ဗောက် ယားယံခြင်းအတွက် အိမ်တွင်း ကုထုံး

လူလားမြောက်သူ ကျား/မ မရွေး ဦးရေပြား ခြောက်သွေ့ မှို စွဲခြင်း ကြောင့် ဗောက်ထလေ့ရှိကြ ပါ ၏တယ်။ ခေါင်းပေါ်မှာ အဖြူအ ဖတ် များဖြင့် အကြည့်ရဆိုးသလောက်၊ အင်မတန်မှယားယံလို့ နေ ရ ထိုင်ရ ခက်စေပါတယ်။ ရှမ်ပူ(ခေါင်းလျှော်ရည်)အချို့ ဖြင့် ဗောက် ပျောက်စေသော်လဲ၊ လုံးဝ အမြစ်ပြတ် ပျောက်ကင်းသွားလေ့ မရှိ ကြပါဘူး။ (အပူဓာတ်စီးဆင်းကား ဦးရေပြား ခြောက်သွေ့ စေ တတ်တဲ့ ကော်ဘီးများကို (လုံးဝ)မသုံးပါနှင့်။ ခေါင်းလျှော်သည့် အခါတိုင်း သုံးနေကျ ဘီး၊ က လစ်၊ ခေါင်းစည်းကြိုး၊ ဘီးကုပ်တို့ ကို ဆပ်ပြာဖြင့် သန့် စင် အောင်ဆေးကြောရန် နှင့် ခေါင်းအုံးစွပ် အသစ်လဲရန် မမေ့ပါနှင့်)

၁) ရှာလကာရည်က ဦးရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး၊ ယားယံခြင်းကို သက် သာစေပါတယ်။ ဦးစွာခေါင်းပေါ်ရှိ ဗောက်ဖတ်များကို စင်အောင်ဘီးနဲ့ ဖြီးချပါ။ ပြီးနောက် ရှာလ ကာရည်နဲ့  ရေအေးတို့ ဆတူရော၍ (သို့ မဟုတ်) ရှာလကာရည် အ နည်းငယ်ပို့ ထဲ့ပြီး၊ ဦးရေပြား အနှံ့ နှိပ်နယ် လိမ်းကျံပေးပါ။ မိနစ်အနည်းငယ် အကြာ ရေဖြင့်လောင်းလျှောက်ပြီးနောက်၊ ပုံမှန်သုံး နေကျ ရှမ်ပူဖြင့်စင်အောင် လျှော်ပေးပါ။

၂) မုန့် ဖုတ်ဆော်ဒါက ဦးရေပြားပေါ်ရှိမှိုများကို သေစေနိုင်တဲ့ အာနိသင်ရှိပါ တယ်။ ခေါင်းတစ်ခုလုံးကို ရေစွတ်ပြီး၊ လက်တစ်ဆုပ်စာ မုန့် ဖုတ်ဆော်ဒါမှုန့် ဖြင့် ဦးရေပြားထိရောက်အောင် အား ရပါးရပွတ် တိုက်၍၊ ရေဖြင့်စင်စင် လျှော်ချပေးပါ။ (မည်သည့်ရှမ်ပူကိုမျှ မသုံးပါနှင့်၊ရေဖြင့်သာလျှော် ပါ) ဗောက် အထူ/အပါးပေါ်မူတည်ပြီး၊ တစ်ပတ် လျှင် ၂ကြိမ်/ ၃ကြိမ်မျှလျှော်ပေးပါ။ လျှော်ပြီးကာစ မှာ ဆံသားများ ခြောက်ကပ်နေသော်လည်း ရက်အနည်းငယ် အကြာ ဆံသားများပုံမှန်အတိုင်းစိြုေ ပ၍ ပိုမိုနူးညံ့လာကာ ဗောက်များ ကင်းစင်သွားပါလိမ့်မယ်။

၃) အိန္ဒိယအစားအစာများထဲတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး၊ အမိုင်နို အက်ဆစ်နှင့် လက်စီ သင်းဓာတ်တို့ ပါရှိကြသဖြင့် ဆံပင်သန်စွမ်းနက်မှောင်ကာ ဦးရေပြားအေးမြပြီး ဗောက် ပျောက်စေပါတယ်။ ပဲနံ့ သာပင် အရွက်ကလည်း ဆံသားကိုနူးညံ့ချောမွေ့ စေပါတယ်။ ပဲနံ့ သာ လက်ဆစ်ဆုပ် စာကို ရေတညစိမ်သိပ်ပြီး၊ နောက်တစ်နေ့ နံက်မှာ အနှ စ်ဖြစ် အောင်ကြိတ်ချေ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင် လိမ်းပါ။ နာရီဝက်ခန့် အကြာမှာ မိမိ သုံးနေကျ ရှမ်ပူဖြင့် လျှော်ချပေးပါ။

၎) ဆင်တုံးမနွယ်ပင်၏ အခါးဓာတ်များက ဗောက်ဖြစ်စေတဲ့ မှိုပိုးများကို သေစေသောအစွမ်း သတ္တိရှိပါ တယ်။ ဆင်တုံးမနွယ်ရွက် ကိုကြိတ်ချေ၍ ဦးရေပြားအနှံ့ လိမ်းကျံပါ။ ဆင်တုံးမနွယ် ရွက်ရင့်ရင့်၂-ရွက်ကို ရေနွေးတညတာ စိမ်ပေးပြီး၊ နံက်မိုးသောက်တဲ့အခါ ထိုအရေဖြင့် ဆံသား များကိုလိမ်းပေးပါ။ တစ်နာရီခန့် အကြာမှာ ရေအေးဖြင့် သန့် စင်လျှော်ချလိုက်ပါ။

၅) အယ်လ်ကိုဟော ကို အခြေခံထုတ်လုပ်ထားတဲ့ Listerine(ခေါ်)ခံတွင်းသန့် စင်ရည်က လည်း ဗောက် များကို သေစေတဲ့ အာနိ သင်ရှိပါတယ်။ ဒါကြောင့် မိမိလျှော်နေကျ ခေါင်းလျှော်ရေ သုံးပြီးနောက်၊ ခံတွင်းသန့် စင်ရည်ဖြင့် လျှော်ချပေးပါ။

၆) ပဋိဇီစဆေးတစ်မျိုးဖြစ်တဲ့ အက်စပရင် (ခေါ်) ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာ Salicylic အက် ဆစ်ပမာဏ အမြောက်အများ ထဲ့၍ဖော်စပ်ထားပါတယ်။ အဲဒီအက်ဆစ်ဓာတ်ဟာ ဗောက်များ ကိုေ သစေနိုင်တဲ့အစွမ်းရှိလို့  ဗောက်ပျောက်ရှမ်ပူများတွင် ထဲ့သွင်း အသုံးပြုလေ့ရှိကြပါတယ်။ အက်စပရင်ဆေး ၂-ပြားကို အမှုန့်ကြိတ်ကာ မိမိနှစ်သက်ရာရှမ်ပူဖြင့်သမအောင်ရောမွှေပြီး တခေါင်း လုံးအနှံ့  လိမ်းကျံ၍နှပ်ထားပေးပါ။ ၂-မိနစ်အကြာမှာ ပုံမှန်ခေါင်းလျှော်သကဲ့ သို့ လျှော်ေ ပး ရုံပါဘဲ။

၇) အာဟာရပြည့်ဝစွာစားသောက်နေထိုင်ခြင်းဖြင့် ကျမ္မာရေးကောင်းမွန်စေသလို၊ အသားအေ ရစိုပြည်ကောင်း မွန်စေကာ အသား အရည်နှင့်ပတ်သက်ဆက်စပ်လျှက်ရှိတဲ့ ဗောက်ရောဂါ ကို လည်း မဖြစ်စေနိုင်ပါဘူး။ အသား အရည်ခြောက်သွေ့ ခြင်းကင်းဝေးပြီး ဗောက်ပျော က်စေရန် အတွက် ဘရိုကိုလီ (ခေါ်)ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းထုပ် အဖြူ၊ ဆလတ်ရွက်၊ အဆီများသောငါး (ငါးကြီးဆီ)၊ ကြက်ဥ-ဘဲဥ-ငုံးဥ၊ အစေ့အဆံ နှင့် မြေပဲတို့  စားပေးပါ။

