အစိမ်းရောင် အာလူးနှင့် အသက်အန္တရာယ်

ဟင်းတော်တော် များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစု အတွက် အာလူးက ဟင်းအပွါးခတ်ပေးသလို၊ အာဟာရ ပြည့် အရသာ ရှိသလောက်၊ ဈေးနှုန်းလည်း ချိုသာတာမို့ အာလူး ဟာ အိမ်ရှင်မများအတွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အစိမ်းရောင် အာလူးရဲ့  အန္တရာယ်ကို လူတိုင်း မသိကြသေးပါဘူး။ ကလိုဖီးလ်ဓာတ် အမြောက်အများ ပါရှိခြင်းကြောင့် ပုံမှန် အရောင်နှင့် မတူ တမူကွဲပြားနေခြင်းပါ။

" စိမ်းရောင်ခြယ် ကလိုရိုဖီးက လူကို ကြီးကြီးမားမား ဘေးဥပါသ်မဖြစ်စေသော်လဲ၊ အဲဒီအာလူး ထဲမှာပါတဲ့ အရသာ အတန်ငယ် ခါးသက်ပြီး solanine (ခေါ်) အဆိပ်သင့်ဓာတုပစ္စည်းတစ်မျိုးေြ ကာင့်၊ စားသုံးမိတဲ့အခါ လူကို အော်ဂလီဆန်ခြင်း၊ ခေါင်းကိုက်၍ ၀မ်းလျောခြင်း၊ အစာမေ ကျပျို့ အန်ခြင်း တို့ ဖြစ်စေပါတယ်၊ ကိုယ်လေး အချိန် ပေါင် ၁၀၀ ရှိတဲ့ ကျမ္မာရေးကောင်းသူေ တာင် အဲဒီ အာလူး ၁၆ အောင်စလောက်စားမိရင် စောစောက ပြောတဲ့ အစာအဆိပ်သင့် ဘေးထွက် ဆိုးကျိုးတွေဖြစ်စေတတ်လို့ ၊ ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့  ကလေးတွေဆို အသက်အန္တရာယ် တောင်ဖြစ်စေနိုင်တယ် " လို့  Nebraska လင်ကွန်းတက္ကသိုလ်မှ ပရော်ဖက် ဆာ တစ်ဦးဖြစ်သူ Alexander Pavlista က ဆိုပါတယ်။

ဆက်လက်ပြီး ပရော်ဖက်ဆာ က " ပုံမှန်အာလူး အရောင်မှာ အစိမ်းရောင်ယှက်သန်းနေသော အစိပ်အပိုင်းကို လှီးထုတ်ပြီးမှ ချက်ပြုတ်ရန်၊ ဈေးထဲမှ ၀ယ်လာပြီး မချက်ရသေးသော အာလူးများကို အေး၍မှောင်သောနေရာတွင် သိမ်ဆည်းထားရန်၊ အာလူးများကို ရေခဲသေတ္တာထဲ မသိမ်းကြရန်၊ အာလူးကို အခွံခွာ၍ တညတာ ရေစိမ်ပြီးမှ ချက်ပြုတ်ကြရန် " အကြံပေးထားပါတယ်။

ယနေ့ အမေရိကန်နိုင်င်ငံတွင် အစိမ်းရောင်ပါနေသော အာလူးရောင်းချမှုကို ပိတ်ပင်ထားကြပါ တယ်။ သို့ ပါ၍ မြန်မာပြည်ရှိ အိမ်ရှင်မများလည်း မိသားစုမှာမလိုလားအပ်သော ကျမ္မာရေးပြ သနာတွေမဖြစ်လာရလေအောင် အစိမ်းရောင်ခြယ်အာလူးများ ကို ရှောင်ရှားကြပါလို့  အကြံပြု လိုက်ပါရစေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
(ကိုးကား Amrican Daily Health Tips)
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...