အသက် ၃၀ အရွယ် အမျိုးသမီးများ ဒါတွေဆောင်လို့ ထား

(၁) (ကိုယ်လက် လှုပ်ရှားမှုပြုပါ) ငွေကုန်ကြေးကျ မများဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်တဲ့ လမ်းလျှောက်၊ စက်ဘီးစီး၊ ယောဂ ကျင့်စဉ်စတဲ့ ပေါ့ပေါ့ ပါးပါး လေ့ကျင့်ခဏ်းလေးတွေ မှန်မှန် လုပ်ပေးပါ။ ထိုလေ့ကျင့်ခဏ်း လေးတွေက စိတ်ဖိစီးမှုပြေ ပျောက်ခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း၊ ကိုယ် အလေးချိန် ထိန်းထား နိုင်ခြင်းတို့ အတွက် ကောင်းကျိုး ပြုပါတယ်။

(၂) (ရေပိုသောက်ပါ) ရေအလုံအလောက် သောက်ပေးခြင်းက ကိုယ်အလေးချိန် ကျဖို့ အထောက် အပံ့ဖြစ်စေတဲ့အပြင်၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြည်လင် လန်းဆန်းစေပါတယ်။ (တိုင်းတပါးယဉ်ကျေးမှုကို အားကျ၍ အရက်၊ ဘီယာများ လုံးဝ မသောက်ပါနှင့်)

(၃) (ဆေးလိပ်ဖြတ်ပါ) ဆေးလိပ်သောက်ခြင်းကြောင့် အဆုပ်ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာ များတဲ့အပြင်၊ ဦးနှောက်ကိုပါ ထိခိုက်စေပါတယ်။ ထို့ ပြင် နီကိုတင်း အဆိပ်ငွေ့ ကြောင့် နှုတ်ခမ်းသားမဲခြင်း၊ မျက်လုံးတစ်ဝိုက် အရေးအကြောင်းေ တွေ ပ်ါလာခြင်း၊ မျက်နှာအသားအရေ ညစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး သုတေ သီများ၏ ၂၀၁၂ ခုနှစ်မှာ လေ့လာဆန်းစစ်ချက်များ အရ၊ ဆေးလိပ်(လုံးဝ) မသောက်သူအမျိုးသမီးများဟာ ဆေးလိပ်သောက်သူအမျိုးသမီးတွေထက် အနည်း ဆုံး အသက် ၁၀ နှစ် ခန့် ပိုရှည်စေပါတယ်တဲ့။

(၄) (မတ်တပ်ရပ်ပါ) ထိုင်ခုံပေါ်မှာ အချိန်အကြာကြီးထိုင်၍ အလုပ်လုပ်နေရသူတွေမှာ ဗိုက်ခေါက်ထူ၊ တင်ပါးကြီး လာတဲ့အပြင် အ၀လွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်လာဖို့ တာစူနေပါတယ်။ ဒါကြောင့် အထိုင် လျော့ကာ ဖြစ်နိုင်ရင် မတ်တပ်ရပ်၍ အလုပ်လုပ်ပါ။

(၅) (ကျန်းမာရေး အာမခံလုပ်ပါ) ယခုအခါ ဘဏ်များမှာ Health Insurance(ခေါ်) ကျန်းမာရေးအာမခံထားရှိမှုကို ပြု လုပ်နိုင် ပါပြီ။ ထိုသို့ ပြုလုပ်ထားခြင်းဖြင့် ဥပမာ မတော်တဆထိခိုက်၍အနာတရဖြစ်မှု၊ နာမကျန်းမှုများအတွက် အာမခံကြေးက သင့် ဘ၀ နောင်ရေးအတွက် အထိုက်အလျောက်အားဖြင့် အထောက်အပံ့ဖြစ်ေ စနိုင် ပါတယ်။

