ဆံပင်ကျွတ်တဲ့ အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် iGrow

iGrow ဆံပင်ကြီးထွားမှု နည်းပညာကို ဆံပင်ကျွတ်တဲ့ အမျိုးသားတွေ အတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဆံပင် အရေးအကြောင်း သိသိသာသာ ဆုံးရှုံးသွားမှု မှအစ အခြေအနေ သိပ်မဆိုးသေးတဲ့ ဆံပင်ကျွတ်ခြင်းအထိ ဘယ်လို အမျိုးအစားမဆို ကာကွယ်ပေးပါတယ်။ ဦးခေါင်းအလယ် အလတ်လောက်ကနေ ကွက်ပြီး ပြောင်ထွက်နေတဲ့ သူတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။

အဲဒီစက်မှာ ခန္ဓာကိုယ် ခွဲစိတ်စရာမလိုပဲ (Low-Level Laser Therapy LLLT) ခေါ် အပျော့စားလေဆာကုထုံး အသုံးပြုထားပြီး ဘေးထွက်ဆိုးကျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ ဆံပင်မွှေးတွေ သန်မာစေပြီး မွေးညင်ပေါက်တွေ နုပျိုလာအောင်လည်း စွမ်းဆောင်ပေးပါတယ်။ iGrow ကို တစ်ပတ် ၃ ရက်ကနေ ၄ ရက်အထိ အဆက်မပြတ် အသုံးပြုခြင်းဖြင့် ၁၆- ၂၄ ပတ်အတွင်းမှာ တဖြည်းဖြည်းချင်း ကြီးထွားလာမှာ ဖြစ်တယ်လို့ ၎င်းစက်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

iGrow နဲ့ စမ်းသပ်ကုသမှုတွေမှာ တစ်ခါလုပ်တိုင်းလုပ်တိုင်း ဆံပင်ကြီးထွားမှု ၃၉% ရာခိုင်နှုန်းရရှိကြောင်း အာမခံချက်ပေးထားပါတယ်။

iGrow စက်ရိကိယာကို အွန်လိုင်းမှတဆင့် မှာယူနိုင်ပြီး ဒေါ်လာ ၆၉၅ ဈေးနှုန်းနဲ့ လက်လီဝယ်ယူနိုင်ပါတယ်။


Source: yahoo
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...