ကျောက်ကပ် ကျန်းမာရေးအတွက် စားသင့်တာတွေ

အ စား အ သောက် ရှောင် ရ တဲ့ ကျောက် ကပ် ဝေဒနာ ရှင်တွေ စား သင့်တဲ့ စူပါ အစား အစာ တွေ အကြောင်း မျှဝေချင် ပါတယ်။ ဒီအစား အစာတွေ က လူတိုင်း အတွက် အကျိုးပြု တာကြောင့် မိသားစုတိုင်း ကျန်းမာစွာ စားနိုင်ဖို့ ဖော်ပြပေး လိုက်ပါ တယ်။

အနီရောင် ငရုတ်ပွသီး

ဗီတာမင်အေ၊ စီ၊ ဘီ၊ သံ ဓာတ်၊ အမျှင်ဓာတ် ပါဝင်ပြီး ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ အာနိသင် ပါရှိ ပါတယ်။

ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်

ဗီတာမင်အေ၊ စီ၊ ဘီ၊ အမျှင်ဓာတ်၊ သံဓာတ်တွေ ပါဝင် ပြီး ကျောက်ကပ် သမားတွေရဲ့ နေ့စဉ်စား စာရင်းထဲ ထည့်ထားရ မှာပါ။ ဂေါ်ဖီပန်းပွင့်မှာ ပါတဲ့ဒြပ်ပေါင်းက အသည်းအတွက်လည်း ကောင်းကျိုးပြု ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ရောင်ရမ်းတာတွေနဲ့ ကို လက်စထရော ကျဖို့ အတွက် ကောင်းတဲ့ ကြက်သွန်ဖြူကလည်း ကျောက်ကပ် ဝေဒနာရှင်တွေ လက်စွဲထားရမှာပါ။ ကြက်သွန်နီ ကလည်း သွေးကြောထဲက အဆီ ခဲတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။

ပန်းသီး၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ

ပန်းသီးတစ်လုံး နေ့တိုင်းစားရင် ဆရာဝန် မလိုဘူးဆိုတဲ့ စကားအတိုင်း ရောဂါပေါင်းစုံကိုကာ ကွယ်ပြီး သားဖြစ်စေမှာပါ။ ဘယ် ရီသီးတွေကတော့ ကင်ဆာကာ ကွယ်ပေးလို့ ဘယ်ရီသီးတိုင်းလို လိုစားပေးသင့် ပါတယ်။

အနီရောင်စပျစ်သီး

နှလုံးရောဂါ အတွက်ပါ ကောင်းကျိုးပြုပြီး သွေးကြောပိတ် တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါ တယ်။ သွေးလည်ပတ်မှု အားကောင်းစေပြီး ကင်ဆာရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအနှစ်တွေ၊ အသား တွေထက် အသားဓာတ် အပြည့်ပါတဲ့အတွက် စားပေးသင့်ပါတယ်။

ငါး

ဆီးချို၊ သွေးချို၊ နှလုံး၊ ကျောက်ကပ်အတွက် အကောင်းဆုံး အစားအစာဖြစ်ပြီး တစ်ပတ် မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် စားပေးသင့် ပါတယ်။

သံလွင်ဆီ

ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိအမြင့်မားဆုံး ပါဝင်တဲ့ အတွက် ဟင်းချက်ရာမှာပဲဖြစ် ဖြစ် အသီးအရွက် သုပ်တဲ့အခါ ပဲဖြစ်ဖြစ် စားပေးရမှာပါ။


—Ref: healthdigezt.com
7Day Daily
No.457 Friday, August 1, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...