(၆) (မိမိခန္ဓာကိုယ်ကို ချစ်ပါ) မိမိဘ၀သက်တမ်းတလျှောက်လုံး၊ ခန္ဓာဝန်ထမ်းရဦး မှာဖြစ်ပါတယ်။ မပိန်လွန်း၊ မ၀လွန်း အစွန်း ၂-ဖက်မရောက်စေဖို့  ကိုယ်အလေးချိန် ကိုထိန်းသိမ်းစောင့်ရှောက်ပါ။ မဖြစ်သင့်တဲ့ ထိခိုက် အနာတရတွေ ဖြစ်မလာစေဖို့  နမော်နမဲ့ နေထိုင်သွားလာခြင်း မပြုပါနှင့်။

(၇) (ချစ်သူငယ်ချင်းများ နှင့် အချိန်ပေး၍ပျော်ပျော်နေပါ) မိတ်ဆွေကောင်းထား ရြှိ ခင်းက စိတ်ပိုင်းဆိုင်ရာ နှင့် နှလုံးကျန်းမာရေး ကို တိုးတက်ကောင်းမွန်ေ စဖို့  အ တွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ဘယ်လောက်ပင် အလုပ်များပါစေ… တိုးတိုးဖော် သူငယ်ချင်းမတစ်ဦး(သို့ မဟုတ်)သူငယ်ချင်းများနှင့် ရက်သတ္တ ၁-ပတ်လျှင် အနည်းဆုံး ၁-ကြိမ်လောက် အချိန်ပေးတွေ့ ဆုံ၍ ပျော်စရာ၊ ၀မ်းနည်း စရာ အားလုံးကို ရင်ဖွင့်တိုင်ပင်ပါ။

(၈) (တီဗွီကြည့်ချိန်လျော့ပါ) တီဗွီ၊ ဗွီဒီယို ဇာတ်လမ်းတွဲတွေ ကိုစွဲလမ်း၍ အကြာကြီး ထိုင်ကြည့်ခြင်းက အချိန်ကုန်၊ မျကစိထိခိုက် စေတဲ့အပြင်၊ အထိုင်များ၍ ကိုယ်အေ လးချိန်ပါ တိုးလာစေပါတယ်။

(၉) (ချစ်ရသူ(သို့ မဟုတ်)ခင်ပွန်းနှင့် စိတ်မကောက်ပါနှင့်) ချစ်ရေးချစ်ရာပြုခြင်းက စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့် မှုဖြစ်စေသလို၊ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ချပေးနိုင်တာကြောင့် ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။ အမျိုးသမီးတွေ အသက် ၃၀-ကျော်လာတဲ့အခါ ၄၀ ရာခိုင်နှုန်းလောက်က နှလုံး ရောဂါဖြစ်လာနိုင်ချေ များလာပါပြီ။ ဆေးသုတေသီများ၏ နောက်ဆုံးေ လ့လာစမ်းစစ်ချက်များအရ၊ ချစ်သူ(သို့  မဟုတ်)အိမ်ထောင်ရေး အဆင်မပြေတဲ့ အခါ၊ သွေးဖိအား တိုး၍ နှလုံးသွေးပြန်ကြောတွေပိတ်ဆို့ လြာ ပီး နှလုံးသို့ ကောင်းစွာ သွေးမလျှောက်နိုင်တော့ ပါဘူးတဲ့။

(၁၀) (အိပ်ရေး၀၀အိပ်ပါ) ကွန်ပြူတာ၊ ဟန်းဖုန်း၊ ipad၊ ipod၊ laptop စသည်တို့ နှင့် အချိန်ဖြုန်းအိပ်ပျက်မခံပါနှင့်။ တစ်ညကို ၇-နာရီ (သို့ မဟုတ်) ၈-နာရီ ကြာ အိပ်ရေး၀၀ အိပ်စက်ပါ။

