မြန်မာ့ပညာရှင်များ စိတ်မကောင်းစွာ ယစ်မျိုးအဖြစ် သတ်မှတ်လိုက်တဲ့ အုန်းရည်ရဲ့ အကျိုးကျေးဇူးများ

တစ်ချိန်တုန်းက အုန်းရေကို Universal donor အနေနဲ့ အသုံးပြု ပါတယ်။ ဘယ်လို သွေးအမျိုးအစားကို မဆို အရေးပေါ် လိုအပ်ရင် အုန်းရေကို ထည့်ခဲ့ကြပါတယ်။ အထူးသဖြင့် ပစိဖိတ် စစ်ကာလအတွင်းက စစ်သားပေါင်း ထောင်သောင်း ချီကို အုန်းရည်နဲ့ ကယ်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့အထိလည်း သွေးမရနိုင်တဲ့ အရေးပေါ်အခြေအနေမှာ အုန်းရည်ကို အသုံးပြုနေမှု ရှိနေပါသေးတယ်။ သူ့ကို အရေးပေါ် Plasma Transfusion မှာ အသုံးပြုပါတယ်။ အုန်းရည်မှာ နို့ထက် အာဟာရဓါတ် ပိုမိုများပြားစွာ ပါဝင်ပါတယ်။ အုန်းရည်မှာ သဘာဝသကြားဓာတ်၊ ဆားဓါတ်၊ ဗီတာမင်ဓါတ်များ ပါဝင်ပြီး ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပါတယ်။ ကမ္ဘာ့အကောင်းဆုံး အားဖြည့် အချိုရည်အဖြစ်တောင် လက်ခံထားကြပါတယ်။

ဘာလို့လဲဆိုတော့ အုန်းရည် သာမန် Energy Drink တွေထက် ပိုတက်စီယမ်ဓါတ် ပိုမိုပါဝင်နေလို့ ဖြစ်ပါတယ်။ ကလိုရိုက်ဓါတ်လည်း ၁၁၈ ဂရမ် ပါဝင်ပါတယ်။ သဘာဝ သကြားဓါတ်က ၅ မီလီဂရမ် ပါဝင်ပါတယ်။ သာမန် အားဖြည့် အချိုရည်တွေထက် ဆိုဒီယမ်ဓါတ် သဘာဝအလျောက် လျော့ချထားပေးပြီးသား ဖြစ်ပါတယ်။

အခြားသော ကျန်းမာရေး ကောင်းကျိုးများစွာလည်း ရှိနေပါသေးတယ်။ ဒီတော့ အလိုအလျောက် ဖော်စပ်ထားတဲ့ ဆေးလိုဖြစ်နေတဲ့ အုန်းရည်ဟာ ယနေ့တိုင် ကျန်းမာရေးအတွက် အသင့်လျော်ဆုံး အားဖြည့် အချိရည်အဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။

အဲလို ကမ္ဘာက ကျန်းမာရေးအတွက် အဘက်ဘက်က အသိအမှတ်ပြုလက်ခံထားတဲ့ အုန်းရည်ကို မြန်မာ့ ပညာရှင်တွေက ယစ်မျိုးနွယ်ဟု သတ်မှတ်ကာ အခွန်ကောက်ပါတော့မယ်။

အခွန်ကောက်ချင်တယ်ဆိုလည်း အခြားနည်းလမ်းနဲ့ ကောက်လို့ရတာပါပဲ။ ယစ်မျိုးထဲသွင်းပြီးတော့ ကောက်တာ ကတော့ အုန်းရည်ကပဲ တန်ဖိုးမရှိသလို၊ သေရည်လို ဖြစ်နေပါတော့တယ်။ 


ref;nadimingalar.wordpress.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...