လပြည့်ညများမှာ ပုံမှန်ထက် မိနစ်၂၀ အိပ်ချိန်လျော့ကျ
လပြည့် လကွယ် စက်ဝန်းဟာ လူသားများရဲ့ အိပ်စက် မှု ယန္တယားကို သက်ရောက်မှု ရှိနေပြီး လပြည့်ည များမှာ ပုံမှန်ထက် မိနစ် ၂၀အိပ်စက်ချိန် လျော့နည်း ကြောင်းကို ဆေးပညာ သုတေသန တစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ ဆွီဒင်နိုင်ငံ၊ ဂိုသင်ဘာ့ဂ့် တက္ကသိုလ်မှ သုတေသီအဖွဲ့ဟာ လမင်းကြီးပြည့်ဝ ၀ိုင်းစက်နေတဲ့ ညမျိုးမှာ အိပ်မပျော်ရခြင်း အကြောင်း ရင်းကို ဖော်ထုတ်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။
““လေ့လာမှုမှာ ပါဝင်သူတွေဟာ တစ်လတာအချိန်တွင်းမှာ အိပ်စက်မှုကာလတွေကို မှတ်တမ်းတင်ခဲ့ ပါတယ်။ လပြည့်ညတွေမှာ အိပ်စက်ဖို့ကို သာမန်နေ့တွေထက် အချိန်ပိုယူရလေ့ရှိပြီး လပြည့်နေ့မှာ REM အိပ်စက်ခြင်းအပေါ်ကို အထူးသက်ရောက်မှုရှိနေပါတယ်””လို့ သုတေသန ခေါင်းဆောင် Michael Smith က ရှင်းပြထားပါတယ်။
လေ့လာမှုအရ အိပ်စက်မှုကာလ စုစုပေါင်းမှာ ၂၀ မိနစ်လျော့ကျခြင်း၊ အိပ်စက်ဖို့ အချိန် ၅မိနစ်ပိုယူရခြင်း၊ အိပ်မက်မက်ချိန် ၃၀ မိနစ်ပိုလာခြင်းတွေကို လပြည့်ညတွေမှာ ပိုကြုံတွေ့ရကြောင်း သိရှိရပါတယ်။ဦးနှောက်ရဲ့ cerebral cortex့ ဆိုတဲ့ အစိတ်အပိုင်းအပေါ်ကို လရဲ့ ဆွဲအားကြောင့် ဖြစ်ရခြင်းဖြစ်တဲ့ အကြောင်းကိုလည်း Michael Smith က သုံးသပ်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Current Biology မှာ ဖော်ပြထားပါတယ်။
ပြည့်ဖြိုး
ref: INAS

ဒီလေ့လာမှုမှာ အသက် ၁၈နှစ်မှ ၃၀အတွင်းလူငယ် ၄၇ ဦးပါဝင်ခဲ့ပါတယ်။ လပြည့်ညတွေ မှာ ဦးနှောက် ဟာ ပြင်ပနှောက်ယှက်မှု ဒဏ်ကို ပိုပြီး ဆတ်ဆတ်ထိ မခံဖြစ်တတ်ကြောင်း ကိုလည်း သိရှိရပါတယ်။
လေ့လာမှုအရ အိပ်စက်မှုကာလ စုစုပေါင်းမှာ ၂၀ မိနစ်လျော့ကျခြင်း၊ အိပ်စက်ဖို့ အချိန် ၅မိနစ်ပိုယူရခြင်း၊ အိပ်မက်မက်ချိန် ၃၀ မိနစ်ပိုလာခြင်းတွေကို လပြည့်ညတွေမှာ ပိုကြုံတွေ့ရကြောင်း သိရှိရပါတယ်။ဦးနှောက်ရဲ့ cerebral cortex့ ဆိုတဲ့ အစိတ်အပိုင်းအပေါ်ကို လရဲ့ ဆွဲအားကြောင့် ဖြစ်ရခြင်းဖြစ်တဲ့ အကြောင်းကိုလည်း Michael Smith က သုံးသပ်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Current Biology မှာ ဖော်ပြထားပါတယ်။
ပြည့်ဖြိုး
ref: INAS
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဗီတာမင်ဒီနှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin
- (အနောကျသို့) ရှာတွေ့ရန် ခက်ခဲသော ကင်ဆာဆဲလ်များကို ဖော်ထုတ်နိုင်စွမ်း ကင်းမြီးကောက် အဆိပ်တွင် ရှိနေ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin