ဖိနပ်ပေါက်တာ သက်သာစေမယ့် နည်းလမ်း

ဖိနပ်အသစ် စစီးတာနဲ့ ဖိနပ်ပေါက်တဲ့ ပြဿနာက လူတိုင်းလိုလို ကြုံဖူးကြပြီး လမ်းမလျှောက်နိုင် အောင် နာကျင်တဲ့ ဝေဒနာပါ ခံစားရလေ့ ရှိပါ တယ်။ ဖိနပ်သားမာမာနဲ့ ခြေထောက်နဲ့ ပွတ်တိုက်မှု များလေလေ ပွန်းပဲ့ရောင်ကိုင်းပြီး အမာရွတ် ကျန်သည်အထိ ဖြစ်ပွားတတ် တာကြောင့် ဖိနပ်ပေါက်ရင် သက်သာရာရစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

အုန်းဆီက ဖိနပ်ပေါက်ရင် အမြန်ဆုံး သက်သာစေ တဲ့ အကောင်းဆုံး အိမ်တွင်းဆေး တစ်လက်ပါပဲ။ အုန်းလက်ရင့်ရင့် တစ်ရွက်ကို မီးရှို့ပြာချပြီး ပြာမှုန့်နဲ့ အုန်းဆီရောစပ်ပြီး အနာဖြစ် သွားတဲ့နေရာကို လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ပရုတ်လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီ အနည်းငယ်ရောပြီး ဖိနပ် ပေါက်နာဖြစ်တဲ့နေရာကို လိမ်းပေးရင် ယားယံ၊ ရောင်ရမ်းတာတွေ ပျောက်ကင်းနိုင်ပါတယ်။

နောက်ထပ် အစွမ်းထက်ဆေးတစ်ခုကတော့ ပျားရည်ဖြစ်ပါတယ်။ သဘာဝပျားရည်နဲ့ နှမ်းဆီရောစပ်ပြီး ခြေထောက်အနာဖြစ်တဲ့နေရာကို လိမ်းပေးပြီး ခြောက်သွားတော့မှ ရေဆေးချပေးရင် အနာ သက်သာ စေပါတယ်။ နောက်ပြီး ဆန်မှုန့်ရှိရင်လည်း ရေနဲ့စေးပျစ်ပျစ်ဖြစ်အောင် ဖျော်ပြီး ဖိနပ်ပေါက်နာဖြစ်တဲ့ နေရာကို သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ ဆေးပေးတာမျိုး လုပ်နိုင်ပါတယ်။

ရှားဇောင်းလက်ပက်နဲ့လည်း ဖိနပ်ပေါက်နာဖြစ်ပြီး ရောင်ရမ်းနေရာကို ပွတ်ပေးရင် အနာမြန်မြန် ကျက်စေပြီး ရောဂါပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ တမာရွက်ကို ကြိတ်ခြေပြီး နနွင်းမှုန့် အနည်းငယ်နဲ့ ရောစပ်ကာ ခပ်ပျစ်ပျစ်အနှစ်ရအောင် လုပ်ပြီး အနာပေါ်ကို သုတ်လိမ်းပေးကာ မိနစ် ၂၀ လောက်နေရင် ရေဆေးချနိုင်ပါတယ်။

ရေခဲလေးကို အ၀တ်သန့်သန့်နဲ့ထုပ်ပြီး ကပ်ပေးရင်လည်း ဖိနပ်ပေါက်နာ သက်သာနိုင်ပါတယ်။ အက်စပရင် အကိုက်အခဲ ပျောက်ဆေးခဲကို ကြိတ်ခြေပြီး အနှစ်လုပ်ကာ အနာဖြစ်တဲ့နေရာကို လိမ်း ပေးနိုင်ပါတယ်။ သွားတိုက်ဆေးရှိရင် လိမ်းပေးနိုင်ပေမယ့် ဂျယ်လ်သွားတိုက်ဆေးတော့ မဟုတ်ရပါဘူး။ ဒါ့အပြင် သံပရိုသီး (ဒါမှမဟုတ်)ရှောက်သီးရှိရင် အရည်ညှစ်ကာ ဂွမ်းစနဲ့ ဖိနပ်ပေါက်နာဖြစ်တဲ့ နေရာကို သုတ်လိမ်းပြီး ရေနွေးနွေးလေးနဲ့ ဆေးပေးနိုင်ပါတယ်။ 


Ref: top10homeremedies.com
7Day Daily
No.471 Friday, August 15, 2014 
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...