ငွေတစ်ထောင်လောက်နဲ့ ကျောက်ကပ် ဆေးရအောင်

နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့ မလို လားအပ်တဲ့ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အရာတွေကို ဖယ်ရှား စစ်ထုတ်ပေး ရတယ်။ ဒီအချိန်မှာ မလိုလားအပ်တဲ့ အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့် စင်ဖို့ လိုပြီင်္ပေါ့။

ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ )ရှိနေရင် လည်း ကျောက်ကပ်ဟာ ပိုပျက်စီး လွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကို ခြိမ်းခြောက်နေ ပါတယ်။

ဒါကို ဘယ်လိုလုပ်ကြမလဲ???

(ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့ စက်ကလေးနဲ့ သန့် စင်ပြီးမှ ချက်ပြုတ် စားသောက်ရင်တော့ အကောင်းဆုံးပေါ့)

ကျောက်ကပ်ဆေးဖို့  အလွယ်ဆုံးနည်းကတော့…

နံနံပင် တစ်စည်းကိုယူ ရေနဲ့  သန့် စင်အောင်ဆေး အသေးလေးတွေဖြတ် ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုတ် ဖန်ခွက်ထဲ စစ်ထည့် ရေခဲသေတ္တာထဲထည့် အအေးခံ။

နေ့ စဉ် တစ်ဖန် ခွက် သောက်ပေးရင် စုပုံနေတဲ့ အဆိပ်တွေ ဆီးထဲ ပါသွားပြီပေါ့။

နံနံပင်ဟာ ကျောက်ကပ် ကုသဆေးအဖြစ် အများသိတဲ့ သဘာဝ အပင်တစ်ခုပါဘဲ။ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။

MTHN( UNIM )

ကိုယ်တွေ့ ပျောက်ကင်းသူ တဦးရဲ့comment
===========================

WinChit WinChit

တူညီတဲ့ ဆန္ဒနဲ့ cm ပေးလိုက်တာပါ။ ကျွန်တော့လက်တွေ့ပါ။ အမျိုးအစား ဗမာနံနံက ပိုကောင်းပါတယ်။ အမြစ်၊ အရိုး၊ အရွက်၊ အပွင့်၊ စုံအောင် ပါနိုင်ရင် ပိုကောင်းပါတယ်။ အတိုင်းအတာက- ဈေးထဲမှာ ရောင်းတဲ့ နံနံစည်းလေး တွေ ၃ စည်းဆို ရပါပြီ။ သောက်ရေ (ရေသန့်မဟုတ်) ဖန်ခွက် ၃ ခွက်ထည့်။ မီးနဲ့ကြို။ ၁ ခွက်စာ ကျန်ရင် မီးဖိုပေါ် က ချ။ အအေးခံ။ တစ်နေ့ တစ်ခွက် နံနက် အိပ်ယာထချိန် သောက်။

ဆီးပူတာ၊ ကျောက်ကပ် မသန့်ရှင်းလို့ ခါးနာတာ၊ ဆီးလမ်းအတွင်း ထုံးဓာတ် အနည်ထိုင်တာတွေ ပျောက်ကင်းပါ တယ်။ ကိုယ်တွေ့မို့ မျှဝေပေးတာပါ။ ဘေးထွက်ဆိုးကြိုး မရှိပါ။


ref;LY's HealthCare 
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...