မော်စကိုအပြည်ပြည်ဆိုင်ရာစက်ရုပ်ပြပွဲမှာ ဖျော်ဖြေသွားတဲ့ စက်ရုပ် Metal တီးဝိုင်း


Angel on 2014-05-19 15:43

တီးဝိုင်းတော်တော်များများဟာ သူတို့ ရဲ့လက်မောင်းတွေမှာ တက်တူးတွေဖြည့်၊ အပေါက်တွေဖောက်၊ ၁၉၈၀ တစ်ဝိုက်က ဆံပင်ပုံစံတွေ ညှပ်ပြီး ဖျော်ဖြေကြပေမယ့် ဒီ တီးဝိုင်းလောက်တော့ Metal မကျပါဘူး။

ဂျာမန် Metal တီးဝိုင်း Compressorhead မှာ အရပ်ငါးပေစီရှိတဲ့ စက်ရုပ်သုံးရုပ်နဲ့ ဖွဲ့ စည်းထားပြီး ဒီ ရက်သတ္တပတ်အကုန်က မော်စကို ARTPLAY ဒီဇိုင်းစင်တာမှာ ကျင်းပခဲ့တဲ့ စက်ရုပ်ပြပွဲမှာ လာရောက် ဖျော်ဖြေသွားခဲ့ပါတယ်။

ကမ္ဘာမှာ တစ်ခုတည်းသော စက်ရုပ် ရော့ခ်တီးဝိုင်းဟာ လက်လေးဘက်ပါတဲ့ ဒရမ်သမား စက်ရုပ် Stickboy၊ ဘေ့စ်ဂီတာသမား Bones နဲ့ လိဒ်ဂီတာသမား Fingers တို့ နဲ့ ဖွဲ့ စည်းထားတာပါ။

Compressorhead တီးဝိုင်းအဖွဲ့ ဝင်အကုန်လုံးကို သတ္တုအပိုင်းအစတွေနဲ့ ပြုလုပ်ထားပြီး လျှပ်စစ်ဂီတာတွေနဲ့  တီးခတ်ဖျော်ဖြေတာပါ။

နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Motorhead ရဲ့ Ace of Spades ကို Compressorhead က ပြန်လည်တီးခတ် ထားတာကို Youtube မှာ ၀င်ရောက်ကြည့်ရှုသူပေါင်း ၆.၃ သန်းကျော်ရှိထားပါတယ်။

မော်စကိုမှာကျင်းပနေတဲ့ လချီကြာတဲ့ ဒီပြပွဲကြီးမှာ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ အာရှနဲ့ နယူးဇီလန် က စက်ရုပ်ပေါင်း ၄၀ ကျော် ပါဝင်ပြသထားပါတယ်။

Ref: Dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...