ကွာရှင်းခြင်းနှင့် သွေးတိုးရောဂါ

University of Arizona မှ သုတေသီ တို့သည် ၁၆ ပတ်ကြာ ကွဲကွာနေသော ကွာရှင်းပြီးသူ ၁၃၈ ဦးကို လေ့လာခဲ့ ကြသည်။ လေ့လာသည့် အစပိုင်း တစ်ပတ် အတွင်းတွင် ထို ၁၃၈ ဦးသည် အိပ်ရေး မ၀သည့် လက္ခဏာများကို တွေ့ရသည်။ သူတို့ကို သွေးပေါင် ချိန်ကြည့်သော အခါ သွေးပေါင်ချိန် များမြင့်မားနေ သည်ကို တွေ့ရသည်။ ထို့ကြောင့် သုတေသီများသည် စိတ်ကျန်းမာရေး ဂျာနယ်တွင် အခုလို ရေးသားခဲ့ ကြသည်။ 

အရင်ထဲက သွေးပေါင်ချိန် မြင့်မားသူများ အနေနှင့် ကွာရှင်း ခြင်းကြောင့် နှလုံးရပ်တန့်ခြင်းနှင့် လေဖြတ်ခြင်း စသည့် အန္တရာယ်များ ကြုံတွေ့ရနိုင်သည်။ လွန်ခဲ့သောနှစ်က လေ့လာမှုအရ ကွာရှင်းပြီးသူတွေသည် အိမ်ထောင်ရှင်များနှင့်ယှဉ်လျှင် နှလုံးရောဂါ၊ သွေးတိုးနှင့် လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်း ၂၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားနေကြောင်း တွေ့ရသည်။

ထို့ကြောင့် ကွာရှင်းသူများနှင့် ကွာရှင်းရန် ဆုံးဖြတ်ပြီးသူများသည် သွေးပေါင်ချိန်ကို ပုံမှန်ချိန်ရန် လိုအပ် လှပေသည်။

မာဃ
Ref;Net doctor
Health Updates Journal No. 128 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...