ဂြိုလ်သားတွေရဲ့ UFO ယာဉ်တစီး ပျက်ကျတယ်လို့ ဒေသခံတွေပြော

အာကာသထဲက ကျလာတဲ့ ပစ္စည်း ၃ ခုဟာ တရုတ်နိုင်ငံ၊ ဟိုင်လောင်ဂျန်း ခရိုင်က မြေပြင်ကို ရိုက်ခတ် ကာ ကြီးမားတဲ့ ပေါက်ကွဲ သံကြီး တခု ပြီးခဲ့တဲ့ သောကြာနေ့က ကြားခဲ့ရပြီး ရွာသားတွေက ဒါဟာ ဂြိုလ် သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO ) ပျက်ကျခဲ့တာလို့ ပြောဆို ယူဆနေကြပါတယ်။



ဒေသဆိုင်ရာ သတင်းမီဒီယာတွေကလည်း ဂြိုလ်သားတွေရဲ့ UFO ယာဉ်ပျက်ကျရာက အပိုင်းအစတခု လို့ပဲ ပြောဆိုရေးသားနေကြပါတယ်။

ဒါဟာ တချို့ရွာသားတွေပြောတာက မိုးကြိုးပစ်သံလို အသံအကျယ်ကြီး တခုကြားလိုက်ရတယ်။ ပြောသူ
တွေ ရှိသလို မီးလုံးကြီးတခု ကောင်းကင်က ကျလာတာလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။



အဲဒီနေရာကို သွားရောက်လေ့လာရှာဖွေကြတဲ့အခါ ၂ ပေ ၆ လက္ခအကျယ်အ၀န်းရှိပြီး ပေါင် ၉ဝ လေးတဲ့ အခု ဓာတ်ပုံထဲမှာ မြင်ရတဲ့ ပစ္စည်းကို အသီးအနှံခင်းထဲက တွေ့ရှိခဲ့ကြတယ်လို့ The Mirror သတင်း တပုဒ်က ရေးထားပါတယ်။

တရုတ်အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

အခုနောက်ဆုံးတော့ ပညာရှင်တွေရဲ့ လေ့လာ စမ်းစစ် သုံးသပ်ချက်အရ အဲဒီ ပစ္စည်းဟာ ဂြိုလ်သားတွေ စီးတဲ့ အမည်မသိယာဉ်ပျံ ( UFO) မဟုတ်ဘဲ ရုရှား ဒုံးပျံတခုရဲ့ အင်ဂျင်အစိပ်အပိုင်း အပျက်အစီး တခုဖြစ် တယ်လို့ ယုံကြည်ရပါတယ်တဲ့။

ရုရှားနိုင်ငံက မကြာခင်က ပစ်လွှတ်လိုက်တဲ့ Proton-M rocket ဟာ ကမ္ဘာမြေမျက်နှာပြင် အထက် မိုင် ၁ဝဝ လောက် ရောက်ခဲ့ပြီး အင်ဂျင်အစိပ်အပိုင်း တခုဟာ ပြုတ်ထွက်ကာ မီးလောင်ပြီး ကျလာတာဖြစ် မယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်တဲ့။

အခုတော့ နောက်ထပ်အသေးစိပ် စုံစမ်းလေ့လာမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...