ဖုန်းတစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ အပိုင်း(၄)


ဒီနေ့ တော့ ကျွန်တော် coil လေးတွေ အကြောင်း ပြောပြပါ့မယ်။
Inductor လို့ ခေါ်တဲ့ ကွိုင်လေးတွေဟာ ဖုန်းတစ်လုံးမှာ အရေးပါတဲ့ ပစ္စည်းအစိတ်အပိုင်းလေး တစ်ခုပါ။
ကွိုင်လေးတွေကို ပါဝါအိုင်စီရဲ့ ဘေးပတ်ပတ်လည်မှာ အနဲဆုံး သုံးလုံးကနေ ငါးလုံးခန့် ထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေဟာ ပတ်လမ်းမှာပါဝင်တဲ့ အိုင်စီတွေရဲ့ဗို့ အား လိုအပ်ချက်တွေကို တော့တင်းတဲ့ အမ်ပီယာ
ရောက်အောင် ကူညီပေးပါတယ်။ ကျွန်တော်တို့ စာသင်တုန်းက Faraday’s law of induction ဆိုတဲ့စာလေးကို
မှတ်မိဦးမယ် ထင်ပါတယ်။ wire ကြိုးတစ်ချောင်းကို ဖားရက်ကိုးပေါ်မှာ ရစ်ပတ်ပေးခြင်းဖြင့် လျှပ်စစ်သံလိုက်စက်
ကွင်းတစ်ခုကို ညို့ယူနိင်ပါတယ်။ အဲဒီညှိ့ယူမှုအားကို ဟင်နရီနဲ့ တိုင်းတာ သတ်မှတ်ကြပါတယ်။
အောက်ခံကိုးဖော်မှာပေါ်မှာ ပတ်ထားတဲ့ အပတ်ရေအပေါ် မူတည်ပြီးသူတို့ ရဲ့ညှိ့ ယူမှု ကပြောင်းလဲနိင်ပါတယ်။
Battery ကနေရောက်လာတဲ့ dc 3.7v ဟာပါဝါအိုင်စီရဲ့ အတွင်းမှာရှိတဲ့ pwm circuit ပိုင်းကနေ ခုန်လိုင်း
တစ်ခုထုတ်ပေးပါတယ်။ output ပိုင်းကိုထွက်လာတဲ့ ခုန်လိုင်းတစ်ခုကို coil နဲ့  capacitor ပတ်လမ်းက
ခွင်ကျပတ်လမ်းအဖြစ်ညှိ့ ယူပြီး လိုအပ်တဲ့ output ဗို့ ကိုထုတ်ပေးပါတယ်။ output coil လေးတွေရဲ့ဗို့တွေဟာ
1.2v,1.8v,2.5v,3.0v,စသဖြင့် section တစ်ခုခြင်းစီအတွက်သီးသန့် ကွိုင်လေးတွေ တစ်လုံးစီနဲ့ ထုတ်ယူ
ကြပါတယ်။အဲဒီကွိုင်လေးတွေမှာပတ်ထားတဲ့ wire ကြိုးလေးဟာ အင်နာမင်ဆေးတစ်မျိုးအုပ်ပေးထားတဲ့
အတွက်တစ်ပတ်နဲ့ တစ်ပတ် ထိကပ်နေပေမယ့် လျှပ်ကူးခြင်းမရှိပါဘူး။အကြောင်းတစ်ခုခုကြောင့်အပေါ်က
အုပ်ထားတဲ့ဆေးအလွှာလေးပေါက်သွားရင်အပတ်ရေတစ်ခုနဲ့တစ်ခုကြားခံမရှိတော့ပဲရှော့ဖြစ်သွားတတ်ပါတယ်
အထူးသဖြင့် back light coil လေးတွေဟာ ဗို့ များများထုတ်လွတ်ပေးရတဲ့အတွက် အထွက်ပိုင်းတစ်နေရာရာ
မှာရှော့ဖြစ်ရင်အပူကြောင့်သူ့ ကိုအုပ်ထားတဲ့အင်နာမင်ဆေးဟာကျွမ်းသွားပြီး ကွိုင်လေးတွေပျက်စီးကြပါတယ်။
နောက်တစ်ခုက ကွိုင်လေးတွေရဲ့ ဟင်နရီတန်ဖိုးလျှော့နည်းလာရင် အထွက်ဗို့ အားပါလျှော့နည်းသွား
တတ်ပါတယ်။ဖုန်းမှာပါဝင်တဲ့ ကွိုင်လေးတွေဟာအရွယ်အစားသေးငယ်တဲ့အတွက် အစားထိုးလဲလှယ်ပေး
ယုံသာတတ်နိင်ပါတယ်။
ကွိုင်လေးတွေကောင်းမကောင်းကိုတော့မီတာနဲတိုင်းပြီးအကျမ်းဖျဉ်းခန့် မှန်းနိင်ပါတယ်။မီတာမှာ ohm
ပြရင်ကောင်းမယ်၊ဘာမှမပြရင်မကောင်းဘူး၊ရှော့ဖြစ်နေလားမဖြစ်ဘူးလားဆိုတာကိုတော့မီတာနဲ့ အတိအကျ
တိုင်းလို့ မရနိင်ပါဘူး။အပတ်ရေနဲတဲ့အတွက် ohm တန်ဖိုးကလဲ 0 ohm ပဲပြမှာပါ။
ပုံမှာပြထားတာကတော့ backlight coil လေးတစ်ခုရဲ့ပတ်လမ်းပုံလေးပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

ကိုအောင် 
BEGINNING OF MOBILE HARDWARE AND SOFTWARE
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...