လူငယ်နှင့် ကြင်နာမှု တစ်ဖက်ကမ်းဆီမှ သံယောဇဉ်ပန်း

စိုင်းထီးဆိုင်က သီချင်းတစ်ပုဒ် ဆိုဖူးတယ် “ခွေးတစ် ယောက်နဲ့ လူနှစ်ကောင်” ။ ခွေးက လူနေရာရောက်ပြီး လူက ခွေးနေရာ ရောက်သွားတယ်။ အဲဒီတော့ ကျော်ဟိန်း က ရုပ်ရှင် တစ်ကား ရိုက်ပြလိုက်တယ် “လူခွေး” တဲ့။ သတ္တလောက၊ သြကာသ လောက၊ သင်္ခါရလောက (၃) ပါးမှာ လူဆိုတဲ့ သတ္တဝါနဲ့ တိရစ္ဆာန် ဆိုတဲ့ သတ္တဝါက အနီးကပ်ဆုံးပဲ။ လူသားတွေက အိမ်မှာ မွေးတဲ့ကြောင်၊ ခွေး၊ သာလိကာတွေရှိ တယ်။ ခွေးဆိုတဲ့ သတ္တဝါက လူအပေါ် မှာ သစ္စာအရှိ ဆုံးပဲ။ ခွေးရူးပြန်ရောဂါ မရခင်အချိန် ထိပေါ့လေ။ ကြောင်ကတော့ လူစကားကို အနီးကပ်ဆုံး၊ အနားလည်ဆုံး၊သာလိကာနဲ့ ကြက်တူရွေးက တော့အိမ်ကို စောင့်ရှောက်တဲ့ သတ္တဝါ မျိုးလေးတွေပါပဲ။

ကြောင်လေးတွေဟာ မွေးဖွားခါစတုန်းက ကြောင်မကြီးက သူ့သားသမီးတွေကို နို့စို့တတ်အောင်၊ ကြွက်ဖမ်းတတ် အောင်သင်ပေးရ တယ်။ ခွေးမကြီးက လည်း သူ့ေ ခွးလေးတွေကို ပရဝဏ်အတွင်း ခြံစည်းရိုးလုံအောင် သင်ပေး တယ်။ လူသားတွေကလည်း သူတို့သား သမီးတွေကို စကားပြောတတ်အောင်၊ ပညာတွေသင်၊အလုပ်လုပ် ဖို့နှင့် အိမ်ထောင်ရက်သားချပေးဖို့သင်ပေးတယ်။နောက်တော့လည်း သားသမီး၊မြေး၊မြစ်တွေနဲ့ တရား ဓမ္မဘက်မှာ အရိပ်ခိုလှုံကြတယ်။ဆပ်ကပ် ပွဲတွေ မှာတော့ ခြေ င်္သ့ တို့၊ ကျားတို့၊ မြွေတို့တောင်မှ ယဉ်ကျေး အောင်သင်ကြား ပေးပြီး ရုံသွင်းပြကြတယ်။ ရာခိုင်နှုန်းအနည်း ငယ်လောက်သာမှား ယွင်းမှုနဲ့ အသက်ဆုံးရှုံးမှုဖြစ်တာပါပဲလေ။ မိခင်တွေက သူ့သားသမီးတွေကို လိမ္မာယဉ်ကျေးအောင် သင်ကြားပေးသလို ခြင်္သေ့၊ ကျားသတ္တဝါကြီးတွေကို ယဉ်ကျေးအောင် ပုံသွင်းပြသတဲ့သင်ကြားမှုက အမျိုး သမီးတွေဖြစ်နေ တယ်။ ရုပ်ရှင်တွေမှာ ဟာကျူလီက ခြင်္သေ့ကို ဓားနဲ့ခုတ်နိုင်အောင် သတ်ပြတယ်။ ဆပ်ကပ်မှာတော့ အမျိုးသမီးတွေက ခြင်္သေ့၊ ကျားတွေ ကို နူး ညံ့တဲ့ နှ လုံးသားနဲ့လိုတဲ့ပုံစံပုံသွင်းရောက် အောင်သင်ကြားပေးကြတယ်။

အဆုံးစွန်သော အနှိုင်းမဲ့ မေတ္တာ ဟာ ထာဝရအောင်ပွဲတစ်ခုဖြစ်သလို နူးညံ့တဲ့ပါဝါ နှလုံးသားဟာလည်း အရိုင်းတွေကို အယဉ်ဖြစ်စေပါတယ်။ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် က သူ့ကိုလုပ်ကြံတဲ့သူကို တူရကီနိုင်ငံ အကျဉ်းထောင်ထဲမှာ သွားတွေ့ပြီး တော့ တူရကီအစိုးရဆီ လွတ်ငြိမ်း ချမ်းသာခွင့်တောင်းခံခဲ့တယ်။ ပုပ်ရဟန်း မင်းကြီးကို လုပ်ကြံ သူကို တူရကီအစိုးရက လွှတ်ပေးခဲ့တယ်။ မဟတ္တ မဂန္ဓီက လူမျိုးရေးအဓိကရုဏ်း ဖြစ်တော့ အစာငတ်ခံဆန္ဒပြခဲ့တယ်။ လူမျိုးရေး အဓိကရုဏ်းရပ်သွားတယ်။ အဲဒီတော့မှ ဂန္ဓီကြီးလည်း အစာငတ်ခံဆန္ဒပြ တာကို သပိတ်လှန်ခဲ့တယ်။

