ဖုန်းသစ်ဝယ်ရန် ချစ်သူကို ငွေကြေးဖြင့် ငှားရမ်း


ရှန်ဟိုင်းမြို့သား တစ်ဦးသည် iPhone 6 ၀ယ်ယူရန် အတွက် ၎င်း၏ ချစ်သူကို ငှားရမ်းရန် 
ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး အပိုဝင်ငွေ ရရှိစေရန် ပြုလုပ်ခဲ့ကြောင်း ယူပီအိုင် သတင်းဌာနက
ဖော်ပြခဲ့သည်။ 

အဆိုပါ အမျိုးသားသည် အသစ်ထွက်ရှိသည့် iPhone 6 ၀ယ်နိုင်ရန် ၎င်းတွင်ရှိသည့် ပိုက်ဆံနှင့် 
မလုံလောက် သောကြောင့် သူ၏ ချစ်သူကို ငှားရမ်းမည်ဖြစ်ကြောင်း Songjiang တက္ကသိုလ်နား
တွင် ဆိုင်းဘုတ်ဖြင့် ကြေညာခဲ့ပြီး ဝေဘိုဝက်ဘ်ဆိုက်တွင်လည်း ၎င်း၏ချစ်သူကို တစ်နာရီလျှင်
၁.၆၄ ဒေါ်လာ၊ တစ်နေ့လျှင် ၈.၁၉ ဒေါ်လာ နှင့် တစ်လလျှင် ၈၂ ဒေါ်လာဖြင့် ငှားရမ်းမည်ဖြစ်
ကြောင်း ရေးသားခဲ့ရာ တစ်စတစ်စဖြင့် လူသိများလာခဲ့သည်။ 

ထိုသို့ ကမ်းလှမ်းမှုတွင် သတ်မှတ်ထားသည့် ပြဌာန်းချက်များရှိပြီး ယင်းတွင် ၎င်း၏ချစ်သူနှင့် တွဲရန် စိတ်ပါဝင် စားသူသည် အတူတူသင်ခန်းစာလေ့လာခြင်း၊ သွားလာစားသောက်ခြင်း၊ ဂိမ်း
ကစားခြင်းများကို ပြုလုပ်ခွင့်ရမည်ဖြစ်ပြီး ၎င်းမှ အဖော်အဖြစ်လိုက်ပါမည်ဖြစ်ကာ သုံးယောက်
အတူ သွားလာရမည်ဖြစ်သည်။ 

ယင်းအစီအစဉ်ကို စိတ်ဝင်စားသူများသည် အင်တာနက်မှတစ်ဆင့် ဆက်သွယ်၍ သူမ၏ ဓါတ်ပုံများ
ကို လေ့လာကြည့်ရှုနိုင်ပြီး သူမသည်လည်း ထိုသို့ပြုလုပ်ရန် သဘောတူကြောင်း ၎င်းကပြောသည်။
အဆိုပါအမျိုးသားသည် iPhone 6 ၀ယ်ယူ လိုသည့်အတွက် လိုနေသည့် ပိုက်ဆံကို ပြည့်စေရန်
ယင်းသို့ပြုလုပ် ခြင်းဖြစ်သည်။ iPhone 6 ကို စက်တင်ဘာလ(၁၉)ရက်နေ့တွင် Apple ကုမ္ပဏီမှ
ကမ္ဘာ့နိုင်ငံ အချို့တွင် စတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းတွင် တရုတ်နိုင်ငံ မပါဝင်ခဲ့ဘဲ လာမည့်နှစ် တိုင်အောင် တရုတ်တွင် ရောင်းချနိုင်ဖွယ်မရှိကြောင်း သိရသည်။


ref;Myanmar Times
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...