ခေါင်းဆောင် မတင်ထိုက်သူများ


“ဂဏန်း-ပုတ်သင်၊ ၀ါးပင်-နွားသိုး၊ လိပ်မျိုး- ခွေးအ၊ ဤခြောက်ဝ-နာယက မတင်ထိုက်။

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း
အထက်ပါ ၆-မျိုးသည် ခေါင်းဆောင် မတင်ထိုက် သူများဖြစ်သည်

၁။ ဂဏန်း=ဂဏန်းနဲ့ တူတဲ့ လူစားမျိုး ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက် မတစ်ထောင်ထောင်နဲ့ ရှိတတ် ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက် ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာ မတင်ထိုက်ဘူး။

၂။ ပုတ်သင်= ပုတ်သင်လို လူစားမျိုး ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်း ဘာမှမရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိမ့်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

၃။ ကိုင်းပင်=ကိုင်းပင်လို လူစားမျိုး ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘူး။ ကိုယ်ပိုင် ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင် လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုး ထိုက်ပြန်ဘူး။

၎။ နွားသို=းနွားသိုးနဲ့တူတဲ့လူ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှူးရှူးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင် တင်မိ ရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်=လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့ လူစားမျိုး။ (ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေး=အခွေးအနဲ့တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ။ ငါ ဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ။ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင် လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ” နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။


(သိင်္ဂါလော ၀ါဒသုတ်ကို ကိုးကားပါသည်)
ထေရဝါဒ တို့တိုင်းပြည်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...