှင် Fastboot mode ကို ထပ်ခေါ်ခိုင်းပါလိမ့်မယ် ပြီးပြီဆိုလျှင် ဖုန်းရဲ့  IMEI နဲ့  Unlock Code ဆိုပြီး ပေါ်လာပါမယ် ရလာတဲ့ Code ကို ရိုက်ထည့်လိုက်တာနဲ့ Bootloader Unlock State ပြီးဆုံးသွားပါလိမ့်မယ် Fastboot mode မှာ အသုံးပြုဖို့ အတွက် မိမိတို့ ဖုန်းဟာ Bootloader Unlock State ဖြစ်ပြီး ဖြစ်ရပါမယ် အလွယ်ကူဆုံး နည်းလမ်းတခု အနေနဲ့  Boot Image ကို Flash ပုံလေးပြောပြပါမယ်
မိမိတို့ မှာရှိတဲ့ Boot Image ကို kernel.sin ဆိုပြီးအရင်ဆုံး နာမည်ပြောင်းပေးရပါမယ် ပြီးပြီဆိုလျှင် Flash Tool မှာ Fastboot mode ဆိုတာကိုရွေးပေးရပါမယ် ပြီးပြီဆိုရင် Doomloard ဆိုတဲ့ အကွက်လေးက selected kernel ဆိုတာလေးရွေးပြီး ခုနကပြောင်းထားတဲ့ ဖိုင်လေးကို ရွေးပေးလိုက်တာနဲ့ သူ့ ဟာသူ အလုပ်လုပ်သွားပါလိမ့်မယ် ပြီးပြီဆိုရင် မိမိတို့ ဖုန်းကို ကြိုးဖြုတ်ပြီး CWM Mode ဖြစ်ဖြစ် Stock Recovery Mode ဖြစ်ဖြစ် စတင်အသုံးပြုလို့ ရပါပြီဗျာ……… ကျွန်တော်နားလည် သလောက်လေး ရှင်းပြရတဲ့အတွက် အခက်အခဲတွေဖြစ်မယ်ဆိုလည်း သီးခံပြီး ဖတ်စေချင်ပါတယ် ဆရာတွေကတော့ ကျော်သွားပေါ့ ဗျာ… နောက်များမှာလည်း နောက်ထပ်အသုံးပြုလို့ ရတဲ့ အကြောင်း အရာလေးတွေ ရွေးချယ်ပြီး တင်ပြပေး ပါ့မယ်ဗျာ…. အားလုံးအဆင်ပြေကြမယ်လို့ ဆုတောင်းရင်း……….
အသုံးဝင်မယ်ထင်တဲ့ ပုံလေးတွေပါတင်ပေးထားပါတယ် အမှားပါလျှင်ခွင့်လွှတ်ပေးပါဗျာ…
အကောင်းဆုံးမဟုတ်ပေမယ့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တဲ့ စိတ်နဲ့ ….nyipaing39@gmail.com
Credit;MMSD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)