(၁၁) (သီးခံခွင့်လွှတ်စိတ်မွေးပါ) ခန္ဓာကိုယ်တစ်ခုလုံးကို စိတ်က အဓိကထိန်းချုပ်နေတာကြောင့်၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ ခိုင်အောင်နေပါ။ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျော့ချပါ။ မိမိကိုယ်ကိုရော သူတပါးကိုပါ အကောင်းမြင် စိတ်ထား နိုင်အောင် ကျင့်ကြံအားထုတ်ပါ။ “လူတိုင်းဟာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည်စုံသူ မရှိနိုင်ကြ ပါဘူးလေ” ဆိုတဲ့ အရာရာကို သီးခံခွင့်လွှတ်စိတ် ထားပေးပါ။

(၁၂) (မိမိ နှင့်သင့်တော်မယ့် ပဋိသန္ဓေတားနည်းကိုရွေးချယ်ပါ) အိမ်ထောင်ရှိသူများ သားဆက်ခြားခြင်း နှင့် အိမ်ထောင်ပြုဖို့  အဆင်သင့်မဖြစ်သေးသူများလည်း ကိုယ်ဝန်တားခြင်း ပြုလုပ်ကြတဲ့အခါ၊ နောင်ရေး စိတ်အေး ရလေအောင် ဆရာဝန်နှင့် တိုင်ပင်၍ မိမိနှင့် သင့်တော်မယ့် ပဋိသန္ဓေ တားနည်းကိုသုံးပါ။

(၁၃) (မျိုးရိုးစဉ်ဆက် ကျန်းမာရေးသမိုင်းနောက်ခံကို လေ့လာပါ) ဥပမာ အမိ အဖ နှင့် ညီ ကိုမောင်နှမတွေမှာ ဆီးချို ဝေနာရှိနေ ပါသလား၊ မိခင် နှင့် မိမိ၏မွေး ချင်း ညီအစ်မတွေမှာ အမျိုးသမီးရောဂါ ကင်ဆာတွေဖြစ်နေ ပါသလား ..စသည်ဖြင့် မျိုးရိုးစဉ်ဆက် ကျန်းမာရေးပြဿနာကို လေ့လာ၍ ကြိုတင်ကာကွယ်ကုသ မှုတွေ ပြု လုပ်ပါ။ ပုံမှန်ဆေးစစ်ခြင်း ပြုပါ။

(၁၄) (ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပါ) ဖြစ်နိုင်ရင် အသားေ လျာ့စာြး ပီး၊ အော်ဂဲနစ် သစ်သီးဝလံ ဟင်းသီးဟင်းရွက် တွေ လတ်လတ်ဆတ်ဆတ်စားေ ပးပါ။ လ္ဘက်ရည်၊ ကော်ဖီ၊ အချိုရည်တွေ လျော့သောက်၍ သောက်ရေ သန့် ပိုေ သာက်ေ ပးပါ။ ဆီကြော်၊ အကင်များ မစားဘဲ ပြုတ်-သုတ်-ပေါင်း ၍ စားပါ။ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော ဗီတာမင် နှင့် သတ္တု ဓာတ်တွေမျှတစေ ဖို့ အတွက်၊ အစားမရွေးပါနှင့်။ အစားစုံကို အနည်းငယ်စီမျှတအောင်စားပေးပါ။ (လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်ဖြည့်စွက်စာ ဆေးဝါးများ သောက်ပါ)

(၁၅) (အသားရေ ထိန်းသိမ်းမှုတွေပြုလုပ်ပါ) အသက် ၃၀-အရွယ်ရောက် လာတဲ့အခါ၊ အသား အရေ ဇီဝကမ္မ စံနစ်တွေ ယိုယွင်း စပြုလာပါပြီ။ မှည့်ခြောက်၊ တင်းတိပ်၊ မျက်နှာပေါ်က အရေးအကြောင်းတွေအတွက် မိမိ အသားအရေနှင့် လိုက်ဖက်တဲ့ Skin Care တွေကို ရွေးချယ်သုံးစွဲတတ်ပါစေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...