နားကျပ်သုံးစွဲခြင်း၏ ဘေးထွက် ဆိုးကျိုးလေးများ

ကားမောင်းရင်း ဖုန်းပြောတဲ့ အခါဖြစ်စေ၊ သီချင်းနား ထောင်တဲ့ အခါဖြစ်စေ၊ တီဗွီကြည့်တဲ့ အခါဖြစ်စေ၊ ကွန်ပြူတာ အင်တာနက် လိုင်းသုံး၍ စကားပြောတဲ့ အခါဖြစ်စေ၊ ကွန်ပြူတာဂိမ်းဆော့တဲ့ အခါဖြစ်စေ မိမိကြောင့် ဘေးပတ်ဝန်းကျင်ကို အသံဖြင့် နှောင့်ယှက် မှုမရှိစေဘဲ၊ တသီးပုဂ္ဂလကြည်လင် ရှင်းလင်းစွာ နားသောတ ဆင်နိုင်ဖို့ အတွက် နားကျပ်လေးတွေက လွန်စွာအသုံးတည့် လှပါတယ်။ သို့ သော် ထိုနားကျပ် တွေကဘဲ နားကျန်းမာရေးအတွက် ဘေးထွက်ဆိုး ကျိုးများစွာ ဖြစ်စေနိုင်ကြောင်းကို သိထားဖို့ လိုပါတယ်။

(၁) အကြားအာရုံ ချို့ ယွင်းခြင်း။

ယနေ့  ကမ္ဘာပေါ်မှာ အကြားအာရုံချို့ ယွင်း ကြသူအများစုမှာ ဆယ်ကျော်သက် ရွယ် များဖြစ်ကြပြီး၊ ၄င်းတို့ ဟာ အသက် ၁၀ နှစ် အရွယ် မတိုင်မှီ ကတည်းကစ၍ အသံနှုန်းမြှင့်ကာ နားကျပ်ဖြင့် သီချင်းကျယ်ကျယ် နားထောင် လေ့ရှိကြကြောင်း၊ ထိုသို့ ကာလ တာရှည်စွာ နားထောင်ခြင်းက လုံးဝနားကန်း သွားနိုင်ကြေင်း၊ တချို့ လည်းယာယီ နားပင်းသွာတာမျိုးတွေရှိကြောင်း ဘော့စတွန် ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dr. Brian Fligor က ဆိုပါတယ်။

(၂) Decibel Ranges(ခေါ်) အသံပါဝါယူနစ်များ။

အသံပါဝါယူနစ်ဆိုတာ အသံအတိုးအကျယ်ကို တိုင်းတာနှုန်းထားဖြစ်ပါတယ်။ နားကျပ်မှ အသံ ပါ ၀ါယူနစ်ကို ၈၅ အထိ ထား၍ တစ်နေ့ ကို ၈-နာရီကြာ သီချင်းနားထောင်တဲ့အခါ ယာယီနား ကန်း သွားစေနိုင်ပါတယ်။ ထို့ နည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိ ထား၍ ၄-နာရီကြာမျှ သီချင်း နားထောင်တဲ့ အခါမှာလည်း ယာယီနားကန်း သွားစေ ပါတယ်။ အကယ်၍ အသံပါဝါယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍ သီချင်းနားထောင်မယ် ဆိုရင်တော့ ၁၅-မိနစ် အချိန်တွင်းမှာပင် နား (လုံးဝ) ကန်းသွားနိုင်ပါတယ်။

(၃) နားထဲသို့ ပိုးဝင်သွားခြင်း။

ဥပမာ အင်တာနက်ဂိမ်းဆိုင်တွေမှာ နားကျပ်ကို မပျက်စီးသမျှ ကာလပတ်လုံး အသစ်လဲလှယ်ခြင်းမရှိ လူတကာ သုံးထားတာ ကြောင့် ဘက်တီးရီးယား ပိုးမွှားတွေကို တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်း သယ်ဆောင် သွားကြပြီး နားထဲပိုးဝင် တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိကိုယ်ပိုင် နားကျပ်သီးသန့် ထား၍သုံးပါ။ ခေတ္တ ချေးဌားသုံးစွဲခြင်း မပြုရ။

(၄) အချိန်အကန့် အသတ်ရှိပါစေ။

အလုပ်သဘောအရ မဖြစ်မနေ နားကျပ်တပ်၍ သုံးရတဲ့အခါ၊ နားစည်တုန်ခါမှု မပြင်းထန်စေဖို့ အတွက် (က) နားကျပ်ကို ဟိုးအတွင်း နားဂလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါနှင့် (ခ) မိမိကြားေ လာက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍လျော့သုံးပါ (ဂ) နားကျပ် သုံးစွဲချိန်ကို အချိန် ၁-နာရြီ ပည့်တိုင်း ၅-မိနစ် ခေတ္တနားပါ။

နားကျန်းမာရေးအသိဖြင့် ဖာသာဆင်ခြင်၍ မိမိပတ်ဝန်းကျင်ရှိသူများကိုပါ နားကျပ်ဝတ္တုပစ္စည်းေ လးတွေကြောင့် အကြားအာရုံ မဆုံးရှုံးကြလေအောင် ကျန်းမာရေးအသိဖြင့် လက်ဆင့်ကမ်းသ တင်း မျှဝေပေးကြပါလို့ တိုက်တွန်း လိုက်ပါရစေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...