မြန်မာလူငယ်များ လျှောက်ထားနိုင်မည့် A Star ပညာသင်ဆု



ထူးချွန်ထက်မြက်သော မြန်မာကျောင်းသူ၊ ကျောင်းသားများကို A Star စင်ကာပူနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီမှ စင်ကာပူနိုင်ငံတွင် လေးနှစ်တာ အလယ်တန်းနှင့် တက္ကသိုလ်ဝင်တန်း ဆက်လက် ပညာဆည်းပူးနိုင်ရေးအတွက် ပညာတော်သင်ဆုများ ချီးမြှင့်မည် ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားသူများမှာ မြန်မာနိုင်ငံသား ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အတွင်း မွေးဖွားသူများ၊ အနည်းဆုံး ၈ တန်း (Grade 9) အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။ ထို့ပြင် ပညာထူးချွန်မှု မှတ်တမ်းရှိရမည်ဖြစ်ပြီး Grade 9 နှင့် ၁၀ တွင် အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေဖြင့်လည်း သင်ကြားခဲ့ရမည် ဖြစ်သည်။ ပညာသင်ဆုတွင် နှစ်စဉ်ထောက်ပံ့ကြေး၊ ကနဦး ထောက်ပံ့ကြေး၊ ကျောင်း လခနှင့် စာမေးပွဲကြေး ကင်းလွတ်ခွင့်၊ အဆောင်နေစရိတ်၊ ဆေးဝါးကုသမှုဆိုင်ရာ ထောက်ပံ့မှုနှင့် မတော်တဆထိခိုက်မှု အာမခံကြေး၊ ပညာသင်နှစ် အစနှင့် အဆုံးတွင် ရိုးရိုးတန်း လေယာဉ်လက်မှတ်များ ပါဝင်မည်။

ရွေးချယ်မှု စာမေးပွဲနှင့် နှုတ်ပြောကို စင်ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲနှင့် နှုတ်ဖြေ အတွက် ကျသင့်သောခရီးနှင့် အခြားစရိတ်များကို ပေးချေပေးမည် မဟုတ်ပေ။ လျှောက်လွှာများကို ဧပြီလ ၂၁ ရက်မှ စတင်ကာ စင်ကာပူသံရုံး၊ အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်တွင် ရယူနိုင် သည်။ လျှောက်လွှာ တင်ရမည့် ကာလမှာ ဧပြီလ ၂၁ ရက်မှ မေလ ၃၀ ရက် ဖြစ်သည်။

A Star Young Researcher Attachment Programme (YRAP) အစီအစဉ် ရွေးချယ်ခံရသည့် ကျောင်း သား၊ ကျောင်းသူများသည် ကျောင်းပိတ်ရက် ကာလများတွင် A Star သုတေသန အဖွဲ့အစည်းများ၊ A Star Research Institutes တွင် ပညာသင်အဖြစ် သုတေသနအတွေ့အကြုံများ ရရှိမည် ဖြစ်သည်။ ပညာ ထူးချွန်မှုအပြင် သိပ္ပံပညာရပ်များကို ချစ်မြတ်နိုးရန် ဇောက်ချ လုပ်ဆောင်လိုသော ကျောင်းသား၊ ကျောင်း သူများကို ပိုမိုဦးစားပေးရွေးချယ်သွားမည် ဖြစ်သည်။ ပညာသင်ဆု အကြောင်းစုံစမ်းနိုင်မည့်

ပညာသင်ဆု အကြောင်းစုံစမ်းနိုင်မည့် လိပ်စာ

www.a-star.edu.sg

www.moe.gov.sg



Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...