ဆယ်ကျော်သက် ကလေးများနဲ့ ဆွေးနွေးသင့်တဲ့ အချက် (၇) ချက်

ကလေးများ ဆယ်ကျော်သက် အရွယ်ရောက်ရှိလို့ လာပါပြီ။လူပျိုပေါက် အပျိုပေါက် လေးတွေ ဖြစ်လာပြီ ဆိုပါတော့၊ ဟိုးအရင်နဲ့ မတူတော့ပဲ မိဘစကားကို သိပ်နားမထောင်တော့ သလိုလို မိဘတိုင်း ခံစားလိုက်ရတယ်။ သူတို့လေးတွေနဲ့ ဘယ်လိုဆက်ဆံရ မလဲ၊ ဘာတွေပြောရင် ကောင်းမလဲ သူ့တို့လေးတွေ ဘ၀ရဲ့ ပြောင်းလဲ မှတ်ကို ရောက်ရှိလို့နေ ပါတယ်။ အချို့စကားတွေကို မိဘက သူတို့နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ ကိုယ်မပြောရင် ပြောပြမယ့်လူ ရှိမှာ မဟုတ်ပါဘူး။ သူတို့လေးတွေနဲ့ ဆွေးနွေးသင့်တဲ့ အချက်( ၇ ) ချက်ကတော့…

၁။ ဦးတည်ချက်

လူဆိုတာ သိပ္ပံပညာရှင်ကြီးတို့လို၊ ကမ္ဘာသူဋ္ဌေးကြီးတို့လို ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ကြီးကြီးတွေ လိုအပ်ချင်မှ လိုအပ်မှာပါ။ ဒါပေမဲ့ ဘ၀ဦးတည်ချက်တော့ ပျောက်ဆုံးလို့ မရပါဘူး။ လူငယ်တွေ တော်တော်များများ ဟာ ကိုယ်ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတာ ပြောမပြတတ်ပါဘူး။ မိဘဖြစ်သူများက လမ်းကြောင်းပေးပြီး ဆွေးနွေးလို့ ရပါတယ်။ ကိန်းဂဏန်းကိုနှစ်သက် တာလား၊ ဆက်ဆံရေးမှာ အားသန်တာလား၊ အနုပညာဘက်မှာ ပါရမီပါတာ လား ဆိုတာ အရင်ကြည့်ပြီးတော့ အားသန်တဲ့ဘက်ကို ၀ါသနာပျိုးထောင် လမ်းကြောင်းပေးလို့ ရပါတယ်။ ၀ါသနာကို သိရရင် ဦးတည်ချက်ကို တဖြည်းဖြည်း ပျိုးထောင်ပေးသွားလို့ ရပါတယ်။

၂။ ပညာသင်ကြားခြင်း

ကျောင်းမှာ ပညာသင်ကြားဖို့ အဓိကပါ။ ပညာသင်ကြားခြင်း သက်သက်တော့ မဖြစ်သင့်ပါဘူး၊ ကျန်းမာရေး အတွက် အားကစား လေ့ကျင့်ရပါမယ်။ အတန်းဖော်တွေနဲ့ လုပ်ရှားမူပေါင်းစုံမှာ တက်ကြွစွာ ပါဝင်ရပါမယ်။ လူ ဆိုတာ အသက်၂၀ မှာ ပညာအရည်အချင်း ၊ ၃၀ မှာ လုပ်ရည်ကိုင်ရည် ၊ ၄၀ မှာအတွေ့အကြုံ၊ ၅၀ မှာ ဥစ္စာဓန၊ ၆၀ မှာလူမူရေးဝင်ဆန့်မူ နဲ့ ၇၀ နဲ့ ၈၀ မှာ ကျန်းမာရေးဟာ အဓိကကျပါတယ်။ ဒါတွေအားလုံးဟာ ငယ်ရွယ်စဉ်ကစပြီး ကြိုးစားသွားသင့် ပါတယ်။

၃။ အနာဂါတ်

လူတစ်ဦးရဲ့အနာဂါတ်ဟာ ပညာဗဟုသုတ၊ အရည်အချင်း နဲ့ စိတ်နေစိတ်ထား တို့ကို အဓိက မူတည်ပါတယ်။ ပညာ အရည်အချင်းကို အခုချိန်ကနေ စပြီးကောင်းကောင်း ကြိုးစားရပါမယ်။ လုပ်ရည်ကိုင်ရည် နဲ့ဆိုင်တဲ့ အရည် အချင်း ကိုတော့ အတွေ့အကြုံ နဲ့ အလုပ်ကြိုးစား လေ့လာမူတို့က သင်ပေးသွားပါ လိမ့်မယ်။ မှန်ကန်တဲ့ စိတ်နေ စိတ်ထားကို အခုချိန်မှ စပြီးပျိုးထောင်ပေးသွား ရပါတယ်။ အပြုသဘောဆောင်တဲ့စိတ်၊အကောင်းမြင်တတ်တဲ့ စိတ်ဟာ ဘ၀တစ်ခုလုံးမှာ အခရာ အကျဆုံးဖြစ်ပါတယ်။ အဆိုးမြင်တတ်တဲ့ အကျင့်စွဲသွားရင် ဘ၀ခရီးမှာ ဘယ် လောက်ကောင်းတဲ့ အခွင့်ရေးပဲ လက်ကိုင်ထားပါစေ၊ သူက အဆိုးကြီးကြီးကို ရှာဖွေအပြစ်တင်ပြီး အခွင့်ကောင်း တွေကို လက်လွတ်ဆုံးရူံးသွားပါလိမ့်မယ်။ အကောင်းမြင်တတ်သူ ကျတော့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် အခွင့်အရေးရဲ့ အစအနကို ဖမ်းမိမှာပါပဲ။

