သိကောင်းစရာ အဖြာဖြာ ကင်ဆာရောဂါ

ကင်ဆာရောဂါ ဟူသည်

ကင်ဆာ ရောဂါဟာ ကူးစက် တတ်တဲ့ ရောဂါ မဟုတ် သလို မျိုးရိုးလိုက်ပြီး ဖြစ်ပွား တတ်တဲ့ ရောဂါလည်း မဟုတ်ဘဲ ရောဂါမျိုးကွဲ ရာကျော်မက ဖြစ်ပွားတတ်ရာ ရောဂါအစု ပင်ဖြစ်ပါတယ်။ ခုထက် ထိလည်း ကင်ဆာ ရောဂါကို အမြစ်ပြတ် ပျောက်ကင်း သွားအောင် ကုသပေးနိုင် စွမ်းရှိတဲ့ ဆေးရယ်လို့ မပေါ်သေးပါ။ ကင်ဆာ ရောဂါဟာ လူ့ခန္ဓာ ကိုယ်အတွင်းမှာ အမြစ်တွယ်ပြီ ဆိုတာနဲ့ ထောင်သောင်းမက အမျိုးအမည် ပေါင်းမြောက်မြားစွာ ရောဂါဘယ ဆက်နွှယ် ကြီးထွား ပြန့်ပွားမှု အလွန် မြန်ဆန်တဲ့ ရောဂါမျိုးဖြစ် သလို ကုသရ အလွန်ခက်ခဲတဲ့ ရောဂါမျိုးလည်း ဖြစ်ပါတယ်။

ကင်ဆာရောဂါဟာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားတတ်လေ့ ရှိသလို ကုသထုံးနည်းလည်း မတူညီ ကွဲပြားကြပါတယ်။ ကင်ဆာရောဂါနဲ့ ပတ်သက်လို့ ထိရောက်စွာ ကု သပေးစွမ်းနိုင်မှု မရှိသေးဘဲ ဆေးရုံ၊ ဆေးခန်းတွေဆီကိုသွားရောက်ပြီး သွေးစစ်ခံယူကာ ရောဂါအဖြေရှာ ကြရသလို၊ ဓာတ်ရောင်ခြည်နဲ့ စမ်း သပ်ကုသကာ ရောဂါ အဖြေ ရှာလေ့ရှိကြပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားရခြင်းမှာ လူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်ကလပ်စည်း အချို့ဟာ ကစဉ့်ကလျားဖြစ်ကာ ကြီးထွားပြန့်ပွားလာပြီး ဆဲလ်များရဲ့ သာ မန်ဖြစ်ပျက်နေကျ ဇီဝဓာတု ဂုဏ်သတ္တိများပြောင်းသွားကာ ဆဲလ်များ ပျက်စီးကုန်တဲ့ သွင်ပြင် လက္ခဏာ ဖြစ်ပေါ်ခြင်းပါပဲ။ ဒါ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဆေးလိပ် သောက်ခြင်းပဲဖြစ်သလို အသားဝါ အသည်းရောင်ရောဂါကလည်း ကင်ဆာရောဂါဖြစ်ပွားမှု အခြေခံ အကြောင်းအရင်း တစ်ခုပင်ဖြစ်ပါတယ်။

ကင်ဆာရောဂါ အမျိုးအမည်များမှာ သားအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာမျိုပြွန် ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ပင်းကင်ဆာ၊ အမျိုးသား အင်္ဂါကင်ဆာနဲ့ လူ့ခန္ဓာ ကိုယ် အတွင်းမှာ တစ်ခါတစ်ရံ ကူးစက် ဖြစ်ပွားတတ်လေ့ရှိတဲ့ သွေးကင်ဆာ၊ ဟောဂျကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ အရေပြားကင်ဆာ၊ အရိုး ကင်ဆာ၊ အသားကင်ဆာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှု အများဆုံး ရောဂါမှာတော့ ခံတွင်း ကင်ဆာရောဂါပဲ ဖြစ်ပါတယ်။

