ဆွေမျိုးပေါင်း (၁၀၀)ကျော်နဲ့ ကျင်းပပြုလုပ်တဲ့ အမှတ်တရတွေ့ဆုံပွဲ

ဂျော့ဂစ် မိသားစု ၀င်တွေဟာ ဒီအချိန်ကို ရောက် လာတဲ့ အတွက် ဒီအချိန်ကို ရောက်တဲ့ အခါတိုင်း ပြန်လည် ဆုံတွေ့တဲ့ ပွဲတစ်ပွဲ ပြုလုပ်လေ့ ရှိပါ တယ်။ ဒီပွဲကို ၁၉၆၉ ခုနှစ် ကတည်းက စတင် ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပ လတာ (၄၅) နှစ်တိုင် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဂျော့ဂစ်ဟာ သူ့ရဲ့ မိသားစု ၀င်တွေကို နှစ်စဉ် ပြန်လည်ဆုံ တွေ့ရဖို့ ရည်ရွယ်ပြီး အထိမ်းမှတ်ပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့ ပါတယ်။ ဂျော့ဂစ်ဟာ အသက် (၁၀၄) နှစ် အရွယ် ၂၀၀၉ ခုနှစ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဂစ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို သူ့ရဲ့မိသားစုဝင် တွေက ထိန်းသိမ်း ခဲ့ပါတယ်။

ဘယ်နေရာကိုပဲ ရောက်ရောက်နှစ်စဉ် ကျင်းပတဲ့ မိသားစု ဆွေမျိုးတွေ ပြန်လည်ဆုံ တွေ့တဲ့ပွဲကို တက်ရောက် ရမယ်လို့ ဂျော့ဂစ်က ဆန္ဒရှိ ခဲ့ခြင်းဖြစ်ပါတယ်။ ဂျော့ဂစ်ရဲ့ မြေးဖြစ်သူ အသက် (၆၀)နှစ် အရွယ် ခရစ္စတင်းက အဘိုးဖြစ်သူဟာ မိသားစု အများအပြားဖြစ်တာကို မြင်တွေ့လိုကြောင်း၊ ယခု ဆိုလျှင် အဘိုးဖြစ်ချင်တဲ့အတိုင်း မြင်တွေ့ခွင့်ရနေပြီ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒီနှစ်မိသားစုတွေ ဆုံတွေ့တဲ့ပွဲကို ဂျော့ဂစ်ရဲ့ သားသမီး (၅)ဦး၊ မြေး (၂၇)ဦး၊ မြစ် (၅၀)ဦး၊ တီ (၃)ဦး တက်ရောက်ခဲ့ပြီး ထိုင်း၊ မိုဇမ်ဘစ်၊ ဒူဘိုင်း၊ အမေရိကန်မှာ နေထိုင်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ခရစ္စတင်းက ဆွေမျိုးတွေ အများအပြား တစ်နေရာတည်းမှာ ပြန်ဆုံရတာ ပျော်စရာ အလွန်ကောင်းကြောင်း ဆက်လက် ဆိုခဲ့ပါတယ်။ ဆွေမျိုးပေါင်း (၁၀၀)ကျော် ပြန် တွေ့ဆုံပွဲကို မိသားစုဝင်တွေ အများဆုံးပါဝင်တဲ့ ပွဲအဖြစ် ဗြိတိန် မီဒီယာတွေက ချီးကျူးရေးသားခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...