၎။ မိမိကိုယ်မိမိ

ကျောင်းမှာ ဆရာတွေက ကိုယ့်အပေါ်အထူးကောင်းဖို့ တာဝန်မရှိသလို၊ အတန်းဖေါ်သူငယ်ချင်းတွေက ကိုယ့်အပါ် ကောင်းဖို့ ၀တ္တရား မရှိပါဘူး။ ဆရာကို ကိုယ်ကအရင်ရိုသေလေးစားရမှာဖြစ်သလို၊ သူငယ်ချင်းတွေကို ကိုယ်က စိတ်ဝင်တစား အရင်ကောင်းဖို့လိုပါတယ်။ လောကမှာ မိဘကလွှဲလို့ ဘယ်သူမှ ကိုယ့်အပေါ်ကောင်းဖို့ တာဝန် မရှိပါဘူး။ လူဆိုတာ ကိုယ်ကိုကို ဗဟိုပြုတဲ့ စိတ်ဓါတ် မမွေးမြူသင့်ပါဘူး၊ ကိုယ်မရှိရင်လည်း ကမ္ဘာကြီးက လည်ပတ်နေမှာပါပဲ။ ပြီးရင် ကိုယ့်ကိုကိုတော့ တန်ဖိုးထားသင့် ပါတယ်။ ကိုယ့်ကိုကို တန်ဖိုးထားတယ်ဆိုတာ ဗဟိုပြုတာနဲ့ မတူပါဘူး။ ဗဟိုပြုတယ်ဆိုတာ ကိုယ့်ကို အရေးပေးမှ ကြိုက်တာမျိုး၊ ကိုယ့်ကို အလိုလိုက်မှ ကျေနပ် တာမျိုးကို ဆိုလိုတာပါ။

၅။ သူငယ်ချင်း

သူငယ်ချင်း အပေါင်းအသင်းဆိုတာ ပေါင်းသင်းတတ်ဖို့ အလွန်လိုအပ်ပါတယ်။ ပေါင်းသင်းတတ်ရင် တစ်သက်လုံး အကျိုးရှိသွားတတ်သလို မပေါင်းသင်းတတ်ရင် ပျက်စီးသွားတဲ့ အထိဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ထက် တော်တယ်လို့ ထင်ရတဲ့လူကို ရွေးပေါင်းသင့်ပါတယ်။ မှတ်ထားရမှာက သူငယ်ချင်း ဒုက္ခရောက်ရင် လုံးဝ ၀င်ရောက် ကူညီရပါမယ်။ လူ့ရဲ့သဘော သဘာဝအရ အတူရယ်မောခဲ့တဲ့ သူငယ်ချင်းတွေကို မေ့ပျောက် လွယ် သလောက်၊ အတူငိုယိုခဲ့တဲ့ သူငယ်ချင်းတွေကိုတော့ တစ်သက်လုံး မှတ်မိနေတတ်ပါတယ်။

ရ။ ကံကြမ္မာ

အစွမ်းကုန်ကြိုးစားရမှာက ကိုယ့်တာဝန်၊ အောင်မြင်တာ ဆုံးရူံးတာဆိုတာက ကံကြမ္မာလို့ သဘောထားလို့ ရပါတယ်။ လူတစ်ယောက်ဟာ အမြဲတမ်း မအောင်မြင်တတ်သလို၊ အမြဲတမ်းလည်း ဆုံးရူံးမနေတတ်ပါဘူး။
အရေးကြီးတာက အောင်မြင်တဲ့အခါမှာ အသိစိတ်နဲ့ ၀င်ကြွားလိုစိတ်ကို ထိန်းကွပ်ရမှာဖြစ်ပြီး ကိုယ်ထက် သာတဲ့ လူ၊ တော်တဲ့လူ လောကကြီးမှာ အများကြီးရှိနေသေးတယ် ဆိုတာ သတိရနေဖို့ လိုအပ်ပါတယ်။ ဆုံးရုူံးတဲ့ အခါမှာ လည်း သန်ခေါင်ထက်ညှင်မနက်ပါဘူး၊ အရင်တုံးက ကျော်ဖြတ်ခဲ့သလိုပဲ အခုဆက်ပြီး ကျော်ဖြတ်နေရုံပါပဲ။ သန်ခေါင်ပြီးရင် မိုးလင်း လာစမြဲပါပဲလို့ အောက်မေ့နေဖို့ လိုပါတယ်။

ကောက်နူတ် ဘာသာပြန်ထားတဲ့ စာစုဖြစ်ပါတယ်။ ဖတ်ရူ့မိသူများ အားလုံး လက်တွေ့ အသုံးဝင်နိုင်ပါစေ။


-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...