ပန်းကန်ဆေးကြော ပေးနိုင်သော စက်ရုပ်တစ်မျိုးကို ဗြိတိန် သုတေသီများ တီထွင်

ဘာမင်ဂမ် တက္ကသိုလ်ရှိ ဗြိတိန် သုတေသီများသည် ပန်းကန်များကို ဆေးကြောပေးနိုင်သော Boris ဟု အမည်ရသည့် စက်ရုပ် တစ်မျိုးကို ဗြိတိန် သိပ္ပံပွဲတော်၌ ပြသခဲ့သည်။

အဆိုပါ Boris စက်ရုပ်ကို မတူညီသော ကွန်ပျူတာ သုံးမျိုးဖြင့် ထိန်းချုပ်ပြသခဲ့ပြီး ၎င်းစက်ရုပ်ကို တည်ဆောက် ခဲ့ခြင်းအတွက် ပေါင် ၃၅၀,၀၀၀ (ဒေါ်လာ ၅၇၀,၀၀၀) ကုန်ကျခဲ့သည်။ ယခု Boris စီမံကိန်းကို ဦးဆောင်ခဲ့သည့် ဘာမင်ဂမ် တက္ကသိုလ် ပရော်ဖက်ဆာ ဂျရမီဝိုင်းယတ်က စက်ရုပ်အား ပန်းကန်ခွက်ယောက်များ ဆေးကြောနိုင်အောင် အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Boris စက်ရုပ်ကို ဗြိတိန်သိပ္ပံပွဲတော်တွင် အများပြည်သူရှေ့မှောက်၌ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြသခဲ့ပြီး ၎င်းစက်ရုပ်သည် အရာဝတ္ထုတစ်ခုစီကို နည်းလမ်းအမျိုးမျိုးဖြင့် တွက်ချက်ကာ ကိုင်တွယ်နိုင်သည်။ ထို့အပြင် Boris သည် ကိုယ်တွယ်မှုများစွာ သင်ယူနိုင်ကာ ရင်းနှီးကျွမ်းဝင်မှုမရှိသော အရာဝတ္ထုများကို ကွဲကြေခြင်းနှင့် ပြုတ်ကျခြင်း မရှိအောင် ကိုင်တွယ်နိုင်သည်။

Boris စက်ရုပ်သည် ၁၀စက္ကန့် အချိန်တွင် ၎င်း၏ ဦးနှောက်အတွင်း၌ မတူညီသော အရာဝတ္ထု ကိုင်တွယ်နည်း ၁,၀၀၀ ခန့် ရောက်ရှိနေမည် ဖြစ်ကြောင်း ပရော်ဖက်ဆာ ဝိုင်းယတ်က ပြောကြားခဲ့သည်။

အဆိုပါ Boris စီမံကိန်းကို Pacman ဟုခေါ်ဆိုခဲ့ပြီး ၎င်းစီမံကိန်းအတွက် အီတလီရှိ ပီဆာတက္ကသိုလ်၊ သြစတတြီးယားရှိ အင်းစ်ဘရက်ခ် တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဥရေပသမဂ္ဂကော်မရှင်က ငွေကြေး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် Boris စက်ရုပ် နည်းပညာအတွက် မူပိုင်ခွင့်တင်ထားခဲ့ပြီး စက်ရုံတွင် လူသားများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် Boris ဗားရှင်းတစ်ခုကိုလည်း တီထွင်လျက်ရှိသည်။

Ref: Dailymail
Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...