အဲဒီလိုပဲသခင်အပေါ်မှာ သစ္စာရှိတဲ့ခွေးဟာ သစ္စာမဲ့တဲ့လူသားထက် ပို နေရာရနေသလိုပါပဲ။ ကျွန်တော်ငယ် ငယ်တုန်းကသတင်းစာထဲမှာ သတင်း တစ်ပုဒ်ဖတ်ဖူးတယ်။ ရွာတစ်ရွာကို ဓားပြ တွေဝင်တိုက်ခါနီးမှာ အဲဒီရွာကခွေး တစ်ကောင်ဟာဓားပြဗိုလ်ကိုဝင်ခဲတယ်။ လူသံ၊သေနတ်သံ၊ ခွေးဟောင်သံတွေ ကြောင့်ရွာက လူတွေလန့်နိုးပြီး ဓားပြ ရန်က ကင်းဝေးခဲ့တယ်။ အဲဒီခွေးကို အဲဒီရွာမှာအုတ်ဂူသွင်း ဂုဏ်ပြုသဂြုင်္ိဟ် ပေးခဲ့တယ်။အချောင် လိုချင်တဲ့ဓားပြ စိတ်ဓာတ်ထက်ပိုမြင့် မြတ်တဲ့ခွေး၊လူ သားတချို့ ကိုကယ်တင်ခဲ့တဲ့ခွေး၊ သစ္စာ တရားကို လူထက်ပို တန်ဖိုးထားတဲ့ခွေး၊ ခွေးက လူနေရာရောက်သွားတာပေါ့။

ရှေးခေတ်တုန်းကတော့ ရှင် ဘုရင်နဲ့ သခင်အပေါ်သစ္စာရှိတဲ့ လူသားတွေကိုလည်း ဂုဏ်ပြုကြတယ်။ တစ်လုပ် စားဖူး သူ့ကျေးဇူး ဆိုတဲ့စကား နဲ့ဘုရင်ကိုလုပ်ကြံဖို့ အနီး ကပ်ရောက် ရှိချိန်မှာပြန်လှည့်လာတဲ့ သူရဲကောင်း သူတော်စင် တွေ၊ ဘုရင်အ ပေါ်သစ္စာ ရှိတဲ့ကျန်စစ်သား ဟာငရမန်ကန်း လက်ထဲကဘုရင်ကို သွားကယ် ခဲ့သလိုပေါ့။ ဗိုလ် ချုပ်အောင် ဆန်းအပေါ် သစ္စာ ရှိတဲ့ လူတွေရှိ သလိုဦးနေ ဝင်း၊ဦးသန်း ရွှေအပေါ် သစ္စာ စောင့်သိတဲ့ လူတွေရှိမှာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်ကိုလေးစား၊ သစ္စာရှိတဲ့ လူတွေရှိ ပါတယ်။ အဲဒီလို သစ္စာတရား စောင့် သိခြင်းဟာသြဇာရဲ့လွန်ဆွဲပွဲ၊ အာဏာ ရဲ့ယှဉ်ပြိုင်ပွဲတွေဖြစ်သွား တယ်။ ထိပ် တိုက်ရင်ဆိုင်မှု တွေနဲ့အတူ ပြဿနာ၊ ပဋိပ က္ခတွေဖြစ်ပေါ်စေပါတယ်။

အဲဒီလိုပါပဲ။ မင်းကျင့်တရားနဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သွေးစွန်းမှု နဲ့ သဘာဝတရားရဲ့ ရာသီဥတုဖောက် ပြန်မှုနည်းပါးပါတယ်။ နိုင်ငံသားတွေ အားလုံးဟာလည်း ကတိ တည်ကြရင် နိုင်ငံဖွံ့ဖြိုးသာယာစည်ပင်ဝပြောပါ တယ်။ ချစ်သူနှစ်ဦးဟာလည်း သစ္စာ စောင့်သိကြရင်အကြင်လင်မယား အဖြစ် ရိုးမြေကျရာသက်ပန်ပေါင်း ဖက်ထိ စပ် မှုပေါ့။ အိမ်မှာမွေးတဲ့တိရစ္ဆာန်တွေကလည်း သခင်တွေကို သစ္စာစောင့်သိ လျှင် ဝဝလင်လင် စားသုံး သက်တော်ရှည်ဖြတ်သန်းမှာပေါ့။အဲဒီလို အိမ်မွေး တိရစ္ဆာန်တွေရဲ့ အ လိုက်သိ မှု၊ ချစ်ခင် တတ်မှု၊ သစ္စာရှိမှု တွေကြောင့် တိရစ္ဆာန် ဆေးကုဆရာဝန်တွေ ဖြစ်ပေါ်လာ တာပေါ့။ အာဟာရ အတွက်ကတစ်ပိုင်း၊ လူသား အတွက်ပြန်လည်စာနာ သိ တတ် မှုကတစ်ပိုင်းပေါ့လေ။

