အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန် ထက်မြတ် ဟုဆို
အမျိုးသမီး တွေဟာ လေ့လာ သင်ယူ ရာမှာ အမျိုးသား တွေထက် လျင်လျင်မြန်မြန် တတ်မြောက် ကြတယ်လို့ လေ့လာချက် အသစ် တစ်ခုအရ သိရှိရ ပါတယ်။ အကြောင်း ကတော့ သူတို့တွေ မကြာခဏ ဆိုသလို ခွဲခြား ဆက်ဆံ ခံရတာကြောင့် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီ ကွဲပြားတဲ့ နေထိုင်မှု ပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့ အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှု ရှိပြီး လူနေမှုဘ၀မှာ အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူ တတ်မြောက် ကြပါ တယ်။
Proceedings of the National Academy of Sciences မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသား တွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့ အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန် ရတဲ့ အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထား မခံရတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနား သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန် အရေးပါတယ် ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့် ထားပါတယ်။
Ref: cosmopolitan.com

Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) Myanmar Ooredoo Using Guide Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) သံဓာတ် ချို့တဲ့သည့် လက္ခဏာများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း