ဝတဲ့သူတွေ ပြိုင်တဲ့ ၀ယဉ်ကျေးမယ် ပြိုင်ပွဲ
![]() |
By အသင်အောင် |
ခန္ဓာကိုယ် အချိုးအစား လှပသူတွေ ကတော့ လှယဉ်ကျေးမယ် ပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲ တတ်ကြ ပါတယ်။ ဒါပေမဲ့ အ၀ လွန်သူတွေ အတွက် ကတော့ ၀င်ရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ မရှိသလောက် ရှားပါးပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဗြိတိန်မှာ အ၀လွန်တဲ့ သူတွေသာ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အလှမယ်ပြိုင်ပွဲ တစ်ခု ကို ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ ဒီပြိုင်ပွဲကို အခြား အလှမယ်ပြိုင်ပွဲတွေလို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ပြိုင်ပွဲ ၀င် (၃၀) ဦးရှိပြီး Size ၁၄ ကနေ ၂၆ အထိ ရှိသူတွေသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ပြိုင်ပွဲကို အဆင့်ဆင့် ကျင်းပပြီး ညနေခင်း ၀တ်စုံ ၀တ်ဆင် ခြင်း၊ ရေကူးဝတ်စုံ ၀တ်ဆင်ခြင်းစတဲ့ အရာတွေ ကိုလည်း ပြုလုပ်ရပါတယ်။ ပြိုင်ပွဲရဲ့ အလှမယ် ဆုကိုတော့ အသက် (၂၄)နှစ် အရွယ် အီမီလီဘလိတ်က ရရှိသွားခဲ့ပါတယ်။ Size ၁၆ ရှိတဲ့ အီမလီဘလိတ်ဟာ ဆွဲဆောင်မှု အားကောင်းခဲ့ပြီး အ၀ါရောင် ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ခဲ့ရာမှာ လက်ခုပ်သံတွေ ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ အီမီလီဘလိတ်ဟာ အနီရောင်ဝတ်စုံနဲ့ လှသွေးကြွယ်ခဲ့ပြီး အလှမယ်ဆုကိုရခဲ့လို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။
အီမီလီဘလိတ်က အိပ်မက်လိုဖြစ်နေပါတယ်။ ယုံလည်းမယုံနိုင်ပါဘူး။ အလှမယ်ဆုကို ရခဲ့လို့ ဂုဏ်ယူ မိပါတယ်။ ကျွန်မကတော့ ဒီခန္ဓာကိုယ် ကိုပဲ ကြိုက်တယ်။ ဒီဆုဟာ ကျွန်မကိုယုံကြည်မှု ရှိစေခဲ့ပါတယ်။ လူတွေ အတော်များများဟာ ခန္ဓာကိုယ်သေးသွယ်တဲ့သူ၊ ခြေတံလှတဲ့သူတွေကို ချော မောသူ အဖြစ် ထင်နေကြတာပါ။ ဒါပေမဲ့ ကျွန်မဟာ ကျန်းမာရေးအတွက် အစားတွေစားခဲ့တယ်။ကျန်းမာအောင်လည်း လေ့ကျင့်ခန်းတွေပြု လုပ်ပါတယ်။ ကျွန်မရဲ့ သဘာဝအလှကို ထုတ်ပြခဲ့ပါတယ်။ ကျွန်မဟာ ပြီးပြည့်စုံတဲ့ အလှမယ် မရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ် လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တွေမှာ အလှမယ် ဆုရထား သူတွေက ဒိုင်လူကြီးအဖြစ် ၀င်ရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ တတိယနေရာရခဲ့တဲ့ အသက် (၂၉) နှစ်အရွယ် ဒီအိုနီက ထူးခြားတဲ့ အတွေ့အကြုံကို ခံစားမိပါတယ်။ ဒီပြိုင်ပွဲဟာ အမျိုးသမီးတွေ အတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ကျွန်မ ဒီပြိုင်ပွဲကို နှစ်သက်ပြီး ရေကူး ၀တ်စုံနဲ့ လမ်းလျှောက်ရတဲ့ အချိန်ကို အရမ်းစိတ်လှုပ်ရှားခဲ့ ပါတယ်လို့ ဆိုသွားခဲ့ပါတယ်။
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebookေ
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook ေ
- (အရှေ့သို့) အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး
- (အနောကျသို့) ညောင်ပင်ကြီး မုန့်ဟင်းခါး (သို့) အညာ မုန့်ဟင်းခါး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးJAVA leaning Myanmar (PDF)စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး