မိန်းကလေးတွေ စိတ်တိုရင် ဘယ်လိုပြောတတ်သလဲ
ရည်စားတွေ ပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးနဲ့ မိန်းကလေးတွေ ကြားမှာ ရန်ဖြစ်တယ်ဆိုတာ ဖြစ်ကိုဖြစ်ပါတယ်။
ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ရန်ဖြစ်တဲ့အခါ ကိုယ်ထိလက်ရောက် ဖြစ်အောင်တော့ မလုပ်သင့်ပါ။ ဒါပင်မဲ့ ပါးစပ်နဲ့ ရန်ဖြစ်ရင်တော့ များသောအားဖြင့် မိန်းကလေးဖြစ်သူက အနိုင်ရရှိမှာ ဖြစ်ပါတယ်။
ကဲ မိန်းကလေးတွေ ပြောနေကျ ရန်စကားများကြောင့် ယောင်္ကျားလေးတွေက ပေါက်ကွဲကြတယ် ဆိုတာ အောက်က ရင်ခုန်စရာ စကားလေးတွေကို နားထောင်ကြည့်လိုက် ရအောင်နော်။
★★ ယောင်္ကျာလေးတွေကို ပေါက်ကွဲစေနိုင်သော မိန်းကလေးတွေရဲ့ ရင်ခုန်စရာ ရန်စကား Ranking ကတော့
၀၁. ကျွန်မက မှားတယ်လို့ ပြောချင်တာလား ?!!!
၀၂. ကျွန်မက မှားတယ်လို့ပဲ ထားလိုက်ပါတော့ !!!!
၀၃. ဟုတ်ကဲ့၊ ကျွန်မပဲ မှားပါတယ် ?!!!!
၀၄. ဘယ်လို လုပ်ချင်တာလဲ ပြောစမ်းပါ !!!
၀၅. ရှင် ဒီလိုလူဖြစ်မယ်လို့ ထင်ကို ထင်မထားဖူး။ ကျွန်မကိုက အပါတယ်။
၀၆. ဘယ်တုန်းက အဲဒီစကားမျိုးပြောခဲ့လို့လဲ ???
၀၇. ရှင် ဘာတွေလာပြောနေတာလဲ။ နာငြီးလိုက်တာ !!!
၀၈. စောစောထဲက အဲဒီ စကားကို ပြောလိုက်ပါလားရှင်။ ရှည်လိုက်တာ !!!
၀၉. ရှင်ပဲ ကျွန်မကို ကြိုက်တုန်းကတော့ သေတော့မဲ့ အတိုင်းပဲ !!!
၁၀. ချေးခြောက် ရေနှုးသလို၊ စမြုတ်ပြန်မနေနဲ့ !!!
၁၁. ရှင် !! ယောင်္ကျားမဟုတ်ဘူးလား ???
၁၂. လာပြန်ပြီလား ဒီစကား !!!
၁၃. ကျွန်မ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ရှင် နားလည်ရဲ့လား ?!!!
၁၄. နောက်ဆုံးသော ကျွန်မပဲ လူဆိုးမကြီးပေါ့ ရှင် !!!
၁၅. ပြောရမယ်ဆိုရင် ရှင်မမှတ်သေးဘူး ထင်တယ် !!!
၁၆. တော်တော့ !!! ဘာမှမကြားချင်ဘူး !!!
၁၇. ကျွန်မတို့ အတူတူနေလို့ရမယ် မထင်တော့ဘူး !!!
၁၈. ရှင်ကျွန်မကို ပြောတဲ့ အဲဒီစကားကို Facebook ပေါ်မှာ တက်ရေး လိုက်ပါလား ??
၁၉. လူတိုင်း ပါးစပ်ပါတယ်။ ပါးစပ်နဲ့ အလုပ်မလုပ်ပါနဲ့။ လက်တွေ့လုပ်ပြပါ !!!!
၂၀. သွားသေလိုက် !!!
စာဖတ် ပရိသတ်ကြီးလည်း ဒီလို အတွေ့အကြုံမျိုးရှိကောင်း ရှိပါလိမ့်မယ်။ အတူတူနေရင် ရန်ဖြစ်ရန် ရာခိုင်နှုန်းက များလာတယ်တဲ့။ သတိထားပြီး နေကြနော်။
Chelmo Team
Credit. buzz-plus
Credit Photo. cdn.top.tsite

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပုဇွန်ဆိတ်ငပိချက် (အိုးကြီးချက်) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) လက်ဗေဒင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