ကင်ဆာဇာစ်မြစ် နိဒါန်းအစ

ရှေးနှစ်ပေါင်း ၅ဝဝဝ ကျော်လောက်ကတည်းက အီဂျစ်နိုင်ငံမှာ မြေမြှုပ်သဂြိုဟ်ထားတဲ့ လူသေအလောင်း များကို တူးဖော် ကြည့်ရှုလေ့လာရာမှာ ကင်ဆာရောဂါ စတင်ဖြစ်ပွားခဲ့မှု အထောက်အထားများ တွေ့ရှိ ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအပြင် ခရစ်တော် မပေါ်မီ ကာလသက္ကရာဇ် ၄၃ဝ ခုနှစ်တုန်းက ဂရိလူမျိုး သမိုင်းဆရာ တစ်ဦးရဲ့ မှတ်တမ်း တင်ထားချက်အရ ဆိုရင် ပါရှားနိုင်ငံကို မင်းလုပ်အုပ်ချုပ်တဲ့ ဘုရင်ဒါရင့် မိဖုရားခေါင်ကြီးမှာ ရင်သားပေါ် အကျိတ်ကြီးဖြစ် ကာအရှက်ကြီးရှာသမို့ ပြသကုသမှု မခံယူဘဲနေ ခဲ့ရာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း အကျိတ်ကြီးထွားလာတော့မှ သမားတော်နဲ့ ပြသကုသခဲ့ပေမယ့် အချိန်လင့်အနာရင့်လို့ အသက်ဆုံးပါးသွား ခဲ့ရပါတယ်လို့ ဆို ထားပါတယ်။ ၁၇၇၅ ခုနှစ်က လူ့သမိုင်းမှာ ပထမဆုံး မှတ်တမ်းတင်ခံခဲ့ရတဲ့ အလုပ်ခွင် အတွင်း ကင်ဆာရောဂါဖြစ်ပွားမှု ကတော့ မီးခိုးခေါင်းတိုင် အမှိုက်လှဲ သမားများရဲ့ ဝှေးစေ့ကင်ဆာ ရောဂါဖြစ်ပွားမှုပဲ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အမြင့်ဆုံးအပူချိန်ကနေ ကျောက်မီးသွေး ကတ္တရာထုတ်လုပ်တဲ့ စက်ရုံတွေက အလုပ်သမားများ ရဲ့လက်မောင်း၊ လည်ပင်းနဲ့ ဦးခေါင်းတွေ အရေပြားကင်ဆာ ဖြစ်ပွားခဲ့ကြပါတယ်။ ၁၈၉၅ ခုနှစ်မှာ ပထမဦးဆုံးကင်ဆာ ဖြစ်ပွားမှုတွေ့ရှိချက် အနေနဲ့ ဓာတ်ခွဲခန်းများကနေ ဖော်စပ်ထုတ်ယူ တဲ့ ဆိုးဆေးထုတ်လုပ် သူ များရဲ့ဆီးအိတ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားကြခြင်းပဲဖြစ်တယ်။ ၁၉၁၅ ခုနှစ်မှာတော့ လူများ အသုံးပြုနေကြတဲ့ ဓာတုပစ္စည်းများကနေ ကင်ဆာရောဂါ ဖြစ်ပွားရ တာဖြစ်တယ် လို့ ဂျပန်သုတေသီ နှစ်ဦးဖြစ်သူ ယာမာဂီဝါနဲ့ အီချီကာဝါတို့က ထုတ်ပြန်ကြေညာခဲ့ပြီး ယုန်သတ္တဝါ ကောင်ရဲ့ နားရွက်မှာ ကျောက်မီးသွေး ကတ္တရာ အကြိ မ်ကြိမ်အခါခါ သုတ်လိမ်းပြကာ ကင်ဆာရောဂါ ဖြစ်ပွားပုံကို သက်သေထူပြသ ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာလည်း အမေရိကန်နိုင်ငံ အစားအစာနဲ့ ဆေးဝါး အုပ်ချုပ်ရေး အဖွဲ့ကနေ တိရစ္ဆာန်များကို နိုက်ထရိုက်ဆားများ အစာများမှာ ထည့်တိုက်ကျွေးပြီး စမ်းသပ် ကြည့်ခဲ့ရာ တိရစ္ဆာန်များရဲ့ ကိုယ်အတွင်းမှာရှိတဲ့ ပြန်ရည် ကြောအဖွဲ့မှာ ကင်ဆာရောဂါ ဖြစ်နေတာ တွေ့ရှိခဲ့ပုံကိုသတင်း ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာ ရောဂါအထူးကုဌာနကနေ လေ့လာထား ချက်အရ ကင်ဆာ ရောဂါ လူနာဦးရေဟာ အခြား ရောဂါလူနာများအနက် ၂ ရာခိုင် နှုန်းရှိသလို ပြည်တွင်းရှိ ဆေးရုံများမှာ ရောဂါသည် ပေါင်း ၂၄ဝဝ ကျော် ရှိကာ ရန် ကုန် ဆေးရုံမှာ တက်ရောက်ကုသမှုခံ ယူသူ ကင်ဆာရောဂါသည် ၂၇ဝဝ ကျော်ရှိတယ်လို့ ၁၉၉၁ခုနှစ်၊ မေလထုတ် ဆရာဝန်တင်ရွှေရဲ့ “အသက်လေးဆယ်ကျော်လျှင်” စာ အုပ်မှာဆိုထားတာ ဖတ်ရှု သိရှိရပါတယ်။ ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်က မြန်မာနိုင်ငံမှာ ကင်ဆာရောဂါကု ဌာနကို စတင်ဖွင့်လှစ်ခဲ့ တယ်လို့ သိရပါတယ်။