၈) သံပရိုသီးထဲမှာပါတဲ့ သဘာဝ အက်ဆစ်ဓာတ်ဟာ ဗောက်ဖြစ်စေတဲ့ မှိုများကို အင်တိုက် အားတိုက်ဖြို ခွင်း ပေးနိုင် စွမ်းရှိပါတယ်။ သံပရိုသီး အလုံးလိုက်ကို စားပွဲပေါ်တင်လှိမ့်၍ ထက်ခြမ်းခြ မ်းပြီး၊ ဗောက်ယားယံသော ဦးရေပြားအနှံ့ ခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ နာရီဝက်ခန့် အကြာမှာ ရေသ န့်  သန့် ဖြင့်လျှော်ချပေးပါ။ အလွန် အယားပြေစေရုံသာမက၊ သံပရိုသီးရနံ့  ဆံပင်မှာစွဲ ကျန် ခဲ့စေပါမည်။ ထိုရနံ့ ကို ဗောက်မှိုများကြောက်သဖြင့် တော်တော်နှင့်ေ ဗာက်မစွဲစေတော့ပါဘူး။

၉) လ္ဘက်ရွက်အဆီဟာ အဆိပ်ရှိသတ္တ၀ါကိုက်ခံရခြင်းအတွက် အဆိပ်အတောက်ပြေစေသလို၊ အရေပြားပေါ်ရှိ မှိုပိုးများကို နှင် ထုတ်ပေးနိုင်သည့် ဆေးဘက်ဝင်အရွက်ဖြစ် ၍ ရှေးရာစုနှစ်ေ ပါင်းများ စွာကတည်းကပင် တရုပ် ရိုးရာ ကုထုံးများတွင် အသုံးပြုလာခဲ့ ကြပါတယ်။ လ္ဘက် ရွက် အဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာကို ရေနွေးတစ်ခွက်ဖြင့် သမအောင် ရောမွှေထားပါ။ ခေါင်းကို ပုံ မှန်လျှော်နေ ကျရှမ်ပူဖြင့်လျှော်ပြီးနောက်၊ စောစောကရောစပ်ထားသော လ္ဘက်ရွက်ဆီဖြင့် ဦးေ ရပြားထဲထိစိမ့်ဝင်အောင် လိမ်းကျံနှိပ်နယ်ပေးပါ။ (ခေါင်းကိုရေဖြင့် ထပ်မလျှော်ပါနှင့်) ၁၀ မိနစ် ခန့် အကြာဆံပင်ပေါ်ရှိရေများကို ပုံမှန်နည်းအတိုင်း ခြောက်အောင်သုတ်ေ ပးရုံပါဘဲ။ ဗောက် များပါးသွား သည့်အပြင် ဆံသာများနက်မှောင်လာပါလိမ့်မယ်။

၁၀) ရှားစောင်းလက်ပပ်ပင်က အရေပြားပေါ်ရှိဆဲလ်များတည်ဆောက်မှုကို သူမတူေ အာင် ကောင်း ကျိုးပြုပါတယ်။ ခေါင်းမလျှော်ခင် ၁၅-မိနစ်လောက်ကြိုတင်၍ ရှားစောင်ဂျယ်လီ( အနှစ်) များဖြင့် ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပြီး၊ ပုံမှန်လျှော်နေကျ ရှမ်ပူ ဖြင့် လျှော်ချပေးရုံပါဘဲ။

၁၁) အိမ်သုံးဆားများဟာ အရေပြားပေါ်ရှိပိုလျှံသောအဆီများနှင့် ဗောက်ကဲ့သို့ သေနေသော အရေပြားအဖတ်လွှာ များကို သဘာ ၀နည်းကျကျ သန့် စင်ပေးနိုင်စွမ်းရှိပါတယ်။ စားပွဲတင်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ ဆားများဖြင့် ဦးရေပြားအနှံ့ ပွတ်တိုက်ပြီး၊ ၁၀-မိနစ် အကြာ ရေစင်စင်လောင်း ချ၍ ပုံမှန်လျှော်နေကျ ရှမ်ပူဖြင့် လျှော်ပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
(မှီငြမ်း how to relief anti-dandruff naturally)

promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...