Northumbria University ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု မဟာသိပ္ပံဘွဲ့ဒီဂရီကို တက်ရောက်နိုင်



စင်ကာပူနိုင်ငံရှိ MDIS မှ အင်္ဂလန်နိုင်ငံ၏ ထိပ်တန်း Northumbria University နှင့် ချိတ်ဆက်၍ ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာသိပ္ပံဘွဲ့ဒီဂရီ MSc Health Sciences (Management) ကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးစီမံခန့်ခွဲမှု သိပ္ပံဘာသာရပ်သည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ ကျန်းမာရေးမူဝါဒများ ချမှတ်ခြင်းနှင့် ဦးစီးဦးဆောင် ပြုလုပ်လိုသူများအတွက် အထူးသင့်လျော်သည့် ဘာသာရပ်ဖြစ်ပြီး အထူးသဖြင့် ဆေးပညာဘာသာရပ်များဖြင့် ပြီးဆုံးထား သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ အတတ်ပညာများ ထည့်သွင်းထားပေးခြင်းဖြစ်ကြောင်း သိရသည်။ တက်ရောက် မည့် ကျောင်းသား၊ ကျောင်းသူများသည် သီအိုရီ သင်ကြားမှုပိုင်းဆိုင်ရာ သင်ရိုးညွှန်းတမ်းတွင် ဘာသာရပ် ၄ ခုနှင့် လက်တွေ့ သင်ခန်းစာအတွက် Dissertation (စာတမ်းတစ်စောင် ပြုလုပ်ရမည်ဖြစ်ပြီး ပညာသင် ကာလ တစ်နှစ်ကို MDIS တွင် တက်ရောက်ပြီးစီးပါက Northumbria University ၏ ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာသိပ္ပံဘွဲ့ဒီဂရီကို ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးညွှန်းတမ်းများထဲမှ မယူမနေရ ဘာသာရပ် ၃ ခုတစ်ခုကို မိမိနှစ်သက်ရာ ရွေးချယ် သင်ယူနိုင်မည် ဖြစ်သည်။ နောက်ဆုံး အဆင့်အနေဖြင့် Dissertation (စာတမ်း) တစ်စောင် ပြုစုရ မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများသည် Empirical Project (သို့မဟုတ်) Pratice Project (သို့မဟုတ်) Systematic Appraisal (သို့မဟုတ်) Project Feasibility Study Dissertation စသည်တို့ထဲမှာ ခေါင်းစဉ်တစ်ခုခုကို အကျယ်တဝင့် ရေးသားတင်ပြရမည်ဖြစ်ပြီး ယင်းစာတမ်း တင်ပြနိုင်မှသာ Northumbria University မှပေးအပ်မည့် မဟာသိပ္ပံဘွဲ့ဒီဂရီကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများသည် Exam ဖြေဆိုခြင်းများအပြင် Assignment တင်ပြခြင်း၊ စာလုံးရေ ၃၅၀၀ ပါ Essay (သို့မဟုတ်) Presentation များ ပြုလုပ်ခြင်းဖြင့် ပေါင်းစပ်ပြီး မဟာသိပ္ပံဘွဲ့အတွက် ဆုံးဖြတ် မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လကျောင်း ခေါ်ချိန်ကို လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံ တွင် ဆေးပညာနှင့် ပတ်သက်သည့် ဘွဲ့ဒီဂရီတစ်ခုခု ရရှိထားသူများသည် IELTS 6.5 နှင့်အတူ လျှောက် ထားနိုင်မည် ဖြစ်သည်။ အခြားသော အသိအမှတ်ပြု ဘွဲ့ဒီဂရီရရှိထားသူများအတွက် IELTS (6.5) နှင့် အတူ လျှောက်ထားနိုင်မည် ဖြစ်သည်။ အခြားသော အသိအမှတ်ပြု ဘွဲ့ဒီဂရီ ရရှိထားသူများအတွက် Case by Case ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ကျောင်းခေါ်ချိန်အတွက် ထူးခြားမှု အဖြစ် ဘာသာရပ်ကြေး စင်ကာပူဒေါ်လာ ၂၅၆၈၀ ထဲမှ စင်ကာပူ ဒေါ်လာ ၂၀၀၀ ကို Study Grant အဖြစ် ပြန်လည် ပေးအပ်မည့် အစီအစဉ်ရှိကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက AT & S Co.,Ltd ဖုန်း-၀၁- ၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၇၁၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၁၂၄၇၆၁ သို့ အသေးစိတ်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...