ကင်ဆာရောဂါဖြစ်ပွားရခြင်းအကြောင်း

တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးပြီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသူများ၊ အိမ်ထောင်ဆက်များသူများ၊ မီးဖွားစဉ် သားအိမ်မှာ ဒဏ်ရာရခဲ့တာကို မချုပ်ဘဲထားသူများဟာ သားအိမ်ကင်ဆာဖြစ်ပွား တတ်ကြပါ တယ်။ အရက်သေ စာသောက်စားပြီး အပူအစပ်များ စားလွန်းသူများဟာ အစာအိမ် ကင်ဆာရောဂါ ဖြစ်ပွားကြ ပါတယ်။ အပျိုကြီး အိမ်ေ ထာင်ပြုတဲ့အခါ ကလေးမရသူများနဲ့ နို့မတိုက်ဘဲ နို့ဘူးတိုက်ကျွေးတဲ့ မိခင်များဟာ ရင်သားကင်ဆာ ဖြစ်ပွားကြပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အေ လ့ပြုခြင်း၊ ကွမ်းစားတဲ့အခါ ကွမ်းဖတ်ကိုမျိုချသူများ၊ ကွမ်းဖတ်ကို ပါးစောင်မှာ ကြာကြာငုံ ထားမှုပြုသူများနဲ့ ဆေးလိပ် သောက်ခြင်းအလေ့ လွန်စွာပြုမူ သူများဟာ အဆုတ်ကင်ဆာ ရောဂါနဲ့ လည်ပင်းကင်ဆာ ရောဂါ ဖြစ်ပွား ကြပါတယ်။ နေပူစပ်ခါးမှာ တံလျှပ်ပြင်ထဲ ကာလကြာမြင့်စွာ သွားလာ လှုပ်ရှားနေသူများဟာ အရေပြား ကင်ဆာဖြစ်ပွား ကြပါတယ်။ အဲဒီလိုကင်ဆာရောဂါ ဖြစ်ပွားတတ်မှု အကြောင်းအရင်းများ ကတော့ မြန်မာနိုင်ငံမှ ဆေးပညာရှင်များရဲ့ အဆိုပင်ဖြစ်တယ်လို့ ဖတ်ရှု သိရှိရပါတယ်။

ဒါ့အပြင် လူအများစားသုံးတဲ့ အစားအစာများကို ကြာရှည်ခံ ပစ္စည်းအဖြစ် ထားရှိဖို့ ဆိုဒီယမ်နိုက်ထရိုက်နဲ့ ပိုတက်စီယမ်နိုက်ထရိုက်များ ထည့်သွင်း အသုံးပြုခြင်းကလည်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ များစေပါ တယ်။ ဒီလိုပဲ လူများ သောက်သုံးတဲ့ ရေထဲမှာလည်း နိုက်ထရိုက်ဆား ပါရှိတတ်တာမို့ ရေသောက်သုံး သူရဲ့ အူလမ်း ကြောင်းထဲက ဘက်တီးရီးယား များရဲ့ ရောဂါကူးစက် ပြန့်ပွားခြင်းကနေ နိုက်ထရိုက် ဆားများတဖြစ်လဲ ပြောင်းသွားကာ ကင်ဆာရောဂါ ဖြစ်ပွားမှု အစ ပျိုးစေနိုင်ပါတယ်။ ဒီလိုပဲ လူမှုဝန်း ကျင်အတွင်းမှာရှိတဲ့ ဓာတ် ခွဲခန်းများ၊ စက်ရုံ၊ အလုပ်ရုံများနဲ့ ကိုယ်ပိုင် လုပ်ငန်းများမှာလည်း ဓာတုပစ္စည်း များအသုံးပြုအလုပ် လုပ်နေကြတာမို့ ဓာတ်ငွေ့ရော၊ အခိုး အငွေ့များပါ ရှူရှိုက်သွင်း နေကြရလို့ ကာဆီနိုဂျင်အနေနဲ့ အသက်ရှူလမ်းကြောင်းမှ ကိုယ် တွင်းရောက်ရှိသွားရာ ကင်ဆာ ရောဂါဖြစ်ပွားစေ  ပါတယ်။

