ကမ္ဘာ့ ပထမဆုံး သောက်သုံးနိုင်သည့် နေရောင်ခြည်ဒဏ် ကာကွယ်ပေးသည့် ခရင်



ပင်လယ်ကမ်းခြေများတွင် နေပူစာလှုံသည့် လူများအတွက် နေရောင်ခြည်ဒဏ် ကာကွယ်ပေးသည့် ခရင်ဘူးများကို ယူဆောင်သွားရသည့် အလုပ်ရှုပ်မှု ကင်းဝေးတော့မည် ဖြစ်သည်။ ကမ္ဘာ့ ပထမ ဆုံး သောက်သုံးနိုင်သည့် နေရောင်ခြည်ဒဏ် ကာကွယ်ပေးသည့် H2O UV ခရင် ကို စတင်ရောင်းချပေး လိုက်ပါသည်။ အဆိုပါခရင်သည် နေရောင်ခြည်ကြောင့် အန္တရာယ် ဖြစ်စေသည့် ဆိုးကျိုး အမျိုးအစားပေါင်း သုံးဆယ်ကို ကာကွယ်ပေးနိုင်သည်ဟု သိရပါသည်။ ခရင်သောက်သုံးသူများ သည် နေလောင်ခြင်း ကို ကြောက်ရန် မလိုဘဲ အချိန်အတော်ကြာ နေပူစာလှုံနိုင်မည် ဖြစ်သည်။ ခရင်ကို သောက်သုံးပြီး သည်နှင့် မော်လီကျူး အရည်များက အရေပြားပေါ်တွင် နေရာယူပြီး UVA နှင့် UBV ရောင်ခြည်များ ကို (၉၇) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည် ဟု Osmosis Skincare က ပြောပါသည်။

ကမ္ဘာ့ပထမဆုံး သောက်သုံးနိုင်သည့် ခရင် ကို 100ml တစ်ဘူးလျှင် စတာလင်ပေါင် (၁၇) ဖြင့် ရောင်း ချပေးနေပြီ ဖြစ်သည်။ နေရောင်ခြည် နှင့် ထိတွေ့သူများအဖို့ လေးနာရီခြား တစ်ခါ ခရင် 2ml သောက်သုံးရ မည်ဟု ကုမ္ပဏီ ၀က်ဆိုက်တွင် ရေးသားထားပါသည်။ တစ်ခါသောက် ခရင်ကို ရေနှစ်အောင်စ ရော ပြီး သောက်သုံးနိုင်ပါသည်။ နေရောင်ခြည် နှင့် ထိတွေ့မှု မပြုလုပ်မီ ခရင် ကို တစ်နာရီ ကြိုတင်သောက် သုံးရမည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...