စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို ခရိုင်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရစစ် စာမေးပွဲဖြင့် စစ်ဆေးမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို ၂၀၁၄ ခုနှစ်တွင် ခရိုင်နှင့် တိုင်းဒေသကြီး အဆင့် အစိုးရစစ် စာမေးပွဲများ အမှန်တကယ် စစ်ဆေးမည် ဖြစ်ကြောင်း အမှတ် ၃ အခြေခံပညာ ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူး (စီမံ/ ဘဏ္ဍာ) ဦးစိုးသိုက်က စက်တင်ဘာ ၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

"လူကြီးတွေက တကယ် လုပ်မှာမိုလို့ ပြောထားတာပါ။ ပြောထားပြီးသားကို ပြောတဲ့အတိုင်း လုပ်မှာပါ။ ယခု ကတည်းက စတုတ္ထတန်း ကလေးတွေကို အရင်လို သူ့အခန်းထဲမှာ စာမေးပွဲမဖြေခိုင်းဘဲ အခြား အခန်းမှာ ဖြေခိုင်းပြီး လေ့ကျင့်နေပါပြီ။ စာမေးပွဲကြီးကို မကြောက်အောင်လို့ပါ။ မေးခွန်း လှည့်တတ်တဲ့ သဘောတွေကိုပါ သုံးထားပါတယ်။ ညွှန်ကြားလွှာဆိုတာ ကျွန်တော်တို့က ဘာကို ထပ်ညွှန်ကြားရမှာလဲ။ လုပ်မယ်လို့ ပြောထားပြီး တကယ်လုပ်မှာ ပါ"ဟု ဦးစိုးသိုက်က ပြောကြားခဲ့သည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ မူလတန်းကျောင်းနေအရွယ် ၅ ဒသမ ၂သန်း၊ အလယ်တန်း ကျောင်းသားဦးရေ ၂ ဒသမ ၅၃ သန်း၊ အထက်တန်းကျောင်းသား ဦးရေ ၇ ဒသမ ၄၅ သန်းရှိကြောင်း သိရသည်။


ref;Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...