ဆံပင်မှာ အနံ့ဆိုး ထွက်လာရင်

ဦးရေပြားနဲ့ ဆံပင်တွေ အနံ့ဆိုး ထွက်တာဟာ တစ်ကိုယ်ရေ သန့်ရှင်း မှုနည်းလို့ မဟုတ်ဘဲ အသက် အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ ပြဿနာတစ် ခုဖြစ်ပါတယ်။ ဆံပင်အဆီ ထွက်တတ် သူတွေဟာ ဒီလိုအခြေအနေမျိုး ဖြစ်ပွားမှုပိုများပြီး သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု တွေ၊ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းမညီမျှမှု စတာတွေ ကြောင့် အနံ့ဆိုးထွက်တဲ့ ရှက်စရာပြဿ နာကို ကြုံတွေ့နိုင် ပါတယ်။ ဒါကြောင့်မို့ အနံ့အသက်ကင်းပြီး ကျန်းမာ တဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လို လုပ်နိုင်လဲဆိုတဲ့ အချက်လေးကို ဖော်ပြပေး လိုက်ပါတယ်။

မုန့်ဖုတ် ဆော်ဒါကတော့ ဆံပင်အဆီပြန်တာနဲ့ အနံ့ဆိုးကိုဖယ်ရှား နိုင်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါ တယ်။ ဆော်ဒါတစ်ဇွန်း၊ရေသုံးဇွန်းရောပြီး ဆော်ဒါအနှစ်နဲ့ အနံ့ထွက်နေတဲ့ ခေါင်းကို သုတ်လိမ်း ပါ။ (၅)မိနစ် လောက် နေရင် ရေဆေးချပြီး တစ်ပတ်တစ်ခါလောက် ပုံမှန် လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ပန်းသီးရှလကာရည်၊ သံပရာရည်၊ ရှောက်ရည်၊ ခရမ်းချဉ်ရည် ကြိုက်ရာတစ်မျိုးမျိုးနဲ့လည်း ဆံပင်ကိုသုတ် လိမ်းပြီး ခေါင်းလျှော်ပေးတာမျိုး လုပ်နိုင်ပါတယ်။

ဒါ့အပြင် တမာဆီ၊ လက်ဖက်ဆီနဲ့ သုတ်လိမ်းပြီး ဦးရေပြားကို ညင်သာစွာနှိပ်နယ်၊ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ရှားဇောင်းလက်ပပ်ရှိရင် လည်း ဆံပင်ကိုရှားဇောင်းလက်ပပ်ဂျယ်နဲ့ သုတ်ပြီး ခဏတာပေါင်းထား ပေးပြီး အနံ့ ပျောက်အောင်လုပ်နိုင်ပါတယ်။ လိမ္မော်ရည်တို့၊ လိမ္မောခွံ တို့သုံးပြီးတော့လည်း တစ်ပတ်နှစ်ကြိမ်လောက် ပေါင်းတင်ပေးနိုင်ပါ သေးတယ်။

တချို့ကလည်း ဈေးသက်သာတဲ့ ဗော့ဒဂါအရက်နဲ့ ရေအနည်းငယ် နဲ့ရောပြီး ဆံပင်ကို ပက်ဖျန်းပေါင်းတင် ပေးတဲ့ အခါ အနံ့အသက်တွေ ပျောက်ပြီး ချောမွေ့တောက်ပြောင်တဲ့ ဆံပင်တွေရရှိစေမှာပါ။ နောက် တစ်ခုက ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကိုအနှစ်ရအောင် လုပ်ပြီးဆံပင် ပေါင်းတင်တာပါ။ တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးတာနဲ့ အပြောင်း အလဲကို တွေ့ရမယ်လို့ ဆိုပါတယ်။ 


Ref:homeremedies.com
7Day Daily
No.506 Friday, September 19, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...