စေ့စပ်ပြီး (၄၂) နှစ်ကြာပြီးမှ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်
အင်္ဂလန်နိုင်ငံ၊ ဟက်ဒါ စဖီးလ်မြို့မှာ နေထိုင်တဲ့ ဒေးဗစ် ဘာကာနဲ့ ဒါဖင်သော့ပ် တို့ဟာ စေ့စပ်ပြီး (၄၂) နှစ်ကြာမှ လက်ထပ် မင်္ဂလာပွဲကို ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ သူတို့ဟာ ၁၉၇၂ တုန်းက ပွဲ တစ်ခုမှာ ဆုံတွေ့ပြီးနောက် စေ့စပ်မှုပြု လုပ်ခဲ့ပါ တယ်။ ဒေးဗစ် ဘာကာက လက်ထပ်တဲ့ ဘ၀ကို မလိုချင်တာမို့ အခုလိုနှစ်ပေါင်း များစွာ ကြာမြင့် သွားခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါဖင် သော့ပ်ဟာ ဒေးဗစ် ဘာကာနဲ့ စေ့စပ်ပြီး တဲ့နောက် အခြား ယောက်ျားတစ်ဦးနဲ့ အိမ်ထောင် ပြုခဲ့တာ ကလေးနှစ်ဦး ရရှိခဲ့ပါတယ်။ ဒီနောက် သူတို့နှစ်ဦးဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပြီး ချစ်သူတွေ အဖြစ်နဲ့သာ နေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်မှာ ဒါဖင်သော့ပ်ဟာ နှစ်လုံးရောဂါ ဝေဒနာ ခံစားပြီး တဲ့နောက် နေထိုင်နေဖို့ နှစ်သိပ် မရှိတော့ဘူးလို့ တွေးမိပြီး လက်ထပ်ဖို့ စဉ်းစားခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထပ်ပွဲကို ဒါဖင်သော့ပ်ရဲ့ အသက် (၈၂) နှစ်ပြည့်မွေးနေ့မှာ ကျင်းပ ခဲ့ပါတယ်။ ဒါဖင် သော့ပ်က မျှော်လင့် ထားတာထက် ပိုပြည့်စုံခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒေးဗစ်ဘာ ကလေ ကလည်း ဇနီးဖြစ်သူ မရှိလျှင် ဘာတွေဖြစ် မလဲဆိုတာ မသိပေမယ့် အမြဲတမ်း ချစ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ဒေးဗစ်ဘာကလေ က မိမိတို့ဟာ စေ့စပ်ပြီးတဲ့နောက် လက်ထပ်ဖို့ မှန်ကန်တဲ့ အချိန်ကို မရှာဖွေနိုင်ခဲ့ကြောင်း၊ လက်ထပ်ခြင်းကို အလျင်အမြန် မဆောင်ရွက်လို တာကြောင့်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ လက်ထပ်ပြီးတဲ့နောက် ဟန်နီးမွန်း ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) မန္တလေးတွင် စတင်ရောင်းခဲ့သော Ooredoo Sim card များ ပြင်ပပေါက်ဈေး မြင့်တက် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ပျောက်ဆုံးတော့မှာလား အငြိမ့်သဘင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း