ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ် တိုက်၍ သေဆုံး
ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ကမ်းခြေ တခုမှာ အင်ဂျင် တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။
ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ် ဆင်းသက်ရာမှာ လမ်းလျှောက် နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက် နေချိန်ဖြစ်ပါတယ်။ လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူ ကလည်း ဒဏ်ရာ ရသွားတယ်လို့ Sarasota County Sheriff ရဲ့ ပြောခွင့်ရ Wendy Rose က NBC သတင်းဌာနကို ပြောပါတယ်။
မနေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က လေယာဉ်တိုက်မှုကြောင့် ဒဏ်ရာ ရသွားတဲ့သမီး
ဖြစ်သူကိုလည်း ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာပြင်းထန် တယ်လို့ ဆိုတယ်။
အခုလို လေယာဉ်တိုက်မှုနဲ့ လူသေဆုံး၊ ဒဏ်ရာရမှု ရှိတဲ့အတွက် အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ သိရပါတယ်။
လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မောင်းသူနဲ့ ခရီးသည်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။
ဆိုင်ကယ်စီးလားရင်း လေယာဉ် တိုက်ခံလိုက်ရလို့ သေဆုံးသွားတဲ့ ဦးပြားလို အဖြစ်ဆိုးမျိုး မြန်မာနိုင်ငံ မှာပဲ ရှိတယ် ထင်ခဲ့ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူတွေက ဆိုင်ကယ်စီးရင်း လေယာဉ်သတိထား လို့တောင် ပြောစမှတ်ရှိ ခဲ့ကြ တာပါ။
အခု ဒီသတင်းကြောင့် အမေရိကန်မှာလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ ဝင်တိုက်မှာကို သတိထားရမယ် လို့ ပြောစမှတ်တွင်လာဖွယ် ရှိနေပါတယ်။
အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာစေဖို့ အွန်လိုင်းက တစ်ဆင့် လေ့လာ သင်ယူသွားနိုင် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) အော်ရီဒူး၊ တယ်လီနောနဲ့ MPT၊ ရတနာပုံတို့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် မြန်မာ့ ဆက်သွယ်ရေး အနာဂတ် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်