ကင်ဆာရောဂါနှင့် ကြွေလွင့်ခဲ့ရသည့် အနုပညာရှင်များ

ခုဆိုရင် မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ တိုက်ဖျက်ရေးကို ဦးလှထွန်း ဦးစီးတည်ထောင်တဲ့ မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းက အားသွန်ခွန်စိုက်ကြိုး ပမ်းရွက်ဆောင်နေ သလို ကင်ဆာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်နဲ့ ကျန်းမာရေး အသိပညာ ပေးနှိုးဆော်စည်းရုံး ကူညီအားပေး နေကြတဲ့ အသင်းအဖွဲ့များ၊ လူ ပုဂ္ဂိုလ်များလည်း ကိုယ်ထူကိုယ်ထ စွမ်းစွမ်းတမံ ကြိုးပမ်းရွက် ဆောင်နေကြပါတယ်။ ကင်ဆာရောဂါဟာ အတော်ပင် ကြောက်စရာကောင်းလှပြီး အမျိုးအမည်ရောဂါ ဖြစ်ပွားမှု များပြားတာမို့ လူတိုင်းဟာ ကင် ဆာရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိ ကျန်းမာရေးသတိ ရှိသင့်ကြပါတယ်။ မြန်မာနိုင်ငံ အနုပညာ နယ်ပယ်ကနေ ကင်ဆာရောဂါကြောင့် ကြွေလွင့်ပျောက်ဆုံး သွားခဲ့ကြတဲ့ အနုပညာရှင်တွေ ကတော့ သတင်းစာဆရာ၊ စာရေး ဆရာ မောင်ဝံသ၊ စာရေးဆရာ မင်းလူ၊ ဝတ္ထုဆရာ ဝေဖန်ရေးဆရာ မောင်တင့်ဆင့်၊ စာရေးဆရာ သားဂျာနယ်ကျော် မိုးဟိန်းတို့ပဲ ဖြစ်ပါတယ်။ သတင်းစာ ဆရာ၊ စာရေး ဆရာ မောင်ဝံသဆိုရင် မြန်မာနိုင်ငံ သတင်းမီဒီယာ လောကအတွက် အကျိုးရှိစေခဲ့တဲ့ စာအုပ်စာတန်း များပြုစု ရေးသားခဲ့သူဖြစ်သလို ဘာသာပြန်စာပေနဲ့ ကိုယ်ပိုင် အနုပညာရသ ဆောင်းပါးများ ကိုလည်း များစွာရေးသားဖန်တီး တည်ဆောက်နိုင်ခဲ့သူဖြစ် ပါတယ်။ ဒီလိုပဲ ဆရာမင်းလူဆိုရင် ဝတ္ထု တိုများစွာနဲ့ ဝတ္ထုရှည်လုံးချင်း များစွာ ရေးသားဖန်တီးကာ ထုတ်ဝေ ထွက်ရှိခဲ့သူဖြစ်သလို ကိုယ်ပိုင်အနုပညာဟန်နဲ့ မြန် မာစာပေလော ကမှာ မင်းလူ ရေးဟန်ရယ်လို့ ပြောစမှတ်ပြု လောက်အောင် နာမည်တစ်လုံး တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပြီး ဇာတ်လမ်း ဇာတ်အိမ်အသစ် အဆန်းများနဲ့ ရုပ်ရှင်ဇာတ်ညွှန်း များကိုလည်း ဖန်တီးရေးသားခဲ့ သူလည်း ဖြစ်ပါတယ်။ ဆရာ မောင်တင့်ဆင့် ဆိုရင်လည်းမြန်မာ စာပေလောကမှာ စာပေဝေဖန် ရေးမှာ လက်သံပြောင်ခဲ့သူဖြစ် သလို အနု ပညာကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူနဲ့ နာမည်တစ်လုံး ကို ရသဝတ္ထုတို၊ ဝတ္ထုရှည်များစွာ ရေးသားဖန်တီးခဲ့သူဖြစ်ပြီး ဗီဒီယိုဇာတ်ညွှန်းများကိုလည်း ရေးသားဖန် တီး ခဲ့သူဖြစ်ပါတယ်။ ဆရာ သားဂျာနယ်ကျော် မိုးဟိန်းဆိုရင် နိုင်ငံကျော် ရသဝတ္ထုစာရေး ဆရာမ ဂျာနယ်ကျော် မမလေးရဲ့ အနုပညာ သွေးမျိုးဆက်သား တစ်ဦးဖြစ်သလို