Rice vs. Wheat ဆန်နဲ့ဂျုံ

• ဒီစာဖတ်ပြီး ဆန်စားနေ သူတွေကို ဂျုံပြောင်းစားပါလို့ မညွှန်ပါ။ ဆေးပညာသုတ အတွက်နဲ့ လိုနေတာရှိရင် ပြင်နိုင်ဘို့သာ ရေးပါတယ်။
• လူတွေရဲ့ ပင်မ အစားအစာထဲမှာ ဆန်မဟုတ်ရင် ဂျုံစားရတယ်။ ရှားပါးတဲ့အခါ ပြောင်း၊ ပြောင်းဖူး၊ လူး၊ ဆတ်တွေ စားကြရတယ်။
• အခြေခံအကျဆုံး အချက်ကတော့ ဆန်နဲ့ ဂျုံ မကွာပါ။ အာဟာရ ဘက်ကနေပြောရရင် ဆန်ဖြစ်ဖြစ် ဂျုံဖြစ်ဖြစ် Whole grains ခေါ်တဲ့ ဖြူဖွေးပြောင်စင် သွားအောင် ချွတ်ထားတဲ့ အဆံကို စားတာခြင်းတူရင် အာဟာရတန်ဘိုး တူသလောက် ရှိပါတယ်။ ဂျုံမှာ အားသာချက် တချို့ရှိတာ အမှန်ပါ။ ဗီတာမင်တမျိုးနဲ့ ဓါတ်ဆား နည်းနည်းပိုကဲတယ်။
• ကာဗွန်ဟိုက်ဒရိတ် (ကဆီဓါတ်) ပါတာခြင်း အတူလောက်ရှိတယ်။ နှစ်မျိုးလုံဒကို ဖွေးဖြူသွားအောင် လုပ်ရင် အာဟာရ တန်ဘိုးတွေ ထက်ဝက်လောက်အထိ နည်းစေနိုင်တာ သတိပြုပါ။
• Brown rice ဆန်လုံးညိုနဲ့ Whole-grain wheat ဂျုံအရိုင်းမှာ ဓါတ်ဆား တန်ဘိုးတူပါကြတယ်။
• Wheat bran bread ထဲမှာ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဖေါ့စ်ဖါးရပ်စ် နဲ့ သွပ်ဓါတ် နည်းနည်းပိုပါတယ်။
• Fiber ဖိုက်ဘာခေါ်တဲ့ အမျှဉ်ဓါတ်ကတော့ Whole-grain wheat ထဲမှာ Brown rice ဆန်လုံးညိုထက် ၂-၃ ဆ ပိုတယ်။
• Vitamins ဗီတာမင်တွေကတော့ တန်ဘိုးတူပါကြတယ်။ Folate ဖေါလိတ်ကတော့ ဂျုံမှာ ပိုပါတယ်။ ဖေါလစ်အက်စစ်ကို ပြောတာပါ။ ကိုယ်ဝန်ဆောင်တွေမှာ မရှိမဖြစ်လိုတယ်။ သားသမီး မရသေးသူတွေကိုလဲ ပေးတယ်။
• နှစ်မျိုးလုံးမှာ အင်နာဂျီကို ရစေတဲ့ thiamine, niacin နဲ့ riboflavin ဗီတာမင် (ဘီ) အုပ်စုတွေ ပါကြတယ်။ ဗီတာမင် (အီး) ပါတာလဲ တူတယ်။
• Phytonutrients ဓါတ်များဆိုတာ Whole-grain wheat ထဲမှာ ၃ ဆပိုတယ်။ Lignans ခေါ်တာကနေ Estrogen အီစထိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်းလိုဆင်တာကိုဖြစ်လာစေလို့ အသက်ရလာသူ အမျိုးသမီးတွေအတွက် ကောင်းတယ်။
• Gluten ဂလူတင်ဓါတ် ကတော့ ဂျုံမျာသာပါတယ်။ ဒါပေမဲ့ celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီ ရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။ 


ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...