ဒီခေတ်မှာတော့ ရယ်စရာပေါ့။ တစ်ချိန်တုန်းက တကယ်ဖြစ်ခဲ့တယ်။ ချစ်သူကောင်လေးက ချစ်သူ ကောင်မ လေး စွန့်ခွာသွားတဲ့အခါမှာ နောက် ချစ်သူလည်း မရှာ၊ အိမ် ထောင်လည်း မပြုဘဲ ချစ်သူ ကောင်မလေးဓာတ်ပုံကို နေ့တိုင်းထုတ်ကြည့်ပြီးတော့ ဘဝရဲ့ နောက်ဆုံးအချိန်တွေ တကယ်ဖြတ် သန်းခဲ့ပါတယ်။နိုင်ငံရေးဟာ သစ္စာရှိ တယ်ဆို ရင် နိုင်ငံရေးလုပ်သူတွေက သစ္စာ စောင့်သိ ရင် နိုင်ငံတော်အတွက် ကောင်းသော အနာဂတ်၊မျိုးဆက် သစ်တွေအတွက် အလင်းရောင်ပေါ့လေ။ ခေါင်းဆောင် တစ်ယောက်မှာနောက်လိုက်တွေ သစ္စာ ရှိရင်အောင်ပွဲက အနီးကပ်ဆုံးမှာ အသက်ရှူနေတယ်။ သေသေချာချာ နားထောင်ပါ။တကယ်လိုလားပြီး ဆန္ဒရှိ ရင်တော့ရ မှာပေါ့လေ။ အဲဒီအခါမှာ မတူမတန်ဆိုတဲ့ စကားလုံးဟာ အဝေး ဆုံးမှာ ရှိနေမှာပါပဲ။ ဘိုးဘွားအမွေအနှစ်တွေ ဆုံးရှုံး မှုဟာ အာဏာ၊ လက်နက်၊ ငွေဟာ တစ်ဖက်မှာ ရှိ သလို သစ္စာစောင့်သိမှု အားနည်းတဲ့ အရင်းခံစိတ်ဓာတ် သစ်ပင်ပေါ့။ အဲဒီတော့ သစ်ပင်က ဘယ်လောက်ကောင်းကောင်းငှက် တွေက နားလို့မရတော့ဘူး။

အဲဒီတော့ အဓိဋ္ဌာန်တွေပြုကြတယ် ” ကျွန်ုပ်တို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားအပေါ် သစ္စာစောင့်သိပါမည်” ။ ဆရာဝန်တွေဘွဲ့ရတော့ ဘွဲ့နှင်းသဘင်မှာ သစ္စာပြုရတယ်။ ” ရန် သူဖြစ်ပါစေအသက်ကို ကယ်တင်ပါမည်” အင်ဂျင်နီယာတွေဘွဲ့ရတော့ ဘွဲ့နှင်းသဘင်မှာ “လူသားများ အသက် ဆုံးရှုံးမှုမရှိရန် ပညာရပ်ဖြင့်လူထုကို လုပ်ကျွေးပါ မည်”ပါမောက္ခချုပ်ရှေ့မှာ သစ္စာ အဓိဋ္ဌာန်ပြု၊ အောင်စည်အောင်မောင်းတီး ဘွဲ့တက်ယူခဲ့ကြတယ်။ ဒါပေမဲ့ လည်း ဆရာဝန်မလုပ်သော ဆရာဝန် တွေ၊ အင်ဂျင်နီ ယာမ လုပ်သော အင်ဂျင် နီယာတွေ ဖြစ်လာတယ်။ ကျွန်တော် လည်းနိုင်ငံရေး၊စာပေဘက်မှာ ရပ်တည် တော့ အင်ဂျင်နီယာအလုပ် မလုပ်ဖြစ်ခဲ့ပါဘူး။ ကဲ..လူငယ်ရေ သစ္စာရှိကြ ပါ စေ။ သစ္စာစောင့်သိပါစေ။ အရာရာ ကို အလွယ်လေးကတိမပေးပါနဲ့။ သင့်ရဲ့ သစ္စာတရားဟာ တိရစ္ဆာန် ထက်နိမ့်ပါးသွားခဲ့ရင် ခေါင်းအေး အေးထားစဉ်းစား၊ သမာဓိ အားနဲ့ ပြန်မြှင့်တင်ပါ။ အဆုံးစွန် သော သစ္စာတရားကို မပြောလိုပါဘူး။ ဆိုခဲစေ၊ မြဲစေ၊ ကတိတည်ပါစေ။ 


အောင်ထွန်း
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...