၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ယူကေနိုင်ငံ Essex Business School မှ ပေးအပ်သည့် စီးပွားစီမံ ခန့်ခွဲအုပ်ချုပ်မှု မဟာဘွဲ့


photo;www.intstudy.com

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူအယောက် ၂၀ ကို Essex Business School, MBA ပညာသင်ဆု ချီးမြှင့်သွားမည် ဖြစ်သည်။ ပညာသင်ဆု ရရှိခဲ့ပါက အခြေခံ အကျိုးခံစားခွင့် များရရှိမည် ဖြစ်ပြီး ကျောင်းလခအနေဖြင့် ပေါင် ၅၀၀၀ သက်သာစေနိုင်သည်။

Essex တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့်ရရှိမည်ဖြစ်သည်။ Essex Business School မှ ယခုပညာသင်ဆုကို ထောက်ပံ့ပေးခြင်းဖြစ်ပြီး သင်တန်းအားလုံးအတွက် ကိုယ်ပိုင်ငွေကြေးဖြင့် အကုန် အကျခံတက်ရောက်မည့် နိုင်ငံရပ်ခြားမှ ကျောင်းသားများ၊ အီးယူနှင့် ယူကေတွင် ရှိသော ကျောင်းသားများ အတွက်သာ ကန့်သတ်ထားသည်။ အခြားအဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ဖြင့် တက်ရောက် မည့် ကျောင်းသားများအတွက် မဟုတ်ပေ။ လျှောက်ထားသူသည် အင်္ဂလန်နိုင်ငံ၏ ပထမတန်း အဆင့် တက္ကသိုလ် ပထမဘွဲ့ကို ရရှိထားသူနှင့် ညီမျှသော အရည်အချင်းရှိရမည် ဖြစ်ပြီး အနည်းဆုံး IELTS ရမှတ် ၆.၅ ရှိရမည်။ သို့မဟုတ်ပါက စီမံအုပ်ချုပ်မှု လုပ်သက်အတွေ့အကြုံ ငါးနှစ်အပါအဝင် လုပ်သက် အတွေ့ အကြုံ ဆယ်နှစ်နှင့် အနည်းဆုံး IELTS ရမှတ် 6.5 ရရှိရမည် ဖြစ်သည်။ အချိန်ပြည့် တက်ရောက်နိုင်ပြီး အချိန်ပိုင်းနှင့် မော်ဂျူးအလိုက်လည်း တက်ရောက်နိုင်သည်။

ပညာသင်ဆုကို ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ ကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုရသူ သည် ကျောင်းလခပေါင်း ၅၀၀၀ သက်သာမည် ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားသူသည် မူလကပညာသင်ဆု လျှောက်လွှာအဖြစ် တရားဝင်မှတ်တမ်း ကိုယ်ရေး အချက်အလက်များနှင့် အောင် လက်မှတ်များကို ပို့ပေးရန် လိုအပ်သည်။ လျှောက်ထားသူသည် နောက်ဆုံးရက် ဇူလိုင်လ ၃၁ ရက် တွင် ကျောင်းလခ၏ သုံးပုံတစ်ပုံကို ကြိုတင်ပေးသွင်းရမည် ဖြစ်သည်။ နောက်ဆုံး သတ်မှတ်ထားသော ရက်ကို ကျော်လွန်သွားပါက လျှောက်ထားသူများ ထုတ်ပယ်ခြင်းခံရမည် ဖြစ်သည်။ ပညာသင်ဆု အကြောင်းစုံစမ်းနိုင်မည့်

ပညာသင်ဆုအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ http://scholarship-positions.com

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...