လူငယ်များကို စာပေဒါန အဖြစ် မသေခင်က အပတ်စဉ် အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်လှစ်ကာ သင်ကြား ပေးခဲ့ပြီး တတ်နိုင်သမျှ လူမှု ကူညီရေး လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သူ ပဲ ဖြစ် ပါတယ်။ ဆရာ သားဂျာနယ်ကျော် မိုးဟိန်းဟာ မကွယ် လွန်ခင်က ကင်ဆာ ရောဂါဝေဒနာရှင်ရဲ့ အတွေးအမြင် ဒဿနနဲ့ လောကဓံ အန်တုခဲ့ပုံကို ဆောင်းပါး ရေးဖြစ်အောင် အားထုတ်ကြိုးပမ်းခဲ့ရာ အောင် နိုင်စွာ ရေးဖြစ်နိုင်ခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာလည်း ဆရာ သားဂျာနယ်ကျော်မိုးဟိန်းနဲ့ ပတ်သက်လို့ လူ့ဘဝခရီး နောက်ဆုံး အမှတ်တရ တသသ လွမ်းမော ဖွယ်ကောင်းစရာ ရသ ဆောင်းပါး တစ်ပုဒ်အဖြစ် တင်ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလို မြန်မာ စာပေအနုပညာ လောကမှာ သူ့ နေရာနဲ့သူ အကျိုးပြုနေကြတဲ့ အနုပညာကြယ်ပွင့်များကို မရဏ မင်းထံ အရောက်ပို့ လိုက်တဲ့ အသံတိတ် လက်ဖြောင့် လူသတ်သမား ကတော့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ကင်ဆာရောဂါရဲ့ အဓိကဖြစ်ပွားနိုင်စရာများကို လူမှုဝန်းကျင်အတွင်းမှာ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိကြဖို့ လိုအပ်သလို မိမိတို့နေထိုင်တဲ့မြို့ ရွာတွေ မှာရှိတဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ အပတ်စဉ်ပဲဖြစ်ဖြစ်၊ လစဉ်ပဲ ဖြစ်ဖြစ်တစ်ကြိမ်တစ်ခါလောက်မှ သွားရောက်လို့ သွေးစစ်ခံယူကာ ပြသ စစ်ဆေး ကြဖို့လည်း အထူး လိုအပ်ပါတယ်။ ကင်ဆာရောဂါဟာ ဖြစ်ပွားနိုင်မှုရဲ့ အဓိကတရားခံကြီး ဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း အလွန်အကျွံ ပြုမှုကို လူသားအားလုံးက ရှောင်ကြဉ်ကြရမှာ ဖြစ်ကြ သလိုပဲ ” ကင်ဆာရောဂါ သက်ကယ်ရာ စောစွာပြသကုသကြ” ဆိုတဲ့ ကျန်းမာရေးအသိ ပညာပေး ဆောင်ပုဒ်ဆို စကားအတိုင်း တစ်ကိုယ်ရည်သန့်ရှင်းစွာ လူမှုဘဝ နေထိုင်မှုက အစပြုကာ လူမှုဝန်းကျင် တစ်ခုလုံးကျန်းမာရေးအသိပညာပေးပြီး ရောဂါ အဖြေရှာမှုများကို လူသား အားလုံးကနေ လက်ဆင့် ကမ်းပြီး ကင်ဆာရောဂါ အောင်နိုင်ရေး ကျန်းမာရေးခရီး ရှည်ကြီးနှင်ကြရင်း ခန္ဓာကြံ့ခိုင်သန်မာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ တော့တယ်။

လင်းထိပ်သျှင်

စာကိုး-ဆရာဝန်တင်ရွှေ၏ ” အသက်လေးဆယ်ကျော်လျှင်” ၊ တက္ကသိုလ်ခင်မောင်ဇော်၏ ” အန္တရာယ်ပြွမ်းသည့် လူသားဝန်းကျင်